ခရီးသွားရာသီရောက်တော့မှာဆိုတော့ ခရီးသွားဖို့ အဝတ်အစားတွေ ပြင်ဆင် ရတော့မှာပေါ့။ အဲ့လို ပြင်ဆင်တဲ့အခါမှာ လေယာဉ်နဲ့ သွားမယ်ဆိုရင် မဝတ်ဆင်သင့်တဲ့
ဖက်ရှင် အသုံးအဆောင်တွေကို မျှဝေပေးချင်ပါတယ်။
(၁) လေယာဉ်နဲ့ခရီးသွားကြတဲ့အခါ အဝတ်အစားကျပ်ကျပ်တွေ မဝတ်သွားတာအကောင်းဆုံးပါပဲ။ ဒါမှလည်း လေယာဉ်ပေါ်မှာ သက်သောင့်သက်သာနဲ့နေနိုင်မှာလေ။
(၂) အပေါ်အင်္ကျီတွေ အများကြီး ဝတ်သွားတာတော့ မမှားဘူးနော်။ လိုရင်လိုသလို အသုံးပြုလို့ရတာမို့ ယူသွားသင့်ပါတယ်။
Read: ဒီဇိုင်နာ ကောင်းမြတ် ဖန်တီးခဲ့တဲ့ ဝတ်စုံများ
(၃) နောက်ပြီး ဘောင်းဘီကိုလည်း သက်သောင့်သက်သာရှိပြီး ဆန့်ရလွယ်ကူတဲ့ ဘောင်းဘီမျိုးဝတ်တာ အကောင်းဆုံးပါ။
(၄) နောက်ဆုံးအချက်ကတော့ အရမ်းလေးတဲ့ အသုံးအဆောင်ပစ္စည်းတွေ မဝတ်သွားသင့်ပါဘူး။ ငွေနဲ့လုပ်ထားတဲ့ခါးပတ်ခေါင်း၊ နာရီ၊ နားစွဲ နဲ့ဆွဲကြိုးတွေက metal detector alarm မှာ သွားမြည်တတ်တာမို့ မဝတ်သွားသင့်ပါဘူး။
Source: Nok Air Myanmar
Myanmar Textile and Garment Directory