What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင် နည်းပေးလမ်းပြ ( ၁ မှ ၃ ) 101 fashion guide 1 to 3

ဖက်ရှင်အတွက် အကြံပေးချက်တွေလို့ ဆိုပေမဲ့ ဘယ်လို စတိုင်လ်ထုတ်ရမလဲ။ ဘယ်လို ဖက်ရှင်ကျအောင် ၀တ်စားဆင်ယင်ရမလဲဆိုတာကို ပြောပြမှာ မဟုတ်ဘူး။ အ၀တ်အစားနဲ့ ပတ်သက်တဲ့ ဗဟုသုတ တသီတတန်းကို အပိုင်းပိုင်းခွဲပြီး ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

အများအတွက် ဦးတည်ပြီး ရေးထားတာဆိုတော့ စာဖတ်သူအတွက် အသုံးတည့်တာတွေ ပါသလို အသုံးမတည့်တာတွေလည်း ပါမယ်။ အခုအခါမှာ အသုံးမတည့်ပေမဲ့ နောင်တစ်ချိန်မှာ သိဖို့လိုအပ်တာ ကြုံချင်ကြုံရမယ်။ သိပြီးသားတွေလည်း ပါချင်ပါမယ်။ အမှတ်မှားပြီး အမှားမှတ်ထားမိတာတွေကို အမှန်အတိုင်း ဂဃနဏ သိသွားတာလည်း ပါချင်ပါမယ်။ ဘာပဲဖြစ်ဖြစ် သိထားမမှားဘူးဆိုတာတွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။ ကဲ စလိုက်ကြရအောင်

၁၀၁ ဖက်ရှင် နည်းပေးလမ်းပြ ( ၁ မှ ၃ )
101 fashion guide 1 to 3

*********************

 


၁။ ကိုယ်ခန္ဓာအချိုးအစား ပေါ်လွင်စေချင်လို့ အတိအကျပ်ဖြစ်တဲ့ အ၀တ်အထည်မျိုးကို ၀ယ်တဲ့အခါ ကိုယ့်ရဲ့ အကွေးအကောက်တွေ ထွေးပိုက်ထားပေးမဲ့ အထည်သားမှာ Lycra spandex ချည် ရာခိုင်နှုန်းတစ်ခုအထိ ပါဖို့ လိုတယ်။ အ၀တ်အစားမှာ ချုပ်တွဲပေးထားတဲ့လေဘယ်မှာ ကြည့်လိုက်ပါ။

တီရှပ်ဆိုရင် 95% cotton နဲ့ 5% Lycra spandex
ဂျင်းဆိုရင် Lycra spandex က အနည်းဆုံး 2% တော့ ပါရမယ်။
ဂျင်းအကျပ် tight jean ကို ၀ယ်ရင် ဒီအချက်က ပိုအရေးပါတယ်။

 

01 95 cotton 5 spandex label

Lycra ဆိုတာက ဓာတုပစ္စည်း ကုမ္ပဏီ DuPont Company ရဲ့ brand name ပါ။ နိုင်လွန်ချည်တုတစ်မျိုးဖြစ်ပြီး spandex သို့မဟုတ် elastane လို့လည်း ခေါ်ဝေါ်ကြတယ်။
အဲဒီချည်က ဘာကောင်းတာလဲဆိုတော့ အထည်သားရက်တဲ့အခါ ရောစပ်ထည့်ပေးထားရင် အထည်ကို အ၀တ်အစားချုပ်ပြီးလို့ ၀တ်လိုက်တဲ့အခါ တင်းတင်းကျပ်ကျပ် ဖြစ်လွန်းနေရင် အဲဒီချည်မျှင်တွေက ဆန့်ထွက်ပေးတယ်။ ဒီတော့ ကိုယ်ခန္ဓာရဲ့ အကွေးအကောက်တွေကို အလိုက်သင့်လေး ပတ်ထုပ်ပေးထားတဲ့အတိုင်း ဖြစ်နေစေတယ်။ fitting အံကိုက်ဖြစ်တာမှာ ကိုယ်ခန္ဓာ ပုံပန်းသဏ္ဌာန် body shape ကို ဖော်ပြပေးနိုင်နေစေတယ်။ အ၀တ်အစားကြောင့် ကိုယ့်ရဲ့ ကိုယ်ခန္ဓာအလှ ပုံမပျက်ကြတော့ဘူး။

၂။ အ၀တ်အစားမှာ ၀ိုင်အနီ ပေကျံစွန်းထင်းရင် ၀ိုင်အဖြူနဲ့ ဖယ်ရှားပေးလိုက်ပါ။

ဝိုင်နီနဲ့ ၀ိုင်ဖြူ အဓိက ကွာခြားတာက ၀ိုင်ကို ကဇော်ဖောက်တဲ့အခါ ၀ိုင်နီမှာ စပျစ်ခွံနဲ့ အစေ့ပါ ထည့်ဖောက်လို့ အဲဒါတွေရဲ့ အရောင်တွေ ပါလာတယ်။ ၀ိုင်ဖြူမှာ အခွံနဲ့ အစေ့ဖယ်ရှားပစ်ပြီးမှ ကဇော်ဖောက်လို့ အရောင်တွေ ပါမလာတော့ဘူး။ ဓာတ်တူနာမ်တူ ၀ိုင်ကို ၀ိုင်နဲ့ ဖယ်ရှားပေးတာ အကောင်းဆုံးနည်းလမ်း တစ်ခုပါပဲ။

02 red wine vs white wine fermenting

၃။ အထည်သားကို အ၀တ်အစားချုပ်ဖို့ အပ်နှံမယ်ဆိုရင် ရေအရင်လျှော်ပါ။ တစ်ရေလောက်လျှော်ရုံဖြင့် မလုံလောက်ဘူး။ နှစ်ရေတော့အနည်းဆုံးလျှော်ပါ။ အခြောက်လှမ်းပါ။ မီးပူတိုက်ပါ။ နှစ်ကြိမ်လုပ်မှ သေချာမယ်။ ဂျင်းအထည်သားလို ရေလျှော်ရင် ရုန်းတတ်တဲ့သဘော ရှိတော့ ချုပ်ပြီးမှ ရေလျှော်ရင် ကိုယ်တိုင်းအတိုင်း ပြန်မရနိုင်ဘူး။ တချို့အထည်သားတွေက ရေလျှောက်လိုက်ရင် အလျားအနံ ပြောင်းသွားတတ်တာတွေ ရှိတယ်။
နောက်ထပ် ပြဿနာတစ်ခုက တချို့အထည်သားတွေ ဆေးဆိုးပန်းရိုက်လုပ်ထားတာ အရောင်ကျွတ်တတ်တယ်။
အထည်စ အသစ်ကို ရေလျှော်ပြီးသား ဖြစ်အောင် လုပ်ပစ်ရလို့ နှမြောစရာ ဖြစ်နေပေမဲ့ ချုပ်ပြီးလို့ အ၀တ်အစားဖြစ်တော့မှ အခုလို ပြဿနာတွေ ကြုံရရင် စိတ်ထဲ တနုံ့နုံ့ ဖြစ်နေမယ်ဆိုတာ စဉ်းစားကြည့်လိုက်ပါ။ ဒီတော့ တစ်ရေနဲ့ တစ်ရေကို နှစ်ရက်သုံးရက် ခြားပြီး နှစ်ရေလျှော်ပါ။

ကျန်းမာရွှင်လန်းပါစေ
textiledirectory.com.mm

Read 1168 times
Rate this item
(0 votes)