What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုယ့်ခန္ဓာကိုယ်နဲ့လိုက်ဖက်တဲ့ ရေကူးဝတ်စုံကို ဘယ်လိုရွေးချယ်မလဲ

ကိုယ့်ခန္ဓာကိုယ်နဲ့လိုက်ဖက်တဲ့ ရေကူးဝတ်စုံကို ဘယ်လိုရွေးချယ်မလဲ google

ခရီးသွားရာသီလည်းရောက်နေပြီဆိုတော့ ကမ်းခြေမှာ အပန်းဖြေကြမယ့် မိန်းကလေးတွေအတွက် ပြောချင်တာကတော့ ရေကူးဝတ်စုံဝတ်ဖို့ တွန့်ဆုတ်မနေသင့်ဘူးနော်။

ဘယ်လိုခန္ဓာကိုယ်ပုံစံမျိုးပဲဖြစ်နေပါစေ ရေကူးဝတ်စုံဝတ်လို့ရပါတယ်။ ဘယ်လိုရွေးချယ်ဝတ်ဆင်ရမလဲဆိုတာ အထာနက်ဖို့တော့ လိုပါတယ်နော်။ ဒီတော့ ၀၀၊ ပိန်ပိန် လှပနေအောင် ကိုယ့်ခန္ဓာကိုယ်ပေါ်လိုက်ပြီး ရေကူးဝတ်စုံ ဘယ်လိုရွေးချယ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်။

၁။ One Piece

One Piece ကိုတော့ ဘယ်လိုကောင်မလေးမျိုးတွေ ၀တ်သင့်လဲဆိုရင်တော့ ရင်ကျယ်ပြီး ကိုယ်ခန္ဓာလှမယ်။ ပြီးတော့ ဗိုက်ခေါက်လေးတွေရှိပြီးတော့ တင်ကားတဲ့ကောင်မလေးမျိုးတွေနဲ့ သင့်တော်တဲ့ ရေကူးဝတ်စုံပုံစံပဲဖြစ်ပါတယ်နော်။

 

swimsuit1

 


၂။ Retro Bikini

ဒီလို ရေကူးဝတ်စုံမျိုးကိုတော့ ရင်ကျယ်ပြီး တင်လှတဲ့ကောင်မလေးတွေနဲ့ သင့်တော်ပါတယ်။ ဗိုက်ခေါက်လေးတွေထွက်နေရင်လည်း အမြင့်ဝတ်ရတဲ့ ဒီလို Retro Bikini ကို ၀တ်သင့်ပါတယ်လို့။

 

swimsuit2

 

 

၃။ Microkini

Microkini ကိုတော့ ရင်ကျဉ်းပြီး တင်ကားတဲ့ ကောင်မလေးတွေ ၀တ်သင့်ပါတယ်လို့။ နောက်ပြီး သစ်တော်သီးလေးလို လှမယ်ဆိုရင်လည်း Microkini ကို ၀တ်ပါလို့။

 

swimsuit3

 

 


၎။ Bandeau

ရင်အုပ်ကျယ်ပြီး အားကစားသမားလေးတစ်ယောက်လို ကိုယ်ခန္ဓာလှပေမယ့် ခြေထောက်လေးတွေ တိုတယ်ဆိုရင်တော့ Bandeau ကို ၀တ်ပါနော်။

 

swimsuit4

 

၅။ Monokini

Monokini ကတော့ လည်ပင်းတိုပြီး ကိုယ်ခန္ဓာဖြောင့်တဲ့ကောင်မလေးတွေ ၀တ်သင့်ပါတယ်။ ဒီလိုကောင်မလေးမျိုးဟာ Monokini ကို ၀တ်မယ်ဆိုရင် လှနေမှာအသေအချာပါပဲ။

 

swimsuit5

 

 

ဒီတော့ ကမ်းခြေသွားလို့ ကိုယ့်ရဲ့ ကိုယ်ခန္ဓာကို စိတ်မကျေနပ်ဘဲ ရေကူးဝတ်စုံမယူသွားဘဲနဲ့တော့ မနေပါနဲ့နော်။ ကိုယ်နဲ့ လိုက်ဖက်တဲ့ ရေကူးဝတ်စုံလေးကို ထည့်ဖြစ်အောင် ထည့်သွားလိုက်ပါဦး။

Source; Lifestyle

 

Myanmar Textile and Garment Directory

အဝတ်အစား ဆိုင်တွေကို သိချင်ရင်တော့

Read 2197 times
Rate this item
(0 votes)
Tagged under