What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မိန်းကလေးတွေ သဘောကျကြိုက်နှစ်သက်မဲ့ ကောင်လေးတွေရဲ့ဖက်ရှင်(၈)မျိုး

မိန်းကလေးတွေ သဘောကျကြိုက်နှစ်သက်မဲ့ ကောင်လေးတွေရဲ့ဖက်ရှင်(၈)မျိုး google


ဒီတစ်ခါမှာတော့ မိန်းကလေးဖက်ရှင်အကြောင်းမဟုတ်ဘဲ အမျိုးသားတွေအတွက် အသုံးဝင်မဲ့ ဖက်ရှင်အကြောင်းကို ပြောပြပေးချင်ပါတယ်။

ကိုယ်ကြိုက်နှစ်သက်တဲ့ မိန်းကလေးက ကိုယ်ကို သဘောကျစေလာနိုင်တဲ့ အမျိုးသားဖက်ရှင်(၈)မျိုးကိုပြောပြပေးချင်ပါတယ်။

 

၁။ ဖိနပ်အကောင်းဆုံး တစ်စုံ

ဖိနပ်အကောင်းဆုံး တစ်ရံကတော့ လူတစ်ယောက်မှာ မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ မိန်းကလေးတိုင်းက ဖိနပ်တွေက သပ်သပ်ရပ်ရပ်ဖြစ်ပြီး ဝတ်စုံနဲ့ကိုက်ညီမှုရှိတာကို သဘောကျကြပါတယ်။

အမျိုးသားတစ်ယောက်မှာ ရှုးဖိနပ်ဖြစ်ဖြစ်၊ ကတ္တီပါဖိနပ်ဖြစ်ဖြစ် သပ်သပ်ရပ်ရပ်နဲ့ သန့်ရှင်းမှုရှိမရှိကို အမျိုးသမီးတိုင်းက အာရုံစိုက်ကြတယ်လို့ဆိုပါတယ်။

menshoes


၂။ Henley ရှပ်

ဒီရှပ်အကျီ င်္က ဟောလိဝုဒ်စတားတွေနဲ့ ကျော်ကြားတဲ့ အားကစားသမားတွေ အနှစ်သက်ဆုံး အဝတ်အစားဖြစ်ပါတယ်။ ဒီအင်္ကျီက အမျိုးသားတွေအတွက် ဆွဲဆောင်မှုရှိလို့ အမျိုးသမီးများ နှစ်သက်ကြတယ်လို့ဆိုပါတယ်။

haleyshirt

 

 

၃။ အဖြူရောင် ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီ

ဂျင်းဘောင်းဘီနှင့် အဖြူရောင်ရှပ်အင်္ကျီက ဘယ်နေရာဝတ်သွားသွား စမတ်ကျပါတယ်။ ဒီစတိုင်က အမျိုးသားတွေကို ပိုပြီး ဆွဲဆောင်မှု ရှိစေပါတယ်။

whiteshirtandjean

 


၎။ Vလည်ပင်းပုံ အင်္ကျီ

အမျိုးသမီးများက Vလည်ပင်းပုံအင်္ကျီဝတ်ထားတဲ့ အမျိုးသားများကို နှစ်သက်ကြပါတယ်တဲ့။ ဒီအဝတ်အစားက အမျိုးသားတစ်ယောက် ဝတ်ဆင်တဲ့အခါ သူ့ကိုယ်သူ ဂရုစိုက်တတ်တဲ့သူ၊ ယဉ်ကျေးသိမ်မွေ့သူတစ်ဦးအဖြစ် ထင်မြင်စေပါတယ်။

vshape

 

၅။ ခေါက်တင်ထားတဲ့အကျီ င်္လက်

အင်္ကျီလက်ခေါက်တင်ထားတဲ့ ဖက်ရှင်က ဆွဲဆောင်မှုရှိလို့ အမျိုးသမီးများက နှစ်သက်ကြပါတယ်တဲ့။

hand


၆။ လိုက်ဖက်တဲ့ဝတ်စုံ

အံဝင်ခွင်ကျဖြစ်တဲ့ ဝတ်စုံတစ်စုံက ရိုးရိုးလေးနဲ့ ရှေးမှုမပျက်တဲ့ဝတ်စုံဖြစ်ပါတယ်။ ဒါကဘယ်တော့မှ စတိုင်ထဲက ထွက်မသွားပါဘူး။ ဒီလိုဖက်ရှင်ကျတဲ့ ဝတ်စုံမျိုးကို အမျိုးသမီးများနှစ်သက်ကြပါတယ်။

coverfashion

 


၇။ Accessories တွေ

ဒီလို Accessoriesများက လူကြိုက်များပြီး အမျိုးသားတွေအတွက် Sexy ကျစေလို့ မိန်းကလေးတွေကြိုက်နှစ်သက်တယ်လို့ဆိုပါတယ်။

accessories


၈။ ဦးထုပ်တွေ

မှန်ကန်တဲ့ ဦးထုပ်က အမျိုးသားတွေရဲ့ဘယ်ဝတ်စုံကိုဆို အမှန်တကယ်ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝတ်မယ့်အဝတ်အစားနဲ့ ဦးထုပ်ကို ရွေးချယ်တတ်ဖို့လိုပါတယ်။

hatstyle

 

Source : LifeStyle Myanmar

Myanmar Textile and Garment Directory

အဝတ်အစား ဆိုင်တွေကို သိချင်ရင်တော့

Read 1849 times
Rate this item
(0 votes)
Tagged under