What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်ရဲ့ ဖက်ရှင်တွေ ဒိတ်အောက်မသွားစေဖို့ နည်းလမ်းများ

လူတစ်ယောက်နဲ့တစ်ယောက် စပြီးတွေ့တဲ့အခါ ပထမဆုံး Impression က အရေးကြီးသလို နောက်ဆုံး Impression ကလည်းအရေးကြီးပါတယ်။ ဒါကြောင့် သင့်ရဲ့ ဖက်ရှင်၊ ဝတ်ပုံစားပုံက သိပ်ကို အရေးပါလှပါတယ်။

ကိုယ်သွားမယ့်နေရာဒေသနဲ့ လိုက်ဖက်အောင် ဝတ်စားဆင်ယင်တတ်ဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ဖက်ရှင်တွေကို OutDated မဖြစ်စေဘဲ အမြဲတမ်း သစ်လွင်နေစေမယ့် နည်းလမ်းတချို့ကို မျှဝေပေးချင်ပါတယ်။

အလွန်အမင်း Sexy ကျတဲ့ အဝတ်အစားတွေကို ရှောင်ပါ

1
မီနီစကတ် တိုတို ကြပ်ကြပ်တွေဟာ Outdated ဖြစ်နေပါပြီ။ အဲဒီလို စကတ်တိုတိုကြပ်ကြပ်ကို ဒေါက်ဖိနပ်နဲ့ တွဲဝတ်တာမျိုးကလည်း သိပ်ပြီးခေတ်မစားတော့ပါဘူး။ ဒီနေ့ခေတ် ဖက်ရှင်ရေစီးကြောင်းက နည်းနည်းချောင်တဲ့ ပွတဲ့ စကတ်ကို ဝတ်ဆင်လာကြပြီး တိုတိုလေးထက် ဒူးဖုံးတဲ့ စကတ်တွေ ခေတ်စားနေတာပါ။

ဒေါက်ဖိနပ်ပဲ အမြဲဝတ်နေတာ ဖက်ရှင်မကျတော့ပါဘူး

2
အမြဲလိုလို ဒေါက်ဖိနပ်ပဲ ဝတ်နေမှ လှမယ်ဆိုတဲ့ အတွေးကို ထားခဲ့လိုက်ပါတော့။ ဒေါက်ဖိနပ်ခေတ်မစားတော့ပါဘူး။ အခုဆို ဒေါက်ဖိနပ်နည်းနည်းပါတဲ့ (သို့) ရှုးဖိနပ်ပါးပါးပဲ ခေတ်စားနေတာပါ။

ကိုယ်ဝတ်မယ့် Accessories ပစ္စည်းတွေနဲ့ အရောင်တူလိုက်မဝတ်ပါနဲ့

3
ရှုးဖိနပ်၊ အင်္ကျီ အရောင်၊ အိတ်၊ ဦးထုပ် စတဲ့ ကိုယ်ဝတ်မယ့် အဝတ်အစားနဲ့ Accessories ပစ္စည်းတွေကို အရောင်တူ လိုက်ဝတ်တာမျိုးက ဖက်ရှင်မကျတော့ပါဘူး။ မတူတဲ့ အရောင်လေးတွေ၊ ဒီဇိုင်းလေးတွေကို တွဲဖက်ဝတ်ဆင်တာမျိုး အခုခေတ်စားနေတာပါ။

ရွှေနဲ့ တန်ဖိုးကြီး လက်ဝတ်လက်စားများ

4
ရွှေဆွဲကြိုး၊ လက်ကောက်၊ လက်စွပ်တွေ ပြူးပြူးပြဲပြဲဝတ်တာမျိုးက ခေတ်နောက်ကျ ကျန်ခဲ့ပါပြီနော်။ အဲဒီအစား Pink Gold လေးတွေ၊ ဖန်စီဆန်ဆန် လက်ဝတ်လက်စား အသေးလေးတွေက ခေတ်စားနေပါပြီ။

ချက်အောက်ဘောင်းဘီတွေ ခေတ်မစားတော့ပါဘူး

5
ချက်ပြုတ်ဘောင်းဘီတွေ၊ ဂျင်းပန့်တွေဟာ ခေတ်မစားတော့ပါဘူး။ ခါးမြင့်မြင့်ပါတဲ့ ဂျင်းဘောင်းဘီတွေ၊ ပန့်ဘောင်းဘီတွေက အခုခေတ်စားနေတာပါ။

ခရစ္စတယ်တွေပါတဲ့ ဖက်ရှင်တွေဟာ ခေတ်နောက်ကျကျန်ခဲ့ပါပြီ

5
အဝတ်အစားမှာ ခရစ္စတယ်လို အရောင်လက်လက်တွေပါတာဟာ ၂ဝဝဝ ခုနှစ်မှာ ကျန်ခဲ့ပါပြီ။ သင့်ကိုပိုပြီး ဖက်ရှင်ကျစေဖို့ Metallic အဝတ်အစားတွေကို ဝယ်ကြည့်လိုက်ပါ။

ဆံပင်ကို ခေါင်းစည်းကြိုးနဲ့ စည်းတာဟာ ခေတ်မစားတော့ပါဘူး

6
ဆံပင်ကို ခေါင်းစည်းကြိုးတွေနဲ့ စည်းတာ ခြည်တာဟာ ခေတ်မစားတော့ပါဘူး။ သင့်ဆံပင်နဲ့ အပေါ်ကနေ တစ်ပတ်လောက် ပြန်ပတ်ပြီး ကလစ်တွယ်ထားလိုက်ပါ။

ဆံပင်ကို သပ်သပ်ရပ်ရပ် အမြဲထားစရာမလိုပါဘူး

7
ဆံပင်ကို ခပ်ပွပွ ခပ်ရှုပ်ရှုပ်ထားတာဟာ ဖက်ရှင်တမျိုးဖြစ်ပြီး သင့်ကို သဘာဝကျကျလှစေပါတယ်။

လက်သည်းအရမ်းရှည်ရှည်တွေ မထားပါနဲ့

8
လက်သည်း အရမ်းရှည်ရှည်ထားတာမျိုး ခေတ်မစားတော့ပါဘူး။ အခုဆို လက်သည်းကို နည်းနည်း တိုတိုလေး ထားနေတာမျိုး ခေတ်စားနေတာပါ။

 

Source:my style

Read 1439 times
Rate this item
(0 votes)