What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်အင်္ကျီပေါ်က အစွန်းတွေကို ဖယ်ရှားနိုင်မည့် သဘာ၀နည်းလမ်း(၆)သွယ်

အခုဆိုရင် စျေးကွက်ထဲမှာ အင်္ကျီပေါ်က အစွန်းအထင်းတွေကို ဖယ်ရှားနိုင်တဲ့ ဓာတုဆေးတွေ အများကြီးရှိလာပါပြီ။ ဒါပေမယ့် စျေးကွက်ထဲက အစွန်းချွတ်ဆေးတွေက သင့်ရဲ့အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ ကလေးလူကြီးမရွေး အင်္ကျီပေါ်မှာ ဆီတွေ၊ စားစရာတွေနဲ့ ဖျော်ရည်တွေ မှောက်ကျလေ့ရှိတတ်ပါတယ်။ ကိုယ်အရမ်းကြိုက်ရတဲ့ အင်္ကျီပေါ်မှာ စွန်းထင်းသွားတဲ့အခါ လူတိုင်းအတွက် စိတ်ထိခိုက်စရာတစ်ခုပါပဲ။

ဒါကြောင့် အစွန်းချွတ်ဆေးကို အိမ်ကမီးဖိုချောင်ထဲမှာရှိတဲ့ ပစ္စည်းလေးတွေနဲ့ ပြုလုပ်လို့ရနိုင်မယ့် နည်လမ်း(၆)သွယ်ကို ဖော်ပြပေးသွားပါမယ်။

(၁) ရှာလကာရည်အသုံးပြုခြင်း

Vinegar

ရှာလကာရည်ဟာ သန့်စင်အောင်လုပ်တဲ့နေရာမှာ နံပါတ်(၁)ပါပဲ။ အင်္ကျီပေါ်မှာ ဆီနဲ့၀ိုင်တွေ စွန်းထင်းသွားတဲ့အခါမှာ အစွန်းတွေကိုဖျောက်ဖို့ အသုံးပြုနိုင်ပါတယ်။ ရှာလကာရည် ၂ဆ၊ ရေ ၁ဆ ရောပြီး အင်္ကျီကို တစ်ညစိမ်ထားပြီး နောက်နေ့မှာ ဆပ်ပြာနဲ့ ပြန်လျှော်လိုက်ရင် နဂိုအတိုင်းပြန်ရပါပြီ။

ဂျိုင်းလိမ်းဆီတွေကြောင့်ဖြစ်တဲ့ အင်္ကျီပေါ်က အစွန်းတွေကိုလဲ ရှာလကာရည်နဲ့ ရေနွေးပူပူရောပြီးနောက် တစ်ညစိမ်ပြီး နောက်နေ့ ပြန်လျှော်လိုက်တာနဲ့ ပြန်ကောင်းစေမှာပါ။

(၂) ကြက်ဥအသုံးပြုခြင်း

egg

ကြက်ဥနဲ့ အစွန်းတွေကို ချွတ်မယ်လို့ပြောရင် အံ့အားသင့်ပါလိမ့်မယ်။ ကြက်ဥကိုသုံးတဲ့အခါ အထဲက အနှစ်ကို ဖယ်ရပါမယ်။ အကာကိုရေနဲ့ရောပြီး အစွန်းနေရာကို လက်ဖြင့်ပွတ်ပါမယ်။ ပြီးရင် ရေဖြင့် ကြက်ဥအနံ့ပျောက်အောင် သေချာဆေးချပြီး ဆပ်ပြာနဲ့ ပြန်လျှော်လိုက်ပါ။

(၃) ရှောက်သီး (သို့) သံပုယိုသီးကိုသုံးခြင်း

lemon 1

ရှောက်သီးနဲ့ သံပုယိုသီးသည် သန့်ရှင်းအောင်လုပ်တဲ့နေရာမှာ အင်မတန်ကောင်းပါတယ်။ အရည်ညှစ်ပြီး အစွန်းရှိတဲ့နေရာမှာ ၁နာရီလောက် စိမ်ထားပါ။ ပြီးရင် ဆပ်ပြာနဲ့လျှော်လိုက်တဲ့အခါ နဂိုအတိုင်းရပါပြီ။ ဒီနည်းကို ကော်ဖီ ၊ချွေး စတဲ့ အစွန်းအထင်းတွေမှာလည်း သုံးနိုင်ပါတယ်။

(၄) နွားနို့သုံးခြင်း

Milk

၀ိုင်တွေ၊ မှင်တွေ စွန်းတဲ့အခါ နွားနို့ကို သုံးပေးပါ။ အဝတ်သန့်သန့်လေးတစ်ခုမှာ နွားနို့လေးစွတ်ပြီး အစွန်းနေရာကို စက်ဝိုင်းပုံစံပွတ်ပေးပါ။ ပြီးရင် အခြောက်ခံပါ။ ခြောက်သွားရင် လျှော်နေကျအတိုင်း လျှော်ပေးလိုက်တာနဲ့ နဂိုအတိုင်းပြန်ရပါပြီ။

(၅) ကလေးပေါင်ဒါမှုန့်သုံးခြင်း

P

ဆီတွေကွက်တဲ့အခါ ဆီကွက်ပေါ်မှာ ပေါင်ဒါမှုန့်ကိုဖြူးပြီး အခြောက်ခံထားပါ။ ပြီးရင် လျှော်နေကျအတိုင်း လျှော်လို့ရပါပြီ။

(၆) သံလွင်ဆီ

Olive

ချွတ်ရအခက်ဆုံး အစွန်းကိုပြောရရင် လက်သည်းနီ စွန်းတာပါပဲ။ ပထမဆုံး အစွန်းရဲ့အပေါ်မှာ စက္ကူတစ်ခုတင်ပါ။ နားဖာချေးကလော်တဲ့ ဂွမ်းချောင်းလေးမှာ သံလွင်ဆီကိုစွတ်ပြီး အင်္ကျီရဲ့ အတွင်းဘက်ကနေ ပွတ်ပေးပါ။
ပြီးရင် ဆပ်ပြာနဲ့ လျှော်လိုက်တဲ့အခါ နဂိုအတိုင်းပြန်ရစေမှာပါ။

Source - Kyarlay

Read 569 times
Rate this item
(0 votes)