What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အ၀တ်အစားနဲ့ အသုံးအဆောင်တွေမလိုအပ်ဘဲ မ၀ယ်မိစေဖို့ အတွက် ကူညီပေးမယ့်အချက် ၆ချက်

 တစ်လတစ်လ အဝတ်အစားဖိုးတွေ၊ အခြားသော accessory ဖိုးတွေနဲ့ ဝင်ငွေထွက်ငွေ မမျှတော့ တဲ့အတွက်

အာရုံနောက်ရတဲ့ ပြသနာကနေ ကင်းဝေးဖို့ ဘယ်လို လုပ်ဆောင်ကြည့်ရမယ် ဆိုတာ ပြောပြပေးမယ်နော်။

 ကိုယ်နှစ်သက်တဲ့ အရာ ဆိုရင် ဘာမှသိပ်တွေးလေ့မရှိပဲ စွတ်ဝယ်တတ်တဲ့ အကျင့်ရှိတတ်ကြပါတယ်။ ကိုယ်ကြိုက်တဲ့ ဒီဇိုင်မျိုးဆို အကျီ။ cross bag၊ ဖိနပ် ဘယ်နှစ်ခါတွေ့တွေ့ ဝယ်မိတာမျိုးပါ။အရောင်တူ ဒီဇိုင်းတူတွေ အများကြီး ဖြစ်နေတတ်ပါတယ်။ အဲ ဒါက ကိုယ်တကယ် ကြိုက်တဲ့အပြင် သုံးလည်း သုံးဖြစ်လို့ ဝယ်တာမျိုးပေါ့။ နောက်တစ်ခုက တကယ်လည်း မဆင်မြန်းဖြစ်ပဲ လိုချင်လို့ ရှိသင့်တယ်ဆိုပြီး ဇွတ် ဝယ်တာမျိုးတွေလည်း ရှိပါသေးတယ်။ ဒီတော့ ကိုယ်တကယ် အသုံးမလိုတဲ့ အရာတွေကို ဘယ်လိုလျှော့ပြီး ဝယ်သင့်လဲ။ အဲ့ဒီပြသနာကို ဘယ်လို ရှင်းရမလဲဆိုတာလေး ပြောရရင်.............

(၁) အပေါ်ကပြောသွားတဲ့ အရာထဲမှာ တကယ်မသုံးဖြစ်ပဲ ဝယ်တာမျိုးကို စာရင်းလုပ်ပါ။နားစွဲတွေ၊ ဒေါက်မြင့်တွေ၊ ankle boot နဲ့ jean jacket တွေ ဝယ်ပြီး တစ်ခါ နှစ်ခါလောက်ပဲ ဝတ်ဖြစ်တာတွေရှိတတ်ကြတယ်။ ဖိနပ်အမြင့်တွေဆို နာရီပိုင်းသာစီးဖြစ်တာမျိုးပါ။ ဒီတော့ ဒါမျိုးကို စာရင်းလုပ်ပြီး ကိုယ်တကယ် မသုံးဖြစ်တဲ့ အရာတွေကို မဝယ်မိအောင်နေပါ။ ဒါဝယ်မယ့်အစား ဘာလေးတစ်ခုခု လုပ်မယ် ဒါမှမဟုတ် ဘယ်လိုစုမယ် ဆိုတာမျိုးတွေးပါ။

(၂)မဝယ်မိအောင် နေပါလို့ ပထမတစ်ချက်မှာ ပြောတော့ အပြောကတော့ လွယ်တယ်လို့ ဆိုပါ လိမ့်မယ်။ ဒီတော့ ကိုယ့်ဘက်က ငါဒီလ ဘာလေးပဲ ဝယ်မယ်ဆိုတာလေး စိတ်ထဲမှတ်ထား ပါ။ ဘတ်ဂျက်ဘယ်လောက်ပဲ သုံးမယ် ဆိုတာလေး မဖြစ်မနေ ချမှတ်ထားလိုက်ပါ။ ပိုက်ဆံကို မသုံးဖြစ်အောင် လိုသလောက်ပဲ ထုတ်ထားတာပြီး ကျန်တာ ဘဏ်ထဲထည့်ထားပါ။

(၃) မိသားစုဝင် ဒါမှမဟုတ် သူငယ်ချင်းနဲ့ ချစ်သူ စတဲ့သူတွေကို တားခိုင်းပါ။ တစ်ခုခု ဝယ်ခါနီး တိုင်း သူတို့နဲ့ ပြောကြည့်ပါ။ ကိုယ့်မှာ ရှိပြီးသား ဆို သူတို့သိနေပါလိမ့်မယ်။ ဒါဆို မဝယ်ဖြစ်အောင် တားပေးဖို့ သူတို့ကို အကူ အညီတောင်းထားပါ။

(၄) Online ကလျှော့ဈေးနဲ့ ရောင်းတာမျိုး၊ လက်ကျန်ဖြတ်တယ် ဘာညာတွေ၊ တစ်ထည်ဝယ် တစ်ထည်လက်ဆောင်ရတယ် ဆိုတာနဲ့ တန်တယ်ဆိုပြီး မဝယ်လိုက်ပါနဲ့။ အလကားရ တယ် အလကားနီးပါးဆိုတာ ဘယ်မှာမှ မရှိပါ ဘူး။ ဗီရိုထဲက မဝတ်ဖြစ်တဲ့ အဝတ်အစားတွေကို မြင်ယောင်ကြည့်ဖို့ မမေ့ပါနဲ့။

(၅) ဝယ်ခါနီးတိုင်း တစ်ရက် ဒါမှမဟုတ် နှစ်ရက် စဉ်းစားချိန်ယူပါ။ စဉ်းစားချင့်ချိန်ကြည့်ဖို့ အချိန်ယူလိုက်ရင် ဝယ်ချင်တဲ့စိတ် နည်းသွားနိုင်ပါ တယ်။ တကယ်လို တယ်ဆိုရင်တော့ ဝယ်ပါ။

(၆) တွေ့သမျှ Online Shop Page တွေကို အချိန်ကုန်ခံပြီး လိုက်ကြည့်နေတာမျိုး၊ အချိန်ပေး တာမျိုး မလုပ်ပါနဲ့။ ကိုယ့် Facebook.wall တစ်ခုလုံး OS တွေရဲ့ ပို့စ်တွေချည်းပဲ ဆိုရင် ဝယ်ချင်စိတ်က အနည်းနဲ့အများ ရှိနိုင်တာမို့ သုံးပုံနှစ်ပုံကို page unlike ပြန်လုပ်လိုက်ပါ။ အဲ့ဒါတွေ လိုက်ကြည့်ရင်း အချိန်ကုန်မယ့်အစား အခြားတစ်ခုခု ပြောင်းလုပ်ပါ။

ကဲ ဒီအချက် ၆ ချက်ကတော့ လက်တွေ့ ကျင့်သုံးနိုင်တဲ့ နည်းလေးတွေပါပဲ။ ခုထိ ခက်ခဲနေ တဲ့ အပိုင်းလေးတွေ ရှိပေမယ့် နောက်ပိုင်း တဖြည်းဖြည်း အဆင်ပြေလာမယ်လို့ ယုံကြည်ပါ တယ်။ ဒါ့ကြောင့် လိုအပ်တာကိုဝယ်၊ မလို တာတွေ ထပ်မဝယ်မိစေဖို့ ကိုယ့်စိတ်ကို ကိုယ် နည်းနည်းထိန်းကြည့်လိုက်ကြရအောင်နော်။

Read 1215 times
Rate this item
(0 votes)