What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အနက်ရောင်ဖက်ရှင်ရဲ့ အားသာချက်များ

အနက်ရောင်ဖက်ရှင်ရဲ့ အားသာချက်များ google

အနက်ရောင်ဖက်ရှင်ရဲ့ အားသာချက်များ

လက်မောင်း ဒီဇိုင်းလှလှလေးတွေ ချုပ်နည်း အရောင်တွေထဲမှာမှ လူတွေအများဆံုံး ဝတ်ဆင်ကြတဲ့အရောင်ကို ပြပါဆိုရင် အနက်ရောင်ပဲမဟုတ်လား။
 ပွဲလမ်းသဘင် အခမ်းအနားတွေ၊ ဖက်ရှင်ပြပွဲတွေကအစ အနက်ရောင်က လွှမ်းမိုးထားတယ်လေ။ 
အနက်ရောင်ကို ဘာကြောင့်ဝတ်ကြသလဲလို့မေးရင် ခံစားချက်ကအစ ကွာခြားလို့ပါပဲ။ 
အစွဲအလမ်းတွေကို ထည့်မတွက်ဘဲ ဒီအတိုင်းလေးပဲ ရွေးချယ်ဝတ်ဆင်ကြည့်ပါ။ ဘာလို့ဝတ်သင့်တာလဲဆိုတော့...

၁။ အနက်ရောင်ဆိုတာ ဘာအရောင်နဲ့တွဲဝတ်ဝတ် လိုက်ဖက်ပါတယ်။ ခေါင်းမစားရတဲ့အရောင်ပေါ့။ ကိုယ်က ဖက်ရှင်အမြင်မရှိဘူးဆိုရင် အနက်ရောင်သာရွေးလိုက် ဘယ်မတော့မှ မမှားဘူး။

၂။ တော်ရုံတန်ရုံနဲ့လည်း အစွန်းအထင်းတွေ မပေါ်ဘူး။ အပေအရေခံတဲ့အရောင်ပါ။

၃။ ကိုယ်ခန္ဓာအလှကို ပိုပေါ်လွင်စေတယ်။ အထူးသဖြင့် ဝတဲ့လူတွေဝတ်ရင် ပိန်သလိုဖြစ်သွားတာက အနက်ရောင်ရဲ့ အားသာချက်ပဲ။

၄။ နောက်တစ်ချက်ကတော့ အနက်ရောင်ကိုဝတ်တဲ့အခါ ကလေးဆန်တဲ့အသွင် ပျောက်သွားတယ်။ ကလေးတွေကလည်း အနက်ရောင်ကို မကြိုက်ကြဘူးလေ။

၅။ Accessories တွေ လည်း ရွေးနေစရာမလိုဘူး။ ဘယ်လိုအရာမျိုးနဲ့မဆို ဝတ်လို့လိုက်နေပြန်ရော။

၆။ ကိုယ်ဝတ်ထားတဲ့ အဝတ်အစားက ဈေးကြီးလား၊ ဈေးပေါလားဆိုတာ တော်ရုံနဲ့ မှတ်ချက်ချဖို့ ခက်သွားတယ်။ အနက်ရောင်ရဲ့ စွမ်းအားပါပဲ။

၇။ အနက်ရောင်ဆိုတာ ဘယ်တော့မှ ရိုးမသွားတဲ့အရောင်လည်း ဖြစ်နေပြန်ပါတယ်။

၈။ ဖက်ရှင်နယ်ပယ်ကို အလွှမ်းမိုးဆုံးအရောင်လည်း ဟုတ်နေပြန်ရော။ ရှိုးပွဲတွေသွားရင် ဆယ်လီတွေ၊ ဒီဇိုင်တွေလည်း အနက်ကို အဝတ်များတာ တွေ့မှာပါ။

၉။ နောက်တစ်ချက်ကတော့ အနက်ရောင်ဟာ စိတ်ခံစားချက်ကို မြှင့်တင်ပေးပါတယ်။ အနက်ရောင်ဝတ်လိုက်ရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပိုရလာတယ်လို့ လူတေ်ာတော်များများက ပြောပါတယ်။

 

<<< Zawgyi ျဖင့္ဖတ္ရန္ >>>

 

အေရာင္ေတြထဲမွာမွ လူေတြအမ်ားဆံံုး ဝတ္ဆင္ၾကတဲ့အေရာင္ကို ျပပါဆုိရင္ အနက္ေရာင္ပဲမဟုတ္လား။


 ပြဲလမ္းသဘင္ အခမ္းအနားေတြ၊ ဖက္႐ွင္ျပပြဲေတြကအစ အနက္ေရာင္က လႊမ္းမိုးထားတယ္ေလ။

အနက္ေရာင္ကို ဘာေၾကာင့္ဝတ္ၾကသလဲလို႔ေမးရင္ ခံစားခ်က္ကအစ ကြာျခားလို႔ပါပဲ။

အစြဲအလမ္းေတြကို ထည့္မတြက္ဘဲ ဒီအတိုင္းေလးပဲ ေရြးခ်ယ္ဝတ္ဆင္ၾကည့္ပါ။ ဘာလို႔ဝတ္သင့္တာလဲဆုိေတာ့...

 

၁။ အနက္ေရာင္ဆုိတာ ဘာအေရာင္နဲ႔တြဲဝတ္ဝတ္ လိုက္ဖက္ပါတယ္။ ေခါင္းမစားရတဲ့အေရာင္ေပါ့။ ကိုယ္က ဖက္႐ွင္အျမင္မရွိဘူးဆုိရင္ အနက္ေရာင္သာေရြးလိုက္ ဘယ္မေတာ့မွ မမွားဘူး။

၂။ ေတာ္႐ံုတန္႐ံုနဲ႔လည္း အစြန္းအထင္းေတြ မေပၚဘူး။ အေပအေရခံတဲ့အေရာင္ပါ။

၃။ ကိုယ္ခႏၶာအလွကို ပိုေပၚလြင္ေစတယ္။ အထူးသျဖင့္ ဝတဲ့လူေတြဝတ္ရင္ ပိန္သလိုျဖစ္သြားတာက အနက္ေရာင္ရဲ႕ အားသာခ်က္ပဲ။

၄။ ေနာက္တစ္ခ်က္ကေတာ့ အနက္ေရာင္ကိုဝတ္တဲ့အခါ ကေလးဆန္တဲ့အသြင္ ေပ်ာက္သြားတယ္။ ကေလးေတြကလည္း အနက္ေရာင္ကို မႀကိဳက္ၾကဘူးေလ။

၅။ Accessories ေတြ လည္း ေရြးေနစရာမလုိဘူး။ ဘယ္လိုအရာမ်ိဳးနဲ႔မဆို ဝတ္လို႔လိုက္ေနျပန္ေရာ။

၆။ ကိုယ္ဝတ္ထားတဲ့ အဝတ္အစားက ေစ်းႀကီးလား၊ ေစ်းေပါလားဆုိတာ ေတာ္႐ံုနဲ႔ မွတ္ခ်က္ခ်ဖုိ႔ ခက္သြားတယ္။ အနက္ေရာင္ရဲ႕ စြမ္းအားပါပဲ။

၇။ အနက္ေရာင္ဆုိတာ ဘယ္ေတာ့မွ ႐ိုးမသြားတဲ့အေရာင္လည္း ျဖစ္ေနျပန္ပါတယ္။

၈။ ဖက္ရွင္နယ္ပယ္ကို အလႊမ္းမိုးဆံုးအေရာင္လည္း ဟုတ္ေနျပန္ေရာ။ ႐ႈိးပြဲေတြသြားရင္ ဆယ္လီေတြ၊ ဒီဇိုင္ေတြလည္း အနက္ကို အဝတ္မ်ားတာ ေတြ႔မွာပါ။

၉။ ေနာက္တစ္ခ်က္ကေတာ့ အနက္ေရာင္ဟာ စိတ္ခံစားခ်က္ကို ျမႇင့္တင္ေပးပါတယ္။ အနက္ေရာင္ဝတ္လိုက္ရင္ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈ ပိုရလာတယ္လို႔ လူေတ္ာေတာ္မ်ားမ်ားက ေျပာပါတယ္။

 


Source : Duwun

Embroidery Machines & Services အထည္ပန္းထုိးစက္လုပ္ငန္း ၂၆၄ ခုကုိရွာရန္ႏွိပ္ပါ။

Read 1760 times
Rate this item
(0 votes)
Tagged under