What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဓားစက် တခုခု အဆင်မပြေ ဖြစ်တဲ့အခါ သိထားဖို့ လိုအပ်တဲ့ အချက်များ

ဓားစက် တခုခု အဆင်မပြေ ဖြစ်တဲ့အခါ သိထားဖို့ လိုအပ်တဲ့ အချက်များ google

ဒီနေ့ကတော့ ဓားစက် အကြောင်း သိထားဖို့ လိုအပ်တာလေးတွေကို Textile ပရိသတ်ကြီး ဗဟုသုတ ရစေဖို့အတွက် မျှဝေပေးချင်ပါတယ်။

ဒီအကြောင်းအရာက စက်ချုပ်တဲ့သူတွေ၊ ဓားစက်ကို ကိုယ့်ဟာကို ပြုပြင်ကြည့်ချင်သူတွေ အဆင်ပြေဖို့ အတွက် ရည်ရွယ်ပါတယ်။

ရိုးရိုးချုပ်စက် ချည်အစိတ်အကျဲ မောင်းလေး ရွေ့မရတာမျိုး ပျော့ပြီး အပေါ်တက်သွားတာမျိုး ဖြစ်ရင်

(၁) ပုံက မျှားပြထားတဲ့ နပ်လေး အရင် လျှော့ပါ။ (၂) ပုံထဲက နပ်ကို ထိန်းတာ စက်ရဲ့ အတွင်းဘက်မှာ ရှိတာပါ။ အဲ့ဒါပြီးသွားရင် ဘီးကြားထဲက နပ်လေးကို လျှော့လိုက်ရင် မောင်းကို ကစားလို့ ရသွားပါပြီ။ ကြပ်လိုက်ရင်တော့ ပျော့ပြီး အပေါ်တက်သွားတာမျိုး မဖြစ်တော့ပါဘူး။ လိုအပ်သလို ညှိပြီးသွားရင် (၁) က နပ်လေး ပြန်ကြပ်လိုက်ပါ။

1

2

 Read: Sexy ဆန်ဆန် ဝတ်ဖြစ်မှာ မဟုတ်ပါဘူး ဆိုလာတဲ့ မော်ဒယ် သန္တာဗိုလ်

ဓားက မပြတ်ပဲ တုံးနေရင်

ပုံထဲက မျှားပြထားတဲ့ နေရာက ဝက်အူလေးကို လျော့လိုက်ပါ။ ဒါဆို ဓားက ဖြုတ်လို့ ရသွားပါပြီ။

3

 

တစ်ခါတစ်လေ ပိတ်စအမာတွေကြောင့် ချည်ကျော်နေတာမျိုး ဖြစ်ရင်

ပုံထဲက နေရာက ဝက်အူလေးကို လျှော့ပြီး အပ်တိုင် အတို အရှည် ပြန်ညှိပါ။

4

 

အပ်လဲချင်ရင်
ပုံထဲက နပ်လေးကို လျှော့လိုက်တာနဲ့ အပ်က ဖြုတ်လို့ ရသွားပြီနော်။ အပ်အသစ်လဲပြီးရင် နပ်လေး ပြန်ကြပ်လိုက်ရုံပါပဲ။

5

အားလုံးပဲ အဆင်ပြေကြပါစေနော်။

Source:Shy Nge - အပ်ချူပ်စက်အမျိုးမျိုးရောင်းဝယ်ရေး
Myanmar Textile and Garment Directory

Read 8591 times
Rate this item
(2 votes)