What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဝတ်ဆင်လိုက်တဲ့အခါမှာ ပျိုမေတို့ကို ဒုက္ခပေးတတ်တဲ့ အဝတ်အစားများ

ဝတ်ဆင်လိုက်တဲ့အခါမှာ ပျိုမေတို့ကို ဒုက္ခပေးတတ်တဲ့ အဝတ်အစားများ google

ဈေးကွက်လေ့လာမှုများ ပြုလုပ်ချက်အရ အမျိုးသမီး 44% က ဈေးဝယ်ထွက်ရတာကို မနှစ်သက်ဘူးဆိုတာ တွေ့ရှိခဲ့ပါတယ်လို့ ပြောပါတယ်။

ဒါပင်မယ့် ဈေးဝယ်ထွက်ရတာ ကြိုက်နှစ်သက်သွားရင် မကြာခဏဆိုသလို လွှတ်ခနဲ ဝယ်ယူမှုတွေ ပြုလုပ်တတ်ကြတယ်။ ဒါက ဆိုင်မှာ အချိန်အများကြီး ကုန်ခြင်းမရှိဘဲနဲ့ သင်ကြိုက်နှစ်သက်တဲ့အရာတွေကို ဝယ်ယူုခြင်းဟာ ပျော်ရွှင်စရာ အကောင်းဆုံးပါပဲ။ သို့သော်လည်း သင်ရွေးချယ်လိုက်တဲ့ အဝတ်အစားက စတိုင်ကျပေမယ့် ဝတ်ဆင်ရာမှာ ခက်ခဲပြီး သက်တောင့်သက်သာမရှိတဲ့ ပြဿနာတွေ ပေါ်ပေါက်နိုင်ပါတယ်။ ဒါကြောင့် ဘယ်လို အဝတ်အစားတွေကို ရှောင်ရှားသင့်လဲဆိုတာကို ပြောပြပေးပါမယ်။

(၁) အရောင်နုသောဘောင်းဘီ

နွေရာသီမျိုးမှာဆိုရင် ဒီလိုဘောင်းဘီတွေကို ဝတ်ဆင်ဖို့ ကောင်းတဲ့အချိန်ပါပဲ။ ဒါပေမယ့် အရမ်းအရောင်နုပြီး အရမ်းကျပ်တဲ့ဘောင်းဘီတွေက သင့်ကိုဆိုးရွားစေနိုင်ပါတယ်။ ဒီလိုဘောင်းဘီတွေကို ဝတ်ဆင်တဲ့အခါ အတွင်းခံအဝတ်အစားတွေကိုလည်း မကြာခဏမြင်နိုင်တာကြောင့် သက်တောင့်သက်သာရှိလှမှာ မဟုတ်ပါဘူး။ အထည်သားထူပြီး ကွဲပြားခြားနားတဲ့ အရောင်မျိုးကို ရွေးချယ်ပါ။

Read More>>> ကမ္ဘာ့ အကောင်းဆုံး ဖက်ရှင် အမှတ်တံဆိပ် (၈) ခု

(၂) တင်းကျပ်ပြီး ပါးလွှာတဲ့အင်္ကျီ
ဒီလို ပါးလွှာပြီး တင်းကျပ်တဲ့ အဝတ်အစားတွေကို ဆင်ယင်ဖို့ ရွေးချယ်တဲ့အခါ သင့်တို့ရဲ့ပုံရိပ်မှာ အရည်ရှည်ပြီး ခန္ဓာကိုယ်ပေါ်လွင်စေတယ်လို့ ထင်မိမှာပါ။ သို့သော် တကယ့်လက်တွေ့မှာတော့ ဒီလို ပေါ်လွင်အောင်လုပ်ပေးနိုင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ပြီးတော့ ခန္ဓာကိုယ်မှာ သင်ထုတ်ဖော်မပြချင်တဲ့ အစိတ်အပိုင်းတွေကို မီးမောင်းထိုးပြပါလိမ့်မယ်။ ဒါကြောင့် ကောက်ကြောင်းမပါတဲ့ dress မျိုးကို ရွေးချယ်ပါ။

(၃) ကြိုးမပါတဲ့ အဝတ်အစား
ပုခုံးဖော်ထားတဲ့ top နှင့် dress တွေဟာ တကယ်ကို မိန်းမဆန်ပြီး လှပစေတယ်။ ဒီလို ပထမဆုံး ဆင်မြန်းရွေးချယ်တဲ့အခါ လက်တွေ့မှာ ခက်ခဲတယ်ဆိုတာကို မစဉ်းစားမိကြဘူး။ သင်အမှန်တကယ် ဒီလို အဝတ်အစားမျိုး ဝတ်ဆင်ချင်ရင်တော့ အပါးလွှာဆုံးကြိုးက ဒီပြဿနာတွေကို ဖြေရှင်းဖို့ ကူညီပေးပါလိမ့်မယ်။

(၄) တိုလွန်းတဲ့ dress
လှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားမယ်ဆိုရင် အရမ်းတိုတဲ့ အဝတ်အစားတွေကို မဝယ်ပါနဲ့။ တိုတောင်းလွန်းတဲ့ dress တွေဟာ ထရ ပြုရတဲ့အခါမှာ ခက်ခဲလှပါတယ်။ ဒါဟာ သင့်ကို အကြဉ်းတန်စေနိုင်တယ်။ ကမ်းခြေသွာတဲ့အခါ ဒီလို short dress တွေကို ရွေးချယ်နိုင်ပါတယ်။

(၅) အရမ်းရှည်တဲ့ dress
long dress တွေက မိန်းမဆန်ပြီး ပေါ်လွင်လှပစေသလို တဖက်မှာလည်း ပြဿနာတွေအများကြီး ရှိပါတယ်။ အရမ်းရှည်ပြီး လမ်းလျှောက်ရာမှာလည်း သက်တောင့်သက်သာရှိစေမှာ မဟုတ်ဘူး။ အချိန်တိုင်းလိုလို ဂါဝန်ကြီးကို ကိုင်ထားရတာလည်း တကယ့်ကို စိတ်အနှောင့်ယှက်ဖြစ်စေတယ်။ ဒီလို ပြဿနာတွေ မဖြစ်စေဖို့ နေ့စဉ် ဝတ်ဆင်ဖို့အတွက် အရမ်းမရှည်တဲ့ dress မျိုးကို ရွေးချယ်ဆင်မြန်းပါ။

(၆) ရှုပ်ထွေးပြီး အလှဆင်ထားတဲ့ အဝတ်အစားများ
ရှုပ်ထွေးတဲ့ပုံစံမျိုးနှင့် အလှတန်ဆာဆင်ထားတဲ့ အဝတ်အစားတွေဟာ တကယ့်ကို လှပပြီး ထူးခြားလှပါတယ်။ ပါတီပွဲတွေနဲ့ လိုက်ဖက်ပေမယ့် နေ့စဉ် ဝတ်ဆင်တဲ့အခါမှာတော့ အဆင်မပြေပါဘူး။

(၇) အရည်အသွေးညံ့တဲ့ အဝတ်အစားတွေ
သင်ဟာ ဈေးသက်သာတဲ့ အဝတ်အစားအသုံးအဆောင်တွေကို ရွေးချယ်တဲ့အခါ သင့်ကိုပိုပြီး ဒုက္ခဖြစ်စေတတ်တယ်။ အရောင်ကျလွယ်ပြီး ဝတ်ဆင်ရာမှာလည်း သက်တောင့်သက်သာမရှိဘဲ ခန္ဓာကိုယ်နဲ့ ကွက်တိဖြစ်မနေတတ်ပါဘူး။ ဒါကြောင့် အရည်အသွေးကောင်းမွန်တဲ့ အဝတ်အထည်တွေကို ရွေးချယ်တတ်ဖို့ လိုအပ်တယ်။

(၈) လည်သာရှုးဖိနပ်များ
အရောင်တောက်တောက် ဘွတ်ဖိနပ်နှင့် ရှုးဖိနပ်တွေက အတော်လေးကြမ်းတမ်းပြီး မကြာခဏဆိုသလို သင့်ရဲ့ခြေထောက်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အပျော့စားပစ္စည်းဖြင့် လုပ်ထားတဲ့ ဖိနပ်မျိုးကိုဘဲ ရွေးချယ်ပါ။

(၉) နောက်ဆုံးပေါ်ဖက်ရှင်
အဝတ်အစားဝယ်တဲ့အခါမှာ ပြဿနာတွေ အများကြီး ဖြစ်နိုင်ပြီး အမှားပြုလုပ်ဖို့လည်း လွယ်ကူလွန်းပါတယ်။ trend ဆိုပြီး ဝယ်လိုက်ပေမယ့် ကိုယ့်ရဲ့ခန္ဓာကိုယ် အချိုးအစားနဲ့ မလိုက်ဖက်ဘဲ ကြည့်ရဆိုးတတ်ပါတယ်။ ဒီလို trend နောက်ကိုမလိုက်ဘဲ ကိုယ်နဲ့လိုက်ဖက်ပြီး သင့်လျော်မယ့် ဖက်ရှင်မျိုးကို ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။

Author:TDA

Myanmar Textile and Garment Directory

Read 1711 times
Rate this item
(1 Vote)