What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဈေးကြီးတဲ့အရာတွေချည်းပဲ ဝတ်ထားသယောင်ဖြစ်အောင်နေနည်း

လူတစ်ယောက်ဥပတိရုပ်ကောင်းနေစေဖို့ရုပ်ရည်လှခြင်း၊မလှခြင်းနဲ့မသက်ဆိုင်ဘဲဝတ်စားဆင်ယင်မှုကလည်းအများကြီး သက်ရောက်မှုရှိပါတယ်။နာမည်ကြီးBrandedတွေဘာကြောင့်ဈေးတွေအဆမတန်ကြီးနေရသလဲ…။

ဝတ်လိုက်တာနဲ့လူကိုယုံကြည်မှုရှိစေပြီးပေါ့ပါးလွတ်လပ်တဲ့ခံစားမှုကိုပေးစွမ်းနိုင်လို့ပါပဲ။တခါတလေ ဈေးကြီးBrandedမှန်းမသိရအောင် ဒီဇိုင်းတွေကရိုးလွန်းပါတယ်။ဒါပေမယ့် ၀တ်ရတာသက်တောင့်သက်သာနဲ့ စတိုင်ကျလို့ ဈေးကြီးပေးရခြင်းဖြစ်ပါတယ်။ မိန်းကလေးတွေအနေနဲ့အများနည်းတူ စတိုင်ကျလှပချင်ပေမယ့် တချို့ Brandedတွေက ကိုယ့်ရဲ့ဝင်ငွေနဲ့အနားတောင်မ ကပ်နိုင်ပါဘူး။အခုတော့ ကိုယ့်မှာရှိတဲ့အ၀တ်အစားကို ဈေးကြီးပေးရတဲ့ပုံစံမျိုးဖြစ်အောင် ဒီဇိုင်းဆင်ဝတ်နိုင်မယ့်နည်း လမ်းကောင်းလေးတွေ Shwemomပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်။

(၁)အသေးအဖွဲအတွက်ပိုက်ဆံအကုန်မခံပါနဲ့
အဖြူရောင် တီရှပ်လေးတစ်ထည်အတွက် ဈေးကြီးပေးကုန်ကျမခံပါနဲ့။အဲဒီအစား ခေတ်ရေစီးကြောင်းအလိုက် သားရေဂျက် ကတ်၊ကျင်းကုတ်စသဖြင့် သင့်ရဲ့ ဒီဇိုင်းကိုသာမန်ထက်ပိုပြီးထူးခြားသွားစေမယ့် ဆင်ယင်မှုမျိုးအတွက်အသုံးချပါ။ ဒါ့အပြင် ဈေးပေါတဲ့အကျီ င်္ဟာတချိန်တည်းမှာပဲ ဈေးကြီးတဲ့ Brandedဒီဇိုင်းဖြစ်သွားနိုင်ပါတယ်။ဆိုလိုတာက ကြယ်သီး၊ အိတ်ကပ်၊ခါးစည်းကြိုးစတဲ့နေရာလေးတွေမှာ ဈေးကြီးတဲ့ အဆင်တန်ဆာတွေနဲ့ ပြောင်းလဲဒီဇိုင်းထွင်နိုင်ပါတယ်။

(၂)Neutral Colors
အသားရောင်၊ ခရင်မ်ပါတဲ့ကော်ဖီရောင်စသည်တို့ဟာ ဈေးကြီးတဲ့ဒီဇိုင်းလေးတွေအဖြစ်မြင်စေပါ တယ်။အထူးသဖြင့် ရာသီဥတုအခြေအနေနဲ့လိုက်ဖက်ညီစွာ ကုတ်အကျီ င်္၊ဘောင်းဘီရှည်ကို neutralဖြစ်တဲ့အရောင်ရွေးချယ်ဝတ်ဆင်ရင် ယုံကြည်မှုရှိရှိစတိုင်ကျလှပနိုင်ပါတယ်။

(၃)အညိုရောင်ကဲ့သို့သော အရောင်ရင့်များရှောင်ပါ
အညိုရောင်၊မရမ်းရောင်၊ခရမ်းရောင်စသည့်အရောင်ရင့်ဝတ်ဆင်ခြင်းကိုရှောင်ပါ။အဲဒီလိုအရောင်တွေကသင့်ရဲ့ဝတ်စား ဆင်ယင်မှုတန်ဖိုးကိုနိမ့်စေပါတယ်။အဲဒီအစား အဖြူရောင်၊ အညိုဖျော့ရောင်တီရှပ်၊အပြာနု၊ပန်းရောင်နုတို့အပြင် အနက်ရောင်ခပ်မှိုင်းမှိုင်းကိုလည်းဝတ်ဆင်နိုင်ပါတယ်။
(၄)အကျီ င်္တွေကိုအငွေ့ခံပါ
အင်္ကျီကတွန့်ကြေနေရင် ဈေးသင့်တဲ့အမျိုးအစားဆိုရင်တောင် ဈေးပေါသလိုထင်ရပါတယ်။အဲဒါကြောင့်အကျီ င်္တွေကို အမြဲတမ်းမီးပူတိုက်ပေးရပါတယ်။ စိတ်မကောင်းစရာတစ်ခုကတချို့ဈေးပေါတဲ့အကျီ င်္တွေဟာအရည်အသွေးမကောင်း တဲ့အတွက်မီးပူတောင်တိုက်ဖို့အဆင်မပြေနိုင်ပါဘူး။အဲဒီအခါ အကျီ င်္ကိုချိတ်နဲ့ပြန့်အောင်ချိတ်ပြီးရေနွေးငွေ့ခံပေးနိုင် ပါတယ်။

(၅)အလွန်အကျွံမဖြစ်ပါစေနဲ့
ဈေးကြီးပေးရတဲ့အ၀တ်အစားတွေမှာ ရိုးရှင်းတဲ့ဒီဇိုင်းတွေရှိသလို ဆန်းသစ်တီထွင်လွန်းတဲ့ဒီဇိုင်းတွေလည်းရှိပါတယ်။ ဥပမာဒေါ်လာဘယ်နှထောင်တန်ဝတ်စုံ၊ ဒေါ်လာဘယ်ထောင်တန် ဖိနပ်ဆိုတာတွေကြားဖူးကြမှာပါ။ဒါပေမယ့် အဲဒီလိုဒီဇိုင်းတွေကနေ့စဉ်လှုပ်ရှားသွားလာနေရတဲ့ဘ၀မှာသိပ်ပြီးအသုံးမ၀င်ပါဘူး။ဒါကြောင့် ကျောက်မျက်ရတနာ၊ အဆင်တန်ဆာတွေနဲ့ပြင်ဆင်ချုပ်လုပ်ထားတဲ့ ၀တ်စုံတွေကိုဝယ်မယ့်အစား ပေါ့ပေါ့ပါးပါးစတိုင်ကျတဲ့တီရှပ်နဲ့အဖိုးတန် လက်ဝတ်ရတနာတစ်ခုခုဝယ်တာကသင့်အတွက်ပိုပြီးအသုံးဝင်မှာပါ။

source:shwemom

Read 3472 times
Rate this item
(0 votes)