What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သိုးမွှေးထည်လျှော်ဖွတ်ခြင်းနှင့်ချည်ထည်လျှော်ဖွတ်ခြင်းအဆင့်ဆင့်

သိုးမွှေးထည်တို့ ချည်ထည်အ၀တ်အစားတွေ လျှော်ဖွတ်ရာတွင်လည်းနည်းလမ်းတွေရှိပါတယ်။

အဲ့လိုသေချာမလျှော်ဖွတ်လျှင် အထည်များပျက်စီးနီုင်တာမို့ လျှော်နည်းလေးကြည့်လိုက်ရအောင်........

သိုးမွှေးထည်လျှော်ဖွတ်ခြင်းအဆင့်ဆင့်

သိုးမွှေးထည်ကို လျှော်ဖွတ်ရာတွင် သိုးမွှေးဟာ အပူ၊ ရေနှင့် ထိတွေ့မှုကို ခံစားလွယ်ပါတယ်။

သိုးမွှေးထည်ကို လျှော်ပါက နူးညံ့သည့်အတွက် ရေအေးတွင် အထူးဆပ်ပြာဖြင့် လျှော်ရမှာဖြစ်ပါတယ်။

အခြောက်လျှော်ခြင်းသည် အန္တရာယ်အကင်းဆုံးနည်းလမ်းဖြစ်ပြီး တချို့သိုးမွှေးထည်များသည် ရေအေးတွင် လျှော်နိုင်ပါတယ်။

သိုးမွှေးထည်ကို မကြာခဏလျှော်ဖွတ်ခြင်းသည် ယင်းသိုးမွှေးထည်ကို သက်တမ်းတိုစေသည်။ လျှော်ဖွတ်နေစဉ်အတွင်း ဘလပ်ဖြင့် ပွတ်တိုက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။

သိုးမွှေးထည်များကို လျှော်ဖွတ်ရာတွင်လည်း ခြောက်သွေ့စေရန် လိမ်၍ မညှစ်ရပေ။ အခြောက်ခံစက်ဖြင့်လည်း အခြောက်ခံခြင်းတို့ကို မပြုလုပ်သင့်ပေ။

သိုးမွှေးထည်ကို မီးပူတိုက်စဉ်အတောအတွင်း မီးပူတိုက်သည့်ခလုတ်တွင် wool အမှတ်အသားတွင် ထား၍ တိုက်သင့်ပါတယ်။

 

ချည်ထည်လျှော်ဖွတ်ခြင်းအဆင့်ဆင့်

ချည်ထည်ကို အတော်အသင့်သာ ဂရုစိုက်ရန်လိုသော

ချည်မျှင်အမျိုးအစားဖြစ်ပြီး အ၀တ်လျှော်စက်ထဲတွင် ရေနွေး၊ သာမန်ဆပ်ပြာတို့နှင့် လျှော်ဖွတ်နိုင်ပါတယ်။

ချည်ထည်ကို လျှော်ဖွတ်ရာတွင် ရေမခါလျှင် ရှုံ့တွကြေမွသွားတတ်ပါတယ်။

ချည်ထည်သည် တာရှည်ခံပြီး မြင့်မားသော အပူချိန်တွင် လျှော်ဖွတ်ဒဏ် ခံနိုင်ပါတယ်။

ချည်ထည်ကို အခြောက်ခံစက်ထဲတွင် နိမ့်သောအပူချိန်ဖြင့် ချိတ်လှမ်း၍လည်း အခြောက်ခံနိုင်ပါတယ်။

အခြောက်ခံသောအချိန်ကြာမြင့်ပါက ချည်ထည်အရောင်မှိန်သွားတတ်ကြောင်း သိရပါတယ်။

ချည်ထည်သည် အလွန်ကြေမွတွန့်ကြေနိုင်သဖြင့် မီးပူတိုက်စဉ် ဆန့်ပြန့်အောင် မကြာခဏ လက်ဖြင့် ဖိပေးရမှာ ဖြစ်ပါတယ်။

ကွမ်းတံထွေးအစွန်းများ၊ သံချေးကွက်အစွန်းများ အစရှိသည့် အစွန်းအထင်းများပေါ်တွင် မီးပူကို တိုက်မိပါက အစွန်းအထင်းမပျောက်ဘဲ ကျန်နေတတ်ပါတယ်။

Read 1587 times
Rate this item
(0 votes)