What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Accessories ပစ္စည်းတွေကို မပျက်စီးအောင် ထိန်းသိမ်းနည်း

Fashion ချစ်သူတွေအတွက် Accessories ဆိုတာ အ၀တ်အစား၊ အိတ်၊ ဖိနပ်တို့လိုပဲ အရေးပါတဲ့ အရာပါ။ ဈေးကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ ကိုယ်ကြိုက်လို့ ၀ယ်ထားတဲ့ အရာတွေ ပျက်စီးသွားရင် နှမြောတတ်ကြတာ သဘာဝပါ။

ကြိုက်လို့ ၀ယ်ထားတဲ့ accessories တွေ ခဏလေးနဲ့ ပျက်စီးမသွားအောင် ဒီနည်းလမ်းတွေနဲ့ ထိန်းသိမ်းပါ။

1.ပထမဆုံးအရေးကြီးတာက accessories တွေကို ဘယ်နေရာမှာ သိမ်းလဲဆိုတာပါ။ အများအားဖြင့် accessories တွေကို stand လေးတွေနဲ့ ချိတ်ထားတတ်ကြတာပါတယ်။ တကယ်တော့ လေထိတာများရင် အရောင်ပြောင်းလွယ်တာကြောင့် ပလတ်စတစ်အိတ်လေးတွေထဲ ထည့်ပိတ်ပြီး ဗူးတစ်ခုထဲ ထည့်သိမ်းတာ အကောင်းဆုံးပါ။ အိတ်ထဲထည့်ထားတော့ အချင်းချင်း ပွတ်တိုက်ပြီး ပွန်းတာမျိုးလည်း မဖြစ်တော့ပါဘူး။

accessories box min

 

2.Body Lotion လိမ်းပြီးပြီးချင်း accessories ၀တ်တာ၊ ရေမွှေးဆွတ်ထားတဲ့ နေရာမှာ ၀တ်တာမျိုးက accessories တွေကို အရောင်ပြောင်းသွားတာမျိုး ဖြစ်စေလို့ အဲ့လိုမလုပ်ပါနဲ့။ ပြီးတော့ Hair Spray မထိပါစေနဲ့။

ring min

မိန်းကလေးတိုင်း မရှိမဖြစ် ပိုင်ဆိုင်ထားသင့်တဲ့ Accessories များ

3.အရောင်မှိန်နေရင်၊ အစွန်းတွေဖြစ်နေရင် အ၀တ်စကို ရေနွေးလေးဆွတ်ပြီး ပွတ်သုတ်ပေးနိုင်ပါတယ်။

hot water min


4.Baby Shampoo ကို သွားတိုက်တံအနုနဲ့ ယူပြီး accessories တွေကိုပွတ်တိုက်ပေးပါ။ ပြီးရင် tissue လေးနဲ့ပွတ်သုတ်ပေးပါ။

accessories clean min

 

5.ရွှေရည်စိမ်နဲ့ ငွေထည်ပစ္စည်းတွေက တစ်ခါနှစ်ခါ ၀တ်ပြီး အရောင်ပြောင်းလာနိုင်တာကြောင့် လက်သည်း ဆိုးဆေးအကြည်နဲ့ သုတ်လိမ်းထားပေးနိုင်ပါတယ်။ နားကပ်ရဲ့ ဖောင်းတံလေးတွေကို သုတ်လိမ်းပေးထား နိုင်ပါတယ်။

nail polish min

 

6.ပန်းကန်ဆေးတဲ့ အခါ၊ ရေကူးတဲ့အခါ ၊ gym မှာ work out လုပ်တဲ့ အခါမှာ accessories တွေကို ၀တ်မထားပါနဲ့။

earring min

 

Source:aunty may

Read 1220 times
Rate this item
(1 Vote)