What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင်ဘယ်လိုလူမျိုးလဲဆိုတာပြောပြပေးနေတဲ့ သင့်ရဲ့ အဝတ်အစား

သင်ဘယ်လိုလူမျိုးလဲဆိုတာပြောပြပေးနေတဲ့ သင့်ရဲ့ အဝတ်အစား google

စိတ်ပိုင်းဆိုင်ရာအရ သုတေသန ရှုထောင့်မှ ဝတ်စားဆင်ယင်မူနဲ့ပတ်သတ်တဲ့ လေ့လာတွေ့ရှိချက်တချို့ရှိနေပါတယ်။ ဒါကတော့ လူတစ်ယောက်ရဲ့ အဝတ်အစားကို ကြည့်ပြီး ဘယ်လိုလူမျိုးလဲဆိုတာကို ပြောပြနိုင်တဲ့ အချက်ပဲဖြစ်ပါတယ်။

အဲ့ဒါတွေကတော့

(၁) သူများနဲ့ မတူညီပဲ တမူထူးခြားတဲ့ အရောင်အသွေးတွေ ဝတ်စားဆင်ယင်ခြင်း

သင့်အကြောင်း မတူညီကွဲပြားမှုအမျိုးမျိုးကို ပြသပါတယ်။ စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ အနီရောင်မှာ လှပပြီး တမူထူးခြားတဲ့ အကျိုးသက်ရောက်မှု တချို့ရှိကြောင်း လေ့လာမှုများက ဆိုထားပါတယ်။

အနီရောင်က လိင်ကိစ္စကို ညွန်းဆိုနေပုံလည်း ရပါတယ်။ အမျိုးသားတွေကို အမျိုးသမီးတွေ ဆွဲဆောင်နိုင်တဲ့ အရောင်ဟာ အနီရောင်ဖြစ်တယ်လို့ သုတေသနမှ ဖော်ပြထားတယ်။

 

(၂)ငယ်ရွယ်နုပျိုအောင် ဝတ်စားဆင်ယင်ခြင်းက

သင့်ကို ပိုမိုကျန်းမာစေနိုင်ပါတယ်။ မျက်မှန်က သင့်ကို ပိုစမတ်ကျစေပေမယ့် ဆွဲဆောင်မှုတော့ လျော့နည်းစေတယ်။

ဒါ့အပြင် အနုပညာရှင်တစ်ယောက်ရဲ့ ဝတ်စားဆင်ယင်မှုတွေက သူ့အိမ်ထောင် ဘယ်လောက်အဓွန့်ရှည်/တိုကြောင်း ဖော်ပြပေးနိုင်ပါတယ်။

 

(၃) တံဆိပ်နာမည် ကပ်ထားတဲ့ အဝတ်အစားမျိုးတွေကိုတော့

သင်ကြိုက်နှစ်သက်မှာ သေချာတာပေါ့။ ဒါ ဘာကြောင့်လဲဆိုတော့ သူတို့က သင့်အဆင့်အတန်းမြင့်မားနေသလို အထင်မြင်ရောက်စေနိုင်ပြီး လူတွေဆီကလည်း ပိုမိုကောင်းမွန်တဲ့ ပြုမူဆက်ဆံခြင်းကို သင်ရရှိစေနိုင်တာကြောင့် ဖြစ်ပါတယ်။

 

Chemicals ဓာတုပစ္စည်းဆိုင် ၁၈၈ ဆိုင်ကိုရှာရန်နှိပ်ပါ။

 

(၄) အနက်ရောင်ဝတ်စားဆင်ယင်မူတွေကတော့

စိတ်ကယောက်ကယက်ဖြစ်ခြင်းကို ပြသနေပါတယ်။ ရိုးရိုးယဉ်ယဉ်လေးဝတ်စားခြင်းဟာ ဖြောင့်မတ်ခြင်းဖြစ်တယ်လို့ ယူဆကြသလို ရူပ်ယှက်ခတ်ပြီး

သာမန် အများတကာဝတ်နေကျ အတိုင်းမဟုတ်ပဲ ဝတ်ဆင်ထားတတ်တဲ့သူကတော့ အသစ်အဆန်းတွေ မြင်တတ်ပြီး၊ မလျို့ဝှက်တတ်တာကို ပြသပါတယ်။

ကော်လာဟိုင်းပြီး ငွေကြေးအမြောက်အများပေးရတဲ့ အဝတ်အစားတွေက အမျိုးသမီးတွေရဲ့ အတ္တပေမကို ဖော်ညွန်းပါတယ်။


(၅) အဖြူရောင် ဝတ်စုံလေးတွေ ဝတ်ဆင်လာတဲ့အခါ

ဆရာဝန်တွေကို သင်ပိုယုံကြည်မူရှိလာတတ်သလို သင်မျှော်လင့်ထားသလို အနုပညာရှင်တွေ ဝတ်စားဆင်ယင်လာတဲ့အခါမှာလည်း သူတို့ရဲ့ ဂီတကို ပိုမိုကြိုက်နှစ်သက်လာတတ်ပါတယ်။

အဲ့သလိုမျိုးပဲ သင်ဝတ်စားဆင်ယင်တဲ့ အရာက သင့်ပြုမူနေထိုင်မူကို ပုံဖော်ပေးပါတယ်။

 Source : Shwe Chit Thu

Myanmar Textile and Garment Directory

အဝတ်အစား ဆိုင်တွေကို သိချင်ရင်တော့

Read 2982 times
Rate this item
(0 votes)
Tagged under