What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စတိုင်လ်ကျတဲ့ မိန်းကလေးတွေရဲ့ လျှို့ဝှက်ချက် (၇)ချက်

သင်က ဖက်ရှင်ကို စိတ်ဝင်စားသူလား..စတိုင်လ်ကျတဲ့ ကောင်မလေးတွေ မြင်ရင် အားကျမိလား..သင်ကိုယ်တိုင်လည်း စတိုင်လ်ကျတဲ့ကောင်မလေးတစ်ယောက်ဖြစ်လာနိုင်ပါတယ်။

အထူးသဖြင့် အခုပြောပြမယ့် လျှို့ဝှက်ချက်တွေက သင့်ကို စတိုင်လ်ကျပြီး အမိုက်စားလေးတစ်ယောက်ဖြစ်လာအောင် ကူညီပေးမှာပါ။

 

၁။ သူတို့ရဲ့ အဝတ်အစား ဗီရိုကို သေချာစီစဉ်ထားတယ်။


စတိုင်လ်ကျတဲ့ မိန်းကလေးတွေက ဘယ်တော့မှ အဝတ်အစားတွေကို ဖြစ်သလို မထားကြပါဘူး။ ကိုယ်ဝတ်နေကျ အဝတ်တွေကို ချိတ်နဲ့ သေချာစီစီရီရီထားတာမျိုးပဲ ဖြစ်ဖြစ်၊ခေါက်ပြီးထားတာမျိုးပဲဖြစ်ဖြစ် စနစ်တကျ လုပ်လေ့ရှိပါတယ်။ ဒီလို ထားခြင်းအားဖြင့် ကိုယ်ဘာဝတ်ချင်လဲ၊ဘယ်နားမှာ ဘာအဝတ်လဲရှိလဲဆိုတာ မြန်မြန်ဆန်ဆန်ပဲ သိနိုင်တဲ့အပြင် ကိုယ်ရဲ့ အဝတ်အစားရွေးချယ်ဟပ်စပ်မှု အတွက်လည်း တကယ်ကို အဆင်ပြေနိုင်ပါတယ်။


၂။ ရာသီဥတုနဲ့ လိုက်ဖက်အောင်လည်း ဝတ်ဆင်တတ်ကြတယ်။

ဒီအချက်ကလည်း တကယ်ကို အရေးကြီးတဲ့အချက်ပါ။ နွေရာသီပူပူလောင်လောင်ကြီးမှာ ဂျင်းဖက်ရှင်နဲ့ ရှိုးထုတ်လို့ အဆင်မပြေနိုင်သလိုပေါ့။ သင့်အနေနဲ့ သွားစရာလာစရာရှိလို့ အပြင်သွားမယ်ဆိုရင် ရာသီဥတုနဲ့ လိုက်ဖက်အောင် ဝတ်ဖို့တော့ လိုမယ်နော်။

 

၃။ အဝတ်အစားကို ကြိုစီစဉ်တတ်တယ်။

နေရာတစ်ခုခုပဲဖြစ်ဖြစ်၊ပွဲတစ်ခုခုပဲဖြစ်ဖြစ် မသွားခင်တစ်ညအလိုလောက်မှာ အဝတ်အစားကို အမြဲတမ်းကြီးအတွက် ကြိုတင်ပြင်ဆင်ရမယ်လို့တော့ မဆိုလိုပါဘူး။ဒါပေမယ့် သင့်အနေနဲ့ ကိုယ်လှပနေအောင် အချိန်ပေးဖို့လိုအပ်ပါတယ်။ကိုယ်ဝတ်မယ့်အဝတ်အစားက ပွလား၊ချောင်လား၊ကိုယ်နဲ့ လိုက်ဖက်နေလားဆိုတာသိရအောင် အဝတ်အစားကို ကြိုစီစဉ်တတ်အောင် အကျင့်လုပ်ပါ။

 

၄။ မနက်ခင်းမှာ ပြင်ဆင်ဖို့အတွက် အချိန်ပေးတယ်။

ကျွန်မတို့အနေနဲ့ မနက်ခင်းမှာ အလျင်မမှီတော့လို့ ဖြစ်သလို ပြင်ဆင်ပြီး အပြင်သွားခဲ့ရတဲ့နေ့မျိုးတွေ ကြုံခဲ့ရမှာပါ။ဒီလိုအချိန်အခါမျိုးဆို ဖြစ်သလို အပြင်အဆင်မျိုးနဲ့ သပ်ရပ်မှုလည်း မရှိတော့လိုလို ၊Confidence ပျောက်ဆုံးသလိုလို ဖြစ်တတ်ပါတယ်။ ဒီလိုမျိုး မဖြစ်ဖို့အတွက်ကိုတော့ စတိုင်လ်ကျတဲ့ ကောင်မလေးတွေက မနက်ခင်းမှာ အချိန်နည်းနည်းလေးစောထပြီး ကိုယ် အလှပြင်ဆင်ဖို့ ပိုအချိန်ပေးတတ်ကြပါတယ်လို့ ဆိုပါတယ်။ တကယ်လို့ သင်က မနက်ခင်းမှာ အလျင်မမှီတတ်တဲ့သူဆိုရင်တော့ ဒီအချက်လေးကို သတိပြုလိုက်ပါ။

 

၅။ ကိုယ်ပိုင်စတိုင်လ် ရှိတတ်ကြတယ်၊ 

ဒီနေရာမှာ စတိုင်လ်ကျတယ်ဆိုတာ တန်းမြင့်ဖက်ရှင်ဝတ်စုံတွေ၊ဒီဇိုင်နာလက်ရာတွေကို ဝတ်နေမှရယ်လို့ မဟုတ်ပါဘူး။ သင့်တင့်တဲ့ပမာဏ၊ကိုယ်နဲ့ လိုက်ဖက်တဲ့ ဝတ်စုံတွေကို ရွေးချယ်ပေါင်းစပ်တတ်ရင် ကိုယ်ပိုင်စတိုင်လ်ဆိုတာ ဖြစ်လာပါတယ်။ကိုယ်သုံးနိုင်တဲ့ ငွေကြေးပမာဏနဲ့ အဝတ်အစားတွေကို ဘယ်လိုပေါင်းစပ်ဝတ်ဆင်ရမလဲဆိုတာ သိထားဖို့လိုအပ်ပြီး သင့်တော်တဲ့ အဝတ်အစားတွေ၊ခေတ်ရေစီးကြောင်းနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်အသုံးအဆောင်တွေကို ရင်းနှီးမြှပ်နှံပါ။

 

၆။ ကိုယ်နဲ့ ကွက်တိဖြစ်တဲ့ အဝတ်အစားတွေကို ဝတ်ဆင်တယ်။

တင်းကျပ်လွန်းတဲ့ အဝတ်အစားတွေ၊ပွလွန်းချောင်လွန်းတဲ့ အဝတ်အစားတွေက ဘယ်လိုခန္ဓာကိုယ်မျိုးနဲ့မဆို ကြည့်မကောင်းတာအမှန်ပါ။ ကိုယ့်ခန္ဓာကိုယ်အချိုးအစားကို ပေါ်လွင်ပြီး ကိုယ်နဲ့ကွက်တိဖြစ်တဲ့ အဝတ်အစားတွေက ရွေးချယ်ဖို့ အကောင်းဆုံးဖြစ်ပြီး အဝတ်အစား ဝယ်တဲ့အခါ မှန်ကန်တဲ့ ဆိုဒ်၊လိုက်ဖက်တဲ့ပုံစံဖြစ်ဖို့ လိုအပ်ပါတယ်။

 

၇။ အတွင်းခံကိုလည်း သေချာရွေးချယ်ဝတ်ဆင်တယ်။

စတိုင်လ်ကျဖို့အတွက် အတွင်းခံအဝတ်အစားတွေက ကောင်းမွန်မှန်ကန်ဖို့လည်း လိုအပ်ပါတယ်။တင်းကျပ်လွန်းတဲ့ ဘရာကြိုးတွေက သင့်ပခုံးကို နာကျင်စေသလို လျော့ရဲလွန်းတဲ့ ဘရာတွေကလည်း သင့်ရင်သားကို ပုံမကျဖြစ်စေပါတယ်။အတွင်းခံဝတ်စုံတွေ ဝယ်တဲ့အခါ ခန္ဓာကိုယ်မှာသက်တောင့်သက်သာ ဖြစ်နေဖို့၊ မှန်ကန်တဲ့ ပုံစံနဲ့ ဆိုဒ်ဖြစ်ဖို့၊အရည်အသွေးကောင်းဖို့ အမြဲ သတိထားပါ။

 

Myanmar Textile & Garment Guide

source :moda magazine

Read 716 times
Rate this item
(0 votes)