What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အတွင်းခံနဲ့ပတ်သက်ပြီး သိထားသင့်သည့်အချက်များ

အတွင်းခံနဲ့ပတ်သက်ပြီး သိထားသင့်သည့်အချက်များ google

မိန်းကလေးတွေအနေနဲ့ အတွင်းခံဆိုတာမရှိမဖြစ်လိုအပ်တဲ့အရာပဲဖြစ်ပါတယ်။

မိန်းကလေးတွေကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့ဆိုတာလည်း မိမိဝတ်ထားတဲ့ အတွင်းခံပေါ်မှာမူတည်နေပါတယ်။

 

ဒါကြောင့် Textile ပရိသတ်ကြီးအတွက် အတွင်းခံနဲ့ ပတ်သက်ပြီးသိထားသင့်တဲ့အချက်များကို မျှဝေပေးလိုက်ပါတယ်နော်။

အတွင်းခံဝတ်ထားရင်းနဲ့လျှောမကျသင့်တာအမှန်ပါပဲ။ Size ကယောင်ယောင်လေးကြိးနေတာကို size အမှန်ထင်ပြီးဝယ်ထားမိတာဖြစ်ဖြစ် ၀တ်တာကြာလိုချောင်သွားတာပဲဖြစ်ဖြစ် သွားရင်းလာရင်းအောက်ကိုလျှောကျလို့ လူကြားထဲဆွဲဆွဲတင်နေရတဲ့ဒုက္ခကင်းအောင် Bra ကြိုးတစ်ဖက်ကိုဖြုတ်ပြီး အောက်ကနေပတ်ပြီးမှ တစ်ဖက်မှာပြန်တပ်တာမျိုးလုပ်ထားလိုက်ရင် ကိုယ်ဘယ်လောက်ခုန်ခုန် Bra ကလျှောကျတာတွေမရှိတော့ပဲ ပုံစံတကျရှိနေမှာပဲဖြစ်ပါတယ်။

Push-up bra အသုံးပြုတဲ့အခါ

ဒီအချက်ကတော်တော်များများ မေ့နေတတ်တဲ့အချက်လေးပဲဖြစ်ပါတယ်။ ဒါလေးကိုသိထားထားမယ်ဆိုရင် ပွဲလမ်းတွေသွားဖို့ပဲဖြစ်ဖြစ် ဓာတ်ပုံလှလှလေးတွေရိုက်တဲ့အခါမှာပဲဖြစ်ဖြစ်အသုံးဝင်မှာပါ။ Push upအချပ်တွေကို အလျားလိုက်ထည့်နေကျအစား ဒေါင်လိုက်ထည့်တဲ့နည်းကို အသုံးပြုလိုက်မယ်ဆိုရင် ရင်သားကိုပိုပြီး သဘာဝကျကျ မို့မောက်စေပါလိမ့်မယ်။

Bra ကြိုးတွေပွန်းရင်

Bra အသစ်စက်စက်လေးတွေဝတ်မိတဲ့အခါ ကြိုးကပခုံးကိုပွန်းလို့ ပခုံးမှာရဲတွတ်ပြီး ကျန်ခဲ့တာတို့မဖြစ်ရလေအောင် ဆိုင်တွေမှာရောင်းတဲ့ Silicon ချပ်လေးတွေကိုဝယ်ပြီး ပခုံး Bra ကြိုးမှာတပ်ထားလိုက်ခြင်းပါပဲ။ ကိုယ်ပွန်းတတ်တဲ့နေရာကိုတော့ သေချာချိန်ပြီး ကပ်ရမှာပါနော်

ကျောပြောင် Dress လေးတွေဝတ်တဲ့အခါ

ညနေခင်း party တွေ၊ ညစာစားပွဲတွေအတွက်ဆိုရင် ကျောပြောင် Dress လေးတွေက အရမ်းကိုလိုက်ဖက်ပြီး လှပနေမှာပဲဖြစ်ပါတယ်။ ကြိုးမပါ၊ ရင်ပြတ်၊ ကျောပြောင် ဂါဝန်လေးတွေဝတ်တဲ့အခါမှာမိန်းကလေးတစ်ယောက်အလှကို မိန်းမူးသွားအောင် ဘယ်လိုအတွင်းခံမျိုးနဲ့ ၀တ်ရမလဲဆိုတာအရေးကြီးဆုံးပါပဲ။ ရင်ခံမပါတဲ့ Dress မျိုးကိုဝတ်ချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင် ရင်ခံတပ်ဝတ်ရမှာပါ။သင့်တော်တဲ့ Bra ကို ဂါဝန်ကို ရင်သားနေရာမှာတွဲချုပ်လိုက်ရင်တော့ လှပမှုတွေကို ပိုင်ဆိုင်လိုက်ရမှာပဲဖြစ်ပါတယ်။

Bra ကြိုးကိုဘယ်လိုညှိမလဲ

နိုင်ငံတကာမှာလက်ခံထားတဲ့ Bra ကြိုးညှိပုံကတော့ ၀တ်ထားတဲ့အချိန်မှာ ကြိုးနဲ့ ပခုံးအကြားမှာ လက်နှစ်ချောင်းကို အလျားလိုက်ပူးပြီး အေးအေးသက်သာထည့်လို့ရခဲ့ရင် ဒါပုံမှန်ဖြစ်သင့်တဲ့ ကြိုးအရှည်ပဲဖြစ်ပါတယ်။

Bra ကြိုးကရှည်နေခဲ့ပါက

Bra ကြိုးရှည်နေတယ်ညှိလို့မရဘူးဖြစ်နေတယ်ဆိုရင်တော့ Bra ကြိုးနှစ်ခုကိုကျောဘက်မှာ ကြက်ခြေခတ်ပုံစံ သိုင်းတပ်ထားခြင်းပဲဖြစ်ပါတယ်။ ဒါကတော့ သင့်ကို Bra နဲ့ကွက်တိဖြစ်စေမှာဖြစ်ပြီး စွပ်ကျယ်လိုအကျီမျိုးဝတ်တဲ့အခါမှာလည်း အပြင်ကိုကြိုးတွေထွက်နေတော့မှာမဟုတ်ပါဘူး။

Source: Trend.com

Read 3407 times
Rate this item
(0 votes)