What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကမ်းခြေဖက်ရှင်များ

ကမ်းခြေဖက်ရှင်များ Google

မကြာခင်အချိန်အတောအတွင်းမှာ ဆိုရင်တော့ ပူပြင်တဲ့ နွေရာသီကိုရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။

 


အာ့လိုပူပြင်းတဲ့ နွေရာသီမှာ ကမ်းခြေကို ခရီးထွက်ဖို့ တော်တော်များများက စဉ်းစားတတ်ကြပါတယ်။


နွေရာသီကို ကမ်းခြေမှာ အနားယူဖို့အတွက်ဆိုရင် ဘယ်မှာတည်းပြီး ဘယ်လိုသွားရမလည်းဆိုတာထက်


ကမ်းခြေမှာ ဘယ်လိုဝတ်ဆင်ရမလည်းဆိုတာဟာ ခေါင်းစားစရာကိစ္စတစ်ခုပါ။ ဒါကြောင့် နွေရာသီမှာ ကမ်းခြေကို

 

ခရီးထွက်ဖို့ စီစဉ်ထားတဲ့ ဘော်ဒါတွေအတွက် ကမ်းခြေနဲ့ လိုက်ဖက်မယ့် ဖက်ရှင်လေးတွေကို


တင်ပြပေးချင်ပါတယ်။

 

၁။ Denim ဂျင်းဘောင်းဘီအတိုနဲ့ တီရှပ်

beach1


ဒီဖက်ရှင်လေးကတော့ ကမ်းခြေနဲ့ အရမ်းကိုအဆင်ပြေပါတယ်။ ပေါ့ပေါ့ပါးပါးလည်းရှိတဲ့အပြင်


လူငယ်လည်းဆန်တဲ့ ဖက်ရှင်လေးဖြစ်ပါတယ်။ သင့်ကိုစတိုင်လည်းကျစေသလို ၊ သက်တောင့်သက်သာ


လည်းရှိစေမှာ အသေအချာပါပဲ။

 

၂။ Sleeveless Tee နှင့် ဘောင်းဘီတို

Beach2


ချိုင်းပြတ်လက်တို အင်္ကျီတွေက ပူပြင်းတဲ့နွေရာသီမှာ စတိုင်ကျစေပြီး ဘောင်းတိုတွေနဲ့သာ တွဲ ဝတ်မယ်


ဆိုရင် ပြီးပြည့်စုံတဲ့ ဖက်ရှင်လေးဖြစ်လာမှာပါ။

 

၃။ Printed အင်္ကျီ

Beach


Printed အင်္ကျီ လက်တိုတွေဟာဆိုရင် အခုနောက်ပိုင်း မှာ တော်တော်လေး Trend ဖြစ်လာတာကို


တွေ့ရပါတယ်။ Printed အင်္ကျီတွေဟာ ဘယ်တော့မှ ရိုးအီမသွားတဲ့ ဖက်ရှင်တွေဖြစ်ပြီး သင့်ကိုလည်း


ဝတ်ဆင်တဲ့အခါမှာ သက်တောင့်သက်သာ ရှိစေပါတယ်။

 

၄။ အပေါ်ထပ်ရှပ်အင်္ကျီအကွက်

Beach4


သင့်အနေနဲ့ နေပူဒဏ်ကိုကာကွယ်ဖို့ အပေါ်ထပ်ဝတ်စုံနဲ့ပတ်သက်ပြီး စဉ်းစားနေရင်တော့


ရှပ်အင်္ကျီ လက်ရှည်တစ်ထည်လောက်တော့ ယူဆောင်သွားသင့်ပါတယ်။ ရှပ်အင်္ကျီ အကွက်လက်ရှည်တွေ


ဟာလည်းလူငယ်ဆန်ပြီးတော့ သင့်ကိုပေါ့ပေါ့ပါးပါး ရှိစေပါတယ်။

 

၅။ ရေကူးဘောင်းဘီတို

Beach5


ကမ်းခြေသွားမယ်ဆိုရင်တော့ ရေကူးဘောင်းဘီတို ကောင်းကောင်းတစ်ထည်လောက်ကတော့ ယူသွားသင့်


ပါတယ်။ ရေကူးဖို့အတွက် နဲ့ လှိုင်းဒဏ်ကို ခံနိုင်ရည်ရှိတဲ့ ရေကူးဘောင်းဘီတိုကောင်းကောင်း


ပါသွားသင့်ပါတယ်။

 

အထည်ပန်းထိုးစက်လုပ်ငန်း ၂၆၄ ခုကိုရှာရန်နှိပ်ပါ။

 

<<< Zawgyi ျဖင့္ဖတ္ရန္ >>>

 

မၾကာခင္အခ်ိန္အေတာအတြင္းမွာ ဆိုရင္ေတာ့ ပူျပင္တဲ့ ေႏြရာသီကိုေရာက္ရွိလာေတာ့မွာပဲျဖစ္ပါတယ္။

အာ့လိုပူျပင္းတဲ့ ေႏြရာသီမွာ ကမ္းေျခကို ခရီးထြက္ဖို႔ ေတာ္ေတာ္မ်ားမ်ားက စဥ္းစားတတ္ၾကပါတယ္။

ေႏြရာသီကို ကမ္းေျခမွာ အနားယူဖို႔အတြက္ဆိုရင္ ဘယ္မွာတည္းၿပီး ဘယ္လိုသြားရမလည္းဆိုတာထက္

ကမ္းေျခမွာ ဘယ္လိုဝတ္ဆင္ရမလည္းဆိုတာဟာ ေခါင္းစားစရာကိစၥတစ္ခုပါ။ ဒါေၾကာင့္ ေႏြရာသီမွာ ကမ္းေျခကို ခရီးထြက္ဖို႔ စီစဥ္ထားတဲ့ ေဘာ္ဒါေတြအတြက္ ကမ္းေျခနဲ႕ လိုက္ဖက္မယ့္ ဖက္ရွင္ေလးေတြကို

တင္ျပေပးခ်င္ပါတယ္။

၁။ Denim ဂ်င္းေဘာင္းဘီအတိုနဲ႕ တီရွပ္

   ဒီဖက္ရွင္ေလးကေတာ့ ကမ္းေျခနဲ႕ အရမ္းကိုအဆင္ေျပပါတယ္။ ေပါ့ေပါ့ပါးပါးလည္းရွိတဲ့အျပင္

   လူငယ္လည္းဆန္တဲ့ ဖက္ရွင္ေလးျဖစ္ပါတယ္။ သင့္ကိုစတိုင္လည္းက်ေစသလို ၊ သက္ေတာင့္သက္သာ

   လည္းရွိေစမွာ အေသအခ်ာပါပဲ။

၂။ Sleeveless Tee ႏွင့္ ေဘာင္းဘီတို

   ခ်ိဳင္းျပတ္လက္တို အက်ႌေတြက ပူျပင္းတဲ့ေႏြရာသီမွာ စတိုင္က်ေစၿပီး ေဘာင္းတိုေတြနဲ႕သာ တြဲ ဝတ္မယ္

   ဆိုရင္ ၿပီးျပည့္စံုတဲ့ ဖက္ရွင္ေလးျဖစ္လာမွာပါ။

၃။ Printed အက်ႌ

   Printed အက်ႌ လက္တိုေတြဟာဆိုရင္ အခုေနာက္ပိုင္း မွာ ေတာ္ေတာ္ေလး Trend ျဖစ္လာတာကို

   ေတြ႕ရပါတယ္။ Printed အက်ႌေတြဟာ ဘယ္ေတာ့မွ ႐ိုးအီမသြားတဲ့ ဖက္ရွင္ေတြျဖစ္ၿပီး သင့္ကိုလည္း

   ဝတ္ဆင္တဲ့အခါမွာ သက္ေတာင့္သက္သာ ရွိေစပါတယ္။

၄။ အေပၚထပ္ရွပ္အက်ႌအကြက္

   သင့္အေနနဲ႕ ေနပူဒဏ္ကိုကာကြယ္ဖို႔ အေပၚထပ္ဝတ္စံုနဲ႕ပတ္သက္ၿပီး စဥ္းစားေနရင္ေတာ့

   ရွပ္အက်ႌ လက္ရွည္တစ္ထည္ေလာက္ေတာ့ ယူေဆာင္သြားသင့္ပါတယ္။ ရွပ္အက်ႌ အကြက္လက္ရွည္ေတြ

   ဟာလည္းလူငယ္ဆန္ၿပီးေတာ့ သင့္ကိုေပါ့ေပါ့ပါးပါး ရွိေစပါတယ္။

၅။ ေရကူးေဘာင္းဘီတို

   ကမ္းေျခသြားမယ္ဆိုရင္ေတာ့ ေရကူးေဘာင္းဘီတို ေကာင္းေကာင္းတစ္ထည္ေလာက္ကေတာ့ ယူသြားသင့္

     ပါတယ္။ ေရကူးဖို႔အတြက္ နဲ႕ လိႈင္းဒဏ္ကို ခံႏိုင္ရည္ရွိတဲ့ ေရကူးေဘာင္းဘီတိုေကာင္းေကာင္း

     ပါသြားသင့္ပါတယ္။

အထည္ပန္းထုိးစက္လုပ္ငန္း ၂၆၄ ခုကုိရွာရန္ႏွိပ္ပါ။

 

Myanmar Textile and Garment Directory

Read 1138 times
Rate this item
(0 votes)
Tagged under