What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ချည်ထည်လေးတွေရဲ့ လူသိပ်မသိတဲ့ အားနည်းချက် (၆) ချက်

ချည်ထည်လေးတွေရဲ့ လူသိပ်မသိတဲ့ အားနည်းချက် (၆) ချက် google

ချည်ထည် အင်္ကျီလေးတွေက ဝတ်ဆင်လို့ အဆင်ပြေတယ် အေးတယ် ဆိုပေမယ့် သူ့မှာလဲ လူသိပ်မသိတဲ့ အားနည်းချက်လေးတွေ ရှိနေပါတယ်။

အဲ့ဒီ အားနည်းချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

Cotton အကျီဝယ်တဲ့အခါ ကိုယ့်ကိုယ်တိုင်းနဲ့ ကွက်တိမဟုတ်ဘဲ နည်းနည်းလေးပွတာကိုရွေးဝယ်ပေးပါ။ ဒါမှ ချည်ထည်ရဲ့ အနှစ်သာရဖြစ်တဲ့ သက်တောင့်သက်သာမှု ပေးပြီး လျှော်ပြီးတဲ့အခါမှာလည်း အနေတော်လေး ပြန်ဖြစ်သွားပါတယ်။

Read:ဇော်ဝင်းထွဋ်ရဲ့ သမီး ချံချံက Sai Sai Birthday Show အတွက် ဝတ်စုံ ၁၀၀ ဖန်တီးချုပ်လုပ်ပေးခဲ့

(2) ကြေတွန့်ခြင်း
မီးပူတိုက်တာတော့ cotton မှမဟုတ်ဘူး။ ဘာဝတ်ဝတ်တိုက်ပြီးမှ ဝတ်ဖို့ပဲအားပေးပါတယ်ရှင်... ဘာဝတ်ဝတ်စမတ်ကျဖို့တော့လိုပါတယ်။

(3) ဆွေးမြေ့ခြင်း
Cotton စစ်စစ်တွေဟာ သဘာဝအပင်ကရတဲ့ natural fiber တွေဟာ plastic sythetic fiberတွေထက် ပိုအားနည်းလို့ မြန်မြန် ဟောင်းလွယ်ဆွေးလွယ်တယ်။ Cotton ဟာ shortened fiber ဖြစ်လို့ ဖုထစ်ပြတ်ရာလေးတွေလည်းဖြစ်တတ်ပါသေးတယ်။

(4) လျှော်ဖွတ်ခြင်း - ဒီမှာတော့ လျှော်လိုက်ရင် ပုံပျက်တတ်တယ်လို့ပြောကြတယ်။ ဒါပေမယ့် နည်းစနစ်လေးမှန်မှန် လျှော်ရင်တော့ မြန်မြန်ကြီးဟောင်းသွားတာထက်စာရင် ပိုကြာရှည်ခံမှာပါ။
အဝတ်လျှော်စက်ထဲ သတ်မှတ်ထားတဲ့အပူချိန်နဲ့မဟုတ်ဘဲ အကြမ်းပတမ်းလျှော်ရင်တော့ ချည်ထည်မှမဟုတ် တခြားအကျီတွေလည်း ပိုပြီး ဟောင်းလွယ်စုတ်လွယ် တတ်ပါတယ်။အဓိကကတော့ အလွန်အကျွံ အကြမ်း မလျှော်မိဖို့ပါပဲ။

(5) အရောင်လွင့်ခြင်း - များများလျှော်ဖွတ်လေလေ အရောင်ကျလေလေဖြစ်ပါတယ်။ ဟောင်းလွယ်ပြီး အဲလိုပုံပေါက်နေတာကိုက သူ့သဘာဝအတိုင်းဖြစ်နေတာပါ။cotton ထက်စာရင် Bamboo, Silk တို့က ပြောင်ပြောင်လေးနဲ့ Luxury ရုပ်ပိုထွက်ပါတယ်။ ဒါပေမယ့် ပိုအေးတာကတော့ cotton ပါ။ သတိထားရမှာကတော့ နေပူထဲတိုက်ရိုက်နေရောင်ထဲ မထားဖို့ပါပဲ။
ကြာကြာနေလှန်းလေ အရောင်ပိုလွင့်လေဖြစ်ပါတယ်။

(6) ဒီဇိုင်းဂွမ်းတယ်
အကျီမှာ Design ease နဲ့ Wearing ease ၂မျိုးရှိပါတယ်။ ချည်ထည်ဆိုတာ ဆွဲသားမဟုတ်တော့ သိပ်fitဖြစ်တာတွေ design အများကြီးအသားပေးလို့မရပါဘူး။ ချည်ကို comfortအတွက် အဓိကဝတ်တာဆိုတော့ အကြပ်ကြီးတွေအသားပေးဝတ်တာမျိုးရှောင်ပါတယ်။

ဒါပေမယ့် ပွပွလေးနဲ့ဒီဇိုင်းလှလှလေးလည်းဖြစ်အောင် စဉ်းစားဖန်တီးကြည့်ရမှာပဲလေ။

source: amara khit

Myanmar Textile and Garment Directory

Read 4234 times
Rate this item
(0 votes)
Tagged under