What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ချစ်သူများနေ့မှာ ဆွဲဆောင်မှုရှိရှိလေး လှနေစေမယ့် နည်းလမ်းများ

ဗယ်လင်တိုင်းဒေးဆိုတဲ့ ချစ်သူများနေ့လေးဟာ ချစ်သူစုံတွဲတွေကြားမှာ

ပျော်ရွှင်ချမ်းမြေ့ရတဲ့ နေ့လေးတစ်နေ့ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကြားက ချစ်ခြင်းမေတ္တာတွေကို ပိုမိုလေးနက်စေဖို့ အတွေးစပေးစေတဲ့ ဒီလိုနေ့လေးမှာ စတိုင်လ်ကျကျ၊ လှလှကလေး ၀တ်စားဆင်ယင်လိုတဲ့ ကောင်မလေးတွေအတွက် ဖက်ရှင်လမ်းညွှန်အချို့ကို အကြံ ပြုချင်ပါတယ်။

ကိုယ့်ရဲ့အလှကို ပေါ်လွင်ပါစေ

ဖက်ရှင်ဆိုတာဟာ ကိုယ့်ရဲ့အလှတွေကို ပေါ်လွင်စေပြီး အားနည်းချက်တွေကို ပညာသားပါပါ ဖုံးကွယ်ပေး တဲ့ ပညာရပ်တစ်ခုဆိုတာ လူတိုင်းနီးပါး သိကြပါလိမ့်မယ်။ သို့ပေမဲ့ ချစ်သူများနေ့အတွက် ဖက်ရှင် ဆိုရင်တော့ ဒီထက် ပိုပါလိမ့်မယ်။ ကိုယ့်ရဲ့အလှ၊ ကိုယ့်ရဲ့ ခန္ဓာကိုယ်က ကြည့်လို့အကောင်းဆုံးသော နေရာတွေကို ရှိရင်းစွဲထက် ပိုလှ၊ ပိုဆွဲဆောင်မှုရှိအောင် ၀တ်စားဆင်ယင်ရမှာ ဖြစ်ပါတယ်။ မိန်းမသားဆန်မှု၊ နွဲ့နှောင်းပျော့ပျောင်းမှုနဲ့အတူ ဆွဲဆောင်မှု တွေ အရှိန်အဟုန်ကောင်းတဲ့ ဖက်ရှင်မျိုးကို ရွေးချယ်သင့်ပါတယ်။

DSC 1284 Edit 800x1200

ကိုယ်နဲ့ ကွက်တိဖြစ်မှာကို ၀တ်ဆင်ပါ

ဖက်ရှင်ပိုင်း ရွေးချယ်ပြီးတဲ့အခါ ဆိုဒ်တွေ၊ ဒီဇိုင်းတွေနဲ့ ပတ်သက်လို့လည်း ထပ်စဉ်းစားဖို့ လိုပါမယ်။ ၀တ်ဆင် ထားတဲ့ အ၀တ်တွေဟာ ချောင်နေ၊ ကြပ်နေတာမျိုးတွေ ဖြစ်နေရင် မိမိကိုယ်ကိုယ်ယုံကြည်မှု ကျဆင်းစေပါမယ်။ နဂိုနေ ပုံစံအတိုင်းပဲ လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါး သွားလာလှုပ်ရှားလို့ အဆင်ပြေမယ့် ဒီဇိုင်းကို ရွေးပါ။ ထိုင်ရ ခက်၊ လမ်းလျှောက်ရခက်ပြီး ကိုယ့်ကိုယ်ကိုယ် မသက်မသာ ခံစားရစေတဲ့ ဒီဇိုင်းမျိုး၊ ဆိုဒ်မျိုးတွေကို ရှောင်ပါ။ သဘာဝ ကျကျလေးနဲ့ လှလှကလေးဖြစ်နေဖို့ အာရုံစိုက်ပါ။

27541017 10155965381346897 3185269136256645986 n

ပိတ်စအသား ရွေးချယ်မှု

ချစ်သူများနေ့မှာ ဖက်ရှင်ကျချင်တယ်ဆိုရင် ဒါကလည်း မဖြစ်မနေ လိုက်နာရမယ့် အရာတစ်ခုပါပဲ။ ချစ်သူများ နေ့မှာ ချစ်သူစုံတွဲတွေမှ အပြင်ထွက်၊ လျှောက်လည်တာ မဟုတ်ဘဲ မိသားစု၊ မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်း တွေနဲ့လည်း အပြင်ထွက်၊ ညစာစားတာမျိုးတွေ ဖြစ်နိုင်လို့ ကိုယ်က ချစ်သူဆီရော၊ မိသားစု (သို့) သူငယ်ချင်းတွေနဲ့ ရော ဒိတ်ထားတယ်ဆိုရင် နှစ်ခုစလုံးအတွက် အဆင်ပြေမယ့် ပိတ်သားမျိုးကို ရွေးချယ်သင့်ပါတယ်။ ချစ်သူနဲ့ လည်ဖို့အတွက် ပေါ့ပေါ့ပါးပါးဖြစ်သင့်သလို၊ မိသားစု၊ သငယ်ချင်းတွေနဲ့ ဒင်နာမှာ ပွဲလည်တင့်စေမယ့် ပုံစံလေးလည်း ဖြစ်သင့်ပါတယ်။

4a4f098aa6a0bffd98fee0ece1bd0fa9 asos maternity maternity dresses

ခပ်မိုက်မိုက်အရာတစ်ခု ပေါင်းထည့်ပါ

ဒါကတော့ လူငယ်ဆန်ဆန်နဲ့ လှသွေးကြွယ်ပြီး အရိုင်းဆန်တဲ့အလှကလေး အနည်းငယ် ရောစပ်ထည့်သွင်းရမယ့် နည်းပဲ ဖြစ်ပါတယ်။ ဂါဝန်အကြပ်ကလေးတွေ၊ ညနေခင်းဝတ်စုံလေးတွေနဲ့ နူးနူးညံ့ညံ့လေး ၀တ်ဆင်အပြီးမှာ ဂျက်ကက်တစ်ထည်လောက် အပေါ်က ထပ်ဝတ်လိုက်တာမျိုးက ကျားသစ်မလေးလို သတ္တိကောင်း ပြီး ဆွဲဆောင်မှုရှိတဲ့ သွင်ပြင် လေးကို ရရှိစေပါလိမ့်မယ်။

355565412cf30b4f9f3ebc1495321cfa tulle skirt outfits black tulle skirts

ဒါဆိုရင်တော့ ချစ်သူများနေ့မှာ ဆွဲဆောင်မှုရှိပြီး လှပနေတဲ့ ကောင်မလေးတစ်ယောက် ဖြစ်သွားပါလိမ့်မယ် နော်။ 

Read 1689 times
Rate this item
(0 votes)