What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အသင့္ျပင္ဆင္ေပးျခင္း

Zaw+Uni အ၀တ္အစားတစ္ထည္ျဖစ္လာဖုိ႔ အပုိင္းအစေတြ ဆက္စပ္ၿပီး ခ်ဳပ္ေပးရတယ္။

ဆက္စပ္ခ်ဳပ္မယ့္ အပုိင္းေတြမွာ သီးျခားခြဲၿပီး ခ်ဳပ္ေပးရတဲ့ အပုိင္းေတြကုိ ႀကိဳခ်ဳပ္ၿပီး ၿပီးစီးေအာင္ လုပ္ၾကရတယ္။ လက္ရွည္အက်ႌ လက္အနားေခါက္၊ ေကာ္လာ၊ အက်ႌလက္ စတာေတြကုိ အသင့္ခ်ဳပ္ထားၾကတယ္။ တန္းစီၿပီး ခ်ဳပ္ၾကတဲ့ လုိင္းမွာ ခ်ဳပ္ၾကတဲ့အခါ အဲဒီအပုိင္းေတြကုိ တြဲခ်ဳပ္ေပးလုိက္ၾကတယ္။ အေပါက္နဲ႔ ၾကယ္သီး ေနရာမလြဲေအာင္ ၾကယ္သီးေပါက္ ေဖာက္မယ့္အျခမ္းမွာ ၾကယ္သီးေပါက္ အရာေပးတာ၊ ၾကယ္သီးတပ္မယ့္ေနရာ အရာေပးတာေတြကုိလည္း လုပ္ၾကရတယ္။ ခ်ဳပ္တဲ့သူေတြက ခ်ဳပ္တာကုိပဲ စူးစုိက္ၿပီး ျမန္ႏုိင္သမွ် ျမန္ျမန္ ေသေသသပ္သပ္ျဖင့္ စက္ကုိ သုံးၿပီး ခ်ဳပ္သြားၾကတယ္။ စကပ္ဆုိ္ရင္လည္း ဇစ္ခြဲမယ့္ေနရာ အမွတ္အသား လုပ္ေပးတယ္။

 

sewing machine button sewing

 

အဲဒီလုိ လုပ္ေပးထားေတာ့ ခ်ဳပ္တဲ့သူက ေနရာအတိအက်ျဖင့္ ခ်ဳပ္လုိ႔ ရသြားတယ္။ အက်ႌမွာ အိတ္ေထာင္ခ်ဳပ္မယ္ဆုိရင္လည္း

အိတ္ေထာင္အပုိင္းအစရဲ႕ အနားေတြကုိ ေခါက္ေပးၿပီး ဖိေပးထားတယ္။

အဲဒီလုိ အသင့္လုပ္ေပးထားတဲ့ အပုိင္းအစကုိယူၿပီး ရွပ္အက်ႌရင္ဘတ္မွာ တြဲခ်ဳပ္ေပးလုိက္တယ္။
အခုလုိ ခ်ဳပ္ရန္အသင့္ ျဖစ္ေနေအာင္ လုပ္ေပးထားမွာ ၾကယ္သီးတပ္စက္၊ ၾကယ္သီးေပါက္ေဖာက္စက္ စတဲ့ စက္ေတြသုံးၿပီး ျမန္ဆန္တိက်ေအာင္ လုပ္ကုိင္ဖုိ႔ အဆင္ေျပမွာ ျဖစ္ပါတယ္။

ဗဟုသုတ ဖတ္႐ႈရန္လင့္ခ္မ်ား

Garment sample ခ်ဳပ္ထည္ နမူနာ


ခ်ဳပ္ထည္ေတြ ထုတ္လုပ္တဲ့ စနစ္အမ်ဳိးမ်ဳိး


 

Uni

အသင့်ပြင်ဆင်ပေးခြင်း preparatory section

=========================
အဝတ်အစားတစ်ထည်ဖြစ်လာဖို့ အပိုင်းအစတွေ ဆက်စပ်ပြီး ချုပ်ပေးရတယ်။ ဆက်စပ်ချုပ်မယ့် အပိုင်းတွေမှာ သီးခြားခွဲပြီး ချုပ်ပေးရတဲ့ အပိုင်းတွေကို ကြိုချုပ်ပြီး ပြီးစီးအောင် လုပ်ကြရတယ်။ လက်ရှည်အင်္ကျီ လက်အနားခေါက်၊ ကော်လာ၊ အင်္ကျီလက် စတာတွေကို အသင့်ချုပ်ထားကြတယ်။ တန်းစီပြီး ချုပ်ကြတဲ့ လိုင်းမှာ ချုပ်ကြတဲ့အခါ အဲဒီအပိုင်းတွေကို တွဲချုပ်ပေးလိုက်ကြတယ်။

sewing machine button sewing

အပေါက်နဲ့ ကြယ်သီး နေရာမလွဲအောင် ကြယ်သီးပေါက် ဖောက်မယ့်အခြမ်းမှာ ကြယ်သီးပေါက် အရာပေးတာ၊ ကြယ်သီးတပ်မယ့်နေရာ အရာပေးတာတွေကိုလည်း လုပ်ကြရတယ်။ ချုပ်တဲ့သူတွေက ချုပ်တာကိုပဲ စူးစိုက်ပြီး မြန်နိုင်သမျှ မြန်မြန် သေသေသပ်သပ်ဖြင့် စက်ကို သုံးပြီး ချုပ်သွားကြတယ်။ စကပ်ဆို်ရင်လည်း ဇစ်ခွဲမယ့်နေရာ အမှတ်အသား လုပ်ပေးတယ်။ အဲဒီလို လုပ်ပေးထားတော့ ချုပ်တဲ့သူက နေရာအတိအကျဖြင့် ချုပ်လို့ ရသွားတယ်။ အင်္ကျီမှာ အိတ်ထောင်ချုပ်မယ်ဆိုရင်လည်း အိတ်ထောင်အပိုင်းအစရဲ့ အနားတွေကို ခေါက်ပေးပြီး ဖိပေးထားတယ်။ အဲဒီလို အသင့်လုပ်ပေးထားတဲ့ အပိုင်းအစကိုယူပြီး ရှပ်အင်္ကျီရင်ဘတ်မှာ တွဲချုပ်ပေးလိုက်တယ်။
အခုလို ချုပ်ရန်အသင့် ဖြစ်နေအောင် လုပ်ပေးထားမှာ ကြယ်သီးတပ်စက်၊ ကြယ်သီးပေါက်ဖောက်စက် စတဲ့ စက်တွေသုံးပြီး မြန်ဆန်တိကျအောင် လုပ်ကိုင်ဖို့ အဆင်ပြေမှာ ဖြစ်ပါတယ်။

ဗဟုသုတ ဖတ်ရှုရန်လင့်ခ်များ
Garment sampleချုပ်ထည် နမူနာ

ချုပ်ထည်တွေ ထုတ်လုပ်တဲ့ စနစ်အမျိုးမျိုး

Read 1466 times
Rate this item
(0 votes)