What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပါတီပွဲ သွားတဲ့အခါ ရှောင်ရှားသင့်တဲ့ ဖက်ရှင်တွေ

တစ်ခါတလေမှာ ဖက်ရှင်ကျအောင် ဝတ်စားဆင်မြန်းပါသော်လည်း ခြွင်းချက်အနည်းငယ်တော့ ရှိတတ်ကြပါတယ်။ အချို့သောကုမ္ပဏီတွေ ပါတီပွဲကျင်းပတဲ့ အခါ ပါတီနဲ့ ကိုက်ညီတဲ့ ဝတ်စားဆင်ယင်မှုကို သတ်မှတ်ထားသင့်တယ်။

လုပ်ဖော်ကိုင်ဖက် အပေါင်းအသင်းတွေရဲ့ ပါတီပွဲသွားတဲ့အခါမှာ သင်လိုက်နာသင့်တဲ့ အချို့စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ ဒါကြောင့်ပါတီပွဲတစ်ခုကို သွားတဲ့အခါ ဘယ်လိုအရာတွေကို ရှောင်ကြဉ်သင့်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။

၁။ ဖဲသားဂါဝန်ရှည်

Maxi length gala dress min
ရှည်လျားပြီး ဖဲသားနဲ့ပြုလုပ်ထားတဲ့ ဂါဝန်ရှည်တွေဟာ အနုပညာရှင်တွေအတွက် ပွဲအခမ်းအနားတွေမှာ ဆင်မြန်းဖို့ အကောင်းဆုံးဆိုပင်မဲ့ သင့်အတွက်တော့ အကောင်းဆုံးရွေးချယ်မှု မဟုတ်ပါဘူး။ ပါတီပွဲတွေမှာ ကခုန်တဲ့အခါ ဒီလို dress တွေက အဆင်မပြေပါဘူး။ အဲ့ဒီအစား mini သို့ midi dress မျိုးကို ရွေးချယ်သင့်ပါတယ်။

၂။ အနက်ရောင်တွေချည်းပဲ ဝတ်ဆင်ခြင်း

Total black min
တခြား အရောင်တွေထဲမှာမှ အနက်ရောင် outfit ကို ရွေးချယ်ခြင်းဟာ အကောင်းဆုံးစိတ်ကူး မဟုတ်ပါဘူး။ တကယ်လို့ သင်ရွေးချယ်ခဲ့မယ်ဆိုရင် အခြား accessories များကိုလည်း အနက်ရောင်တစ်မျိုးချည်းပဲ မသုံးပါနဲ့။ မတူကွဲပြားတဲ့ အရောင်တွေကို ရွေးချယ်ပေးပါ။

မင်္ဂလာပွဲသွားတဲ့အခါ မဝတ်ဆင်တဲ့ ဖက်ရှင်များ

၃။ အရည်အသွေးမကောင်းတဲ့ အဝတ်အစား

Low quality fabric min
ကွာလတီ မကောင်းတဲ့ အဝတ်အစားကို ဝတ်မယ်ဆိုရင် လူအများအာရုံထဲမှာ ဈေးပေါတယ်လို့ ထင်စေနိုင်တယ်။ မကြာခဏဆိုသလို လူအများစုဟာ dress နှင့် ဘလောက်စ် တွေကို အရည်အသွေးညံ့တာတွေ ရွေးချယ်ခြင်းကြောင့် သင့်ရဲ့ပုံပန်းသဏ္ဍန်ကိုကြည့်ပြီး ဆွဲဆောင်မှု ရှိစေမှာ မဟုတ်ဘူး။ အခမ်းအနားပွဲတွေနဲ့ ကိုက်ညီမှုရှိမယ့် အရည်အသွေးကောင်းတဲ့ အရာတွေကိုပဲ ရွေးချယ်စေချင်ပါတယ်။ ပေါ်လွင်ထင်ရှားစေချင်တယ်ဆိုရင်တော့ ဈေးပေါတဲ့ အဝတ်အစားတွေ မလိုအပ်ပါဘူး။ ကတ္တီပါနဲ့ ပြုလုပ်ထားတဲ့အရာတစ်ခုခုကို ဝတ်ဆင်နိုင်ပါတယ်။

၎။ အမှန်တကယ် ခန္ဓာကိုယ်ပေါ်လွင်စေမယ့် အဝတ်အစား

Really tight dress min
အလွန်တင်းကျပ်တဲ့ dress တွေဝတ်ဆင်ခြင်းဟာ ကြည့်ရဆိုးပါတယ်။ သင်ဖုံးကွယ်ထားချင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်း မီးမောင်းထိုးပြ ပါလိမ့်မယ်။ သင့်ရဲ့ခန္ဓာကိုယ်အလှကို ပေါ်လွင်စေဖို့ ဆင်မြန်းနိုင်တဲ့ outfit အမျိုးမျိုးရှိပါတယ်။ တင်းကျပ်တဲ့ အဝတ်အစားတွေ ဝတ်ဆင်မယ်ဆိုလျှင် အသားထူပြီး အရည်အသွေးကောင်းတာကိုပဲ ရွေးချယ်ပါ။

၅။ အမွေးပွအင်္ကျီ ၊ သားမွေးအင်္ကျီတွေကို အလွန်အကျွံ မဝတ်ဆင်ပါနဲ့

Too much fur feathers and boa min
ဒီလို အဝတ်အစားတွေကို ဆင်မြန်းခြင်းဟာ တခြားနေရာတွေမှာ ပိုပြီး သင့်လျော်ပါတယ်။ အမွေးပွ အဝတ်အထည်တွေက ပါတီပွဲတွေမှာ ဝတ်ဆင်သင့်တဲ့ အမျိုးအစား မဟုတ်ပါဘူး။ တကယ်လို့ သင်ဝတ်ဆင်ချင်တယ်ဆိုရင်တော့ အမွေးပွတွေနဲ့ပြုလုပ်ထားတဲ့ နားဆွဲ၊ လက်ကိုင်အိတ်တွေကို အသုံးပြုနိုင်ပါတယ်။

၆။ သက်တောင့်သက်သာမရှိတဲ့ outfit

An uncomfortable outfit min
သက်သောင့်သက်သာမရှိတဲ့ အင်္ကျီ (သို့) စကပ်တွေကို မရွေးချယ်သင့်ပါဘူး။ အကယ်၍ သင်သွားမယ့် ပါတီပွဲက ဖျော်ဖြေပွဲ၊ ကပွဲတွေပါတယ်ဆိုရင် သင်ရွေးချယ်မယ့် Outfit ကို ကြိုတင် စဉ်းစားထားသင့်တယ်။ အဝတ်အစားက သက်တောင့်သက်သာ ရှိသော်လည်း အရောင်၊ ပုံသဏ္ဍန် နှင့် နေရာကာလကို ကြည့်ပြီး သင့်လျော်တာကို ရွေးချယ်ပေးပါ။

၇။ ညအိပ်ဝတ်စုံ (သို့) အားကစားဝတ်စုံ

Pyjamas or sportswear min
ညအိပ်ဝတ်စုံနှင့် အားကစားဝတ်စုံတွေ ဝတ်ဆင်ရတာဟာ အလွန်သက်တောင့်သက်သာရှိလှပါတယ်။ ဘောင်းဘီပွ၊ ဆွယ်တာ၊ ရှပ်အင်္ကျီတွေကို ပျော့ပျောင်းတဲ့ အသားနှင့်ပြုလုပ်ထားတာကြောင့် ဝတ်ဆင်ရန် အလွန်ကောင်းပါတယ်။ သို့ပေမဲ့ ဒီလို အဝတ်အစားတွေ ဘယ်လောက်ပဲ လူကြိုက်များနေပါစေ ပါတီပွဲအင်္ဂါရပ်နဲ့တော့ လုံးဝကိုက်ညီမှု မရှိပါဘူး။ သင့်ကို ကြော့ရှင်းလှပစေမယ့် အခြားရွေးချယ်စရာ overall dress တွေ ရှိပါတယ်။ သင့်ကိုစမတ်ကျစေမှာပါ။

၈။ မသင့်လျော်သော ဖိနပ်များ

Inappropriate shoes min
စတိုင်ကျစေဖို့ ပါတီပွဲအတွက် အကောင်းဆုံးရွေးချယ်မှုဟာ ရှုး (သို့) ဘွတ်ဖိနပ်တွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆောင်းရာသီမှာ ဝတ်ဆင်တဲ့ ဘွတ်ဖိနပ်မျိုးကို မရွေးချယ်သင့်ဘူး။ ပွဲတတ်ဝတ်စုံနှင့် ဘွတ်ဖိနပ်အမြင့်က လိုက်ဖက်မှုမရှိပဲ mini dress နှင့် ဘွတ်ဖိနပ်အမြင့်ကို ဝတ်ဆင်ခြင်းက ကောင်းမွန်တဲ့ ပေါင်းစပ်ခြင်းပါပဲ။ အရေးပါဆုံးအရာကတော့ mini dress ဟာ အရမ်းတိုတာကြီး မဖြစ်သင့်ပါဘူးနော်။

 

Author:TDA

Read 5482 times
Rate this item
(1 Vote)