What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အဝတ်အစားသစ် မဝယ်ခင် သိထားသင့်တဲ့ အချက်များ

အဝတ်အစားသစ်ဝယ်တဲ့အခါမှာ ဒီအဝတ်အစားကို ငါဝယ်သင့်ရဲ့လားဆိုတဲ့ အတွေးနဲ့ ပတ်သက်ပြီး လူတိုင်းလိုလို တွေးဖူးကြမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ အဝတ်အစားအသစ် ဝယ်ဖို့ စဉ်းစားရတာလည်း အရေးပါတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ အဝတ်အစားသစ် ဝယ်မဝတ်ခင် ဒီအချက် (၆) ချက်ကို အရင်စဉ်းစားကြည့်ဖို့ အကြံပေးချင်ပါတယ်..။

 

၁။ လူတိုင်း ဝတ်နေကြတဲ့ ဒီဇိုင်းလား

 လူတိုင်း ဝယ်နေကြတဲ့ ဒီဇိုင်းဆိုရင်လည်း ပြန်စဉ်းစားကြည့်ဖို့ လိုပါတယ်။ အားလုံး ဒါမျိုးပဲ ဝတ်နေကြတဲ့အတွက် သင်ဝတ်လိုက်လို့ သိပ်ထူးခြားသွားမှာ မဟုတ်ပါဘူး။ လူဝတ်နည်းတဲ့ ဒီဇိုင်းမျိုးကိုသာ ရှာပါ။

 

၂။ ကိုယ့်မှာရှိတာတွေနဲ့ လိုက်ဖက်ရဲ့လား

 ကိုယ့်မှာရှိပြီးသား ဖြစ်တဲ့အဝတ်တွေနဲ့ လိုက်ပါ့မလား ဆိုတာလည်း စဉ်းစားကြည့်ပါ။ အင်္ကျီဝယ်မယ်ဆိုရင် ရှိပြီးသား ဘောင်းဘီအရောင်၊ ဘောင်းဘီဝယ်မယ်ဆိုရင်တော့ ရှိပြီးသား အင်္ကျီအရောင်နဲ့ တွဲဖက် စဉ်းစားကြည့်ပါ။

 

၃။ ကိုယ့်ခန္ဓာကိုယ် အချိုးအစားနဲ့ လိုက်ရဲ့လား

 ခန္ဓာကိုယ် အချိုးအစားကိုလည်း ထည့်မတွက်လို့ မရပါဘူး။ သင့်ခန္ဓာကိုယ်က အနည်းငယ် ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်နေရင် အနက်ရောင် အဝတ်အစားတွေက ပိုသင့်တော်ပါတယ်။ ပခုံးကျယ်တယ်ဆိုရင် ထိပ်ပိုင်းမှာ ကြိုးတွေ ရှုပ်ထွေးနေမယ့် အဝတ်အစားမျိုး ရှောင်ပါ။ ဝတဲ့သူတွေကတော့ အစင်းကျား အဝတ်တွေကို ရှောင်ပါ။

 

၄။ ဆိုဒ် တော်ရဲ့လား

 ဒါအရေးအကြီးဆုံးပါပဲ။ စမ်းဝတ်ကြည့်လို့ မရတဲ့ အရာဆိုရင် ဝယ်ဖို့မစဉ်းစား သင့်ပါဘူး။ ဝယ်လာပြီးမှ ပွနေတာ၊ သေးနေတာ ဖြစ်နေရင် အလကား ပါပဲ။

 

၅။ ဈေးသက်သာရဲ့လား

ဒါလည်း အရေးကြီးပါတယ်။ ဘယ်အရာမဆို မတန်တဆ ဖြစ်ရင် မကောင်းပါဘူး။ ဝယ်လိုက်တဲ့ ပစ္စည်းက ဈေးမများဖို့ လိုပါတယ်။ မဝယ်ခင်မှာ အရင်ဆုံး ဒီပစ္စည်းရှိတဲ့နေရာအနည်းဆုံး သုံးနေရာလောက်ကို လေ့လာပါ။

 

၆။ ဘယ်လောက်ကြာကြာ ဝတ်လို့ရမလဲ

ဘယ်လောက်ကြာကြာ ဝတ်လို့ရမလဲ ဆိုတာလည်း စဉ်းစားကြည့်ပါ။ ဆိုလိုတာက အရောင်တောက်တောက်နဲ့ မှတ်မိလွယ်တဲ့ အဝတ်အစားဆိုရင် သင်တပတ်ကို နှစ်ခါလောက် ပြန်ဝတ်လို့ မသင့်တော်ပါဘူး။ ဒါလည်း ထည့်သွင်းစဉ်းစားရမယ့် အချက်ပါ။

 

Myanmar Textile & Garment Guide

Source : Life

Read 772 times
Rate this item
(0 votes)