What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်ရဲ့ ဖက်ရှင်ကိုဆန်းသစ်ချင်သူတိုင်း Try ကြည့်သင့်တဲ့ Tips (၅)မျိုး

ကိုယ့်မှာရှိပြီးသား အပိုင်းအစအဆင်တန်ဆာလေးတွေနဲ့ပဲ သင့်ရဲ့ စတိုင်ကိုအဆင့်မြှင့်တင်လို့ရပါတယ်။သင့်အတွက်နေ့ရက်တိုင်းမှာစတိုင်ကျနေဖို့ဆိုတာလည်းသိပ်တော့လွယ်ကူမယ်မထင်ဘူး။ ရာသီဥတုအနေအထားကိုကြည့်ရ၊ကိုယ်သွားမယ့်occasion ကိုကြည့်ရနဲ့တော်တော်ခေါင်းစားရတယ်။

ဒီကြားထဲဝတ်တဲ့စတိုင်တွေကိုလည်းအတတ်နိုင်ဆုံးမထပ်အောင်စဉ်းစားရသေးတယ်လေ။ အဲ့တော့အင်္ကျီတွေထပ်ဝယ်စရာမလိုပဲ ကိုယ့်Closet ထဲက Outfitလေးတွေကိုပဲဘယ်လိုစတိုင်ပြောင်းလဲပြီးဝတ်လို့ရလဲဆိုတာပြောပြမယ်နော်။

Skinny Jeans တွေကို Leggings အဖြစ်လည်းဝတ်ဆင်ကြည့်ပါ
မိန်းကလေးတွေအသည်းစွဲဖြစ်တဲ့Skinny Jeans တွေကို CropTop၊ LooseTop၊ LaceTop တွေနဲ့အများအားဖြင့် အပေါ်ကခပ်တိုတို Top တွေနဲ့သာဝတ်ဆင်လေ့ရှိပါတယ်။ဒါပေမဲ့ ဒီSkinnyJeansတွေကို Leggings လိုသဘောထားပြီး Dress အရှည်တွေ Topအရှည်တွေနဲ့တွဲဝတ်ရင်လည်းအထာကျတယ်ဆိုတာကိုတော့သိတဲ့သူသိပ်မရှိသလောက်ပါပဲ။ သင့်ရဲ့  Skinny Jeans လေးကိုဒီလိုနေရာမှာအသုံးချဖို့မတွေဝေနဲ့တော့နော်။
အပေါ်အောက်ခပ်ပွပွစတိုင်ကလည်းအသွင်တစ်မျိုးဆန်းပါတယ်
ကျွန်မတို့သိခဲ့တဲ့ဖက်ရှင်စည်းမျဉ်းတစ်ခုကဖက်ရှင်ဆိုတာ Balance ဖြစ်ရမယ်ဆိုတာပါပဲ။ ဆိုလိုတာက အပေါ်ကို Fit (သို့) အကျပ်ဝတ်တယ်ဆိုအောက်ကို Loose ဖြစ်တဲ့ခပ်ပွပွဝတ်ပြီး အပေါ်ကခပ်ပွပွတွေဆိုရင်အောက်ကိုယ်လုံးအလှကိုပေါ်လွင်စေတဲ့ အကျပ်တွေဝတ်ရမယ်ဆိုတာပါပဲ။တစ်ခါတစ်လေလည်းဒီ Rules တွေကိုချိုးဖောက်လို့သင့်ရဲ့ စတိုင်ကရုပ်မဆိုးသွားပါဘူး။ Topနဲ့Bottom နှစ်ခုစလုံးကိုအပွလေးဝတ်ဆင်ကြည့်လိုက်ရင် Fashionista တစ်ယောက်လိုလှနေမယ့်အပြင်ပေါ့ပါးလွတ်လပ်မှုကလည်းအပြည့်ပဲနော်။ Coat,Jacket တွေထပ်ဝတ်ပြီးတော့ဖြစ်ဖြစ် Accessories လေးတွေဖြည့်စွက်ပြီးတော့လည်း Look ကိုအားဖြည့်လို့ရပါတယ်။
Jacket (သို့) Shirt လေးတွေကိုခါးမှာချည်ပြီးတော့လည်း Accessories တစ်ခုလိုစတိုင်ထုတ်လို့ရပါတယ်
သင့်ရဲ့ Jacket ဒါမှမဟုတ် Shirt လက်ရှည်လေးတွေကိုလည်းပူလို့အပေါ်ကနေထပ်မဝတ်ချင်တဲ့အခါ ဒီအတိုင်းခါးလေးမှာပဲချည်ပြီးအပြင်ထွက်သွားလိုက်ပါ။ Dress ပဲဝတ်ဝတ် တခြားPants ပဲဝတ်ဝတ်ဒီလိုလေးခါးမှာချည်ထားလိုက်ရင် တခြားအဆင်တန်ဆာမလိုပဲစတိုင်ကျနေမှာပါနော်။
Blazer Suits တွေကို OfficeWear အနေနဲ့မဟုတ်ပဲ Sexy ဆန်အောင်လည်းဝတ်လို့ရပါတယ်
Blazer Coatနဲ့ Style Pants တွေကို ယောင်္ကျားလေးတွေနဲ့ Office ဖက်ရှင်အဖြစ်သာဝတ်ဆင်ကြတာများပါတယ်။ ဒါပေမဲ့ ဒီ Blazer Suit တွေနဲ့သင့်ရဲ့ စတိုင်ကို Level တစ်ခုထိမြှင့်တင်လို့ရပါတယ်နော်။ အထဲကနေကြိုးတစ်ချောင်း Camisole topတွေ Collar ပါတဲ့Shirt တွေဘာမှမခံဘဲဒီတိုင်းဝတ်လိုက်ရင်သင့်ကို Sexy ကျစေပြီး ရင်ဘတ်နဲ့ Collar Bonesအလှကိုပေါ်လွင်စေမှာပါ။ဒီဖက်ရှင်လေးနဲ့ဆို Evening Dinner တွေ Event Party တွေမှာစွဲဆောင်မှုရှိရှိနဲ့ပေါ်လွင်နေမှာနော်။တကယ်လို့အဲ့အတိုင်းမဝတ်ရဲရင်လည်း လည်းပင်းမှာပဝါပါးပါးလေးပတ်ထားလို့ရပါတယ်။
တီရှပ်(သို့) ရှပ်အင်္ကျီအဖျားကိုKnot လေးချည်ပြီးဝတ်ကြည့်ပါ
တကယ်လို့သင့်တီရှပ်တွေ၊ Button-Down Shirt တွေကိုဒီအတိုင်းဝတ်ရတာရိုးနေပြီဆိုရင် Shirt ရဲ့ အဖျားကို အထုံးလေးထုံးပြီး Cropped ပုံစံလေးဝတ်ကြည့်လိုက်ပါ။ ပူအိုက်တဲ့နေ့ဆိုဒီဖက်ရှင်လေးကကွက်တိပဲနော်။ လူငယ်ဆန်ပြီးဆန်းသစ်တဲ့အသွင်တစ်မျိုးကိုလည်းရရှိစေမှာပါ။

source:moda magazine

Read 1527 times
Rate this item
(0 votes)