What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လစာတိုးဖို့အတွက် Fashion Tips

လုပ်ငန်းခွင်နဲ့လိုက်ဖက်တဲ့ အဝတ်အစားအပြင်အဆင်ကလည်း ရာထူးတိုးဖို့ လခတိုးဖို့အတွက် အချက်တစ်ခုအနေနဲ့ပါဝင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်တဲ့နော်။

ကြော်ငြာကုမ္ပဏီတွေလိုမျိုး Creative ကုမ္ပဏီတွေမှာတော့ အကြီးအကဲတွေကိုယ်တိုင်က ပေါ့ပါးလွတ်လပ်တဲ့အဝတ်အစားတွေ ဝတ်ကြပေမယ့် ဥရောပနိုင်ငံတွေမှာတော့ ရာထူးအလိုက်စမတ်ကျကျဝတ်စားကြရပါတယ်။ အဝတ်အစားအပြင်အဆင်ကိုပြောင်းလဲပြီး ကိုယ့်စွမ်းဆောင်ရည်ကိုတိုးမြှင့်ဖို့ လစာတိုးဖို့ဆိုရင်တော့ ဒီအချက် ၅ ချက်ကို သိထားရပါမယ်နော်။

အဝတ်အစား နဲ့ စိတ်
Social Psychology ရဲ့လေ့လာချက်တွေအရ ရိုးရိုးအကျီဝတ်ထားတဲ့ ကျောင်းသားတွေနဲ့ ကုတ်အကျီအဖြူဝတ်တဲ့ ကျောင်းသားတွေကို ခွဲခြားပြီး စမ်းသပ်စစ်ဆေးမှုတွေလုပ်တဲ့အခါ ကုတ်အဖြူဝတ်တဲ့ ကျောင်းသားတွေကို စိတ်ကူးဥာဏ်ပိုကွန့်မြူးနိုင်ကြတယ်လို့ တွေ့ရပါသတဲ့။ ဒါကြောင့် ရုံးမှာတီရှပ်နဲ့ ဂျင်းဝတ်တာခွင့်ပြုတယ်ဆိုရင်တောင် နည်းနည်းလောက် စမတ်ကျကျဝတ်စားကြည့်ပါ။ ကိုယ့်စိတ်ကပါပြောင်းလဲလာပြီး အလုပ်အပေါ်ပိုအာရုံစိုက်လာနိုင်ပါမယ်။ တာဝန်ယူချင်စိတ်တွေ ပိုရှိလာနိုင်ပါတယ်။

Personal Brand ရှိပါစေ
Mark Zuckerberg ၊ Steve Jobs ၊ Barack Obama တို့ကိုကြည့်ပါ။ သူတို့ဟာ သူတို့စိတ်ကြိုက်အဝတ်အထည်ကို ဝတ်ဆင်ရင်း ကိုယ့် Brand ကိုယ်တည်ဆောက်သွားကြပါတယ်။ သင့်အနေနဲ့လည်းကိုယ်နဲ့လိုက်ဖက်တဲ့စတိုင်လ်ကို ရွေးချယ်စုဆောင်းထားဖို့လိုပါတယ်။ မနက်ရုံးသွားချိန်ရောက်တိုင်း ဘာဝတ်ရမလဲ စဉ်းစားရတာက သင့်ကို Decision Fatigue ဖြစ်စေပါတယ်။ အချိန်လည်းကုန်သလို စိတ်လည်းပင်ပန်းစေပါတယ်။

အမြင်တင့်တယ်ဖို့
လူတွေက ကိုယ်ဘာလဲဆိုတာ မသိသေးခင် ကိုယ့်အပြင်အဆင်ကို အရင်မြင်ရတာပါ။ First Impression ကအရေးကြီးတယ်ဆိုတဲ့အချက်ကို ထာဝရလက်ခံနေရမှာပါပဲ။ ကိုယ်လုပ်ရတဲ့ အလုပ်နဲ့ အလိုက်ဖက်ဆုံး ဝတ်စားပြင်ဆင်ပုံကို နေ့ရက်တိုင်းအတွက် ဂရုစိုက်နေရမှာပါ။ အလုပ်လာအပ်သူက ကိုယ့်စတိုင်လ်ကို သဘောကျသွားလို့ အလုပ်တွေအဆင်ပြေတယ်ဆိုရင် ကုမ္ပဏီကလည်း လခတွေတိုးပေးလာမှာ အသေအချာပဲပေါ့။

အနက်ရဲ့အစွမ်း
လူ ၁၀၀၀ ကျော်ကို စစ်တမ်းကောက်မေးမြန်းကြည့်ရာမှာ အနက်ရောင်ဝတ်ထားရင် ပိုပြီးတော့ ယုံကြည်မှုရှိတယ် ဥာဏ်ကောင်းတယ်လို့ ခံစားကြရပါတယ်တဲ့။ လူအများရဲ့ အမြင်မှာလည်း အနက်ရောင်ဝတ်ဆင်ထားတဲ့သူတွေက ဥာဏ်ပိုကောင်းတယ်လို့ ထင်မြင်ရတယ်လို့ဆိုပါတယ်။ ကုမ္ပဏီကြီးတွေရဲ့ အကြီးအကဲတော်တော်များများက အနက်ရောင် ရှပ်အကျီ အနက်ရောင်ကုတ်တွေကိုပိုပြီး ဝတ်ဆင်ကြပါတယ်။

Branded ပစ္စည်းရှိပါစေ
တစ်ကိုယ်လုံးဈေးကြီးတဲ့ Branded ပစ္စည်းတွေချည်းဆင်မြန်းထားဖို့ မလိုပါဘူး။ တော်ကြာလခနဲ့ မလောက် အကြွေးပတ်လည်ဝိုင်းနေပါဦးမယ်။ သင်ရဲ့အိတ်ပဲဖြစ်ဖြစ် နာရီပဲဖြစ်ဖြစ် Branded ပစ္စည်းလေးတစ်ခုကို ကိုယ်ပေါ်မှာ ဆင်မြန်းထားမယ်ဆိုရင် ပိုခမ်းနားသွားစေမှာပါ။ သာမန်ပဲသပ်သပ်ရပ်ရပ် ဖြစ်ရုံဝတ်ဆင်ထားပေမယ့် လယ်သာအိတ်တစ်လုံးက သင့်အလှကိုပိုတောက်ပသွားစေတာမျိုးပေါ့။ ဒါကြောင့် Branded ပစ္စည်းတစ်ခုခုဆင်မြန်းဖို့ ငွေကြေးသုံးလိုက်တာက သင့်အပြစ်မဟုတ်ပါဘူးနော်။

source:akhayar

Read 1054 times
Rate this item
(0 votes)