What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အသက် ၂၀ အထက် သက်လတ်ပိုင်း မိန်းမပျိုလေးတွေမှာ ရှိသင့်တဲ့ ဖက်ရှင်

အသက် ၂၀ အထက် သက်လတ်ပိုင်း မိန်းမပျိုလေးတွေမှာ ရှိသင့်တဲ့ ဖက်ရှင် google

ဒီနေ့မှာတော့ Textile ကနေ အသက် ၂၀ အထက် သက်လတ်ပိုင်း မိန်းမပျိုလေးတွေမှာ ရှိသင့်တဲ့ ဖက်ရှင်လေးတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်ရှင်။

(၁) ဂျင်းဘောင်းဘီ နဲ့ တီရှပ်အင်္ကျီ
ဂျင်းဘောင်းဘီနဲ့ တီရှပ်အင်္ကျီ ဟာ အသက် (၂၀) အရွယ်ကနေ သက်လတ်ပိုင်းတွေအထိ ရှိသင့်တဲ့ ဝတ်စုံ ပဲ ဖြစ်ပါတယ်။

Read: ဂတုံးဆံပင်ပေါက်နဲ့ လိုက်ဖက်တဲ့ ဖက်ရှင်

(၂) သားရေ ဖိနပ်ရှည်
ဒါကတော့ အေးတဲ့ ရာသီ တွေမှာ ဝတ်ဆင်သင့်ပြီး ဘောင်းဘီ အကျပ် တွေနဲ့ လိုက်ဖက်ပါတယ်။ ခန္ဓာကိုယ် ကို ပိုပြီး ပေါ်လွင်စေပါတယ်။ ဖိနပ် အရှည်ကလည်း သင်နဲ့ ကွက်တိဖြစ်ဖို့ လိုပါတယ်။ ချောင်နေရင်တော့ ဘယ်လိုမှ ဖက်ရှင် မကျနိုင်ပါဘူး။

(၃) ပဝါ တစ်ထည်
အမျိုးသမီး တစ်ယောက်အတွက် နီညိုရောင် လို တောက်ပတဲ့ ပဝါ တစ်ထည်တော့ လိုပါတယ်။ သင် နှစ်သက်တဲ့ အရောင်ရင့်ရင့် တစ်မျိုးကို ရွေးပြီး ဆွယ်တာအင်္ကျီနဲ့ တွဲဖက်ဝတ်ဆင်ပါ။

(၄) ဘဲလေးဖိနပ်
ဘောင်းဘီ၊ စကတ် တွေနဲ့ လိုက်ဖက်ပြီး သက်သောင့်သက်သာရှိစေတာကြောင့် တစ်ခါတလေ ဝတ်ဆင်သင့်ပါတယ်။

(၅) အဖြူရောင် ရှပ်အင်္ကျီနဲ့ မီနီ စကတ်
အဖြူရောင်ရှပ် အင်္ကျီတစ်ထည်နဲ့ မီနီစကတ် တစ်ထည်ဟာ အင်တာဗျူးသွားရာမှာပဲဖြစ်ဖြစ်၊ အရေးကြီးဧည့်သည်တွေနဲ့ တွေ့ဆုံပွဲမှာပဲဖြစ်ဖြစ် သင့်ကို ပိုပြီးစမတ်ကျ နေစေတာကြောင့် ပါ။

(၆) ခါးစည်းပါတဲ့ ဂါဝန်တစ်ထည်
ပွဲတက်ရာမှာ ဝတ်ဆင်နိုင်ပြီး ခါးနေရာမှာ စည်းထားတဲ့ ဂါဝန်တွေဟာ သင့်ခါးအလှကို ပိုပြီး ပေါ်လွင်စေတာကြောင့်ပါ။

(၇) ဒေါက်မြင့်ဖိနပ်
ပွဲတက်တဲ့အခါမှာ ဒေါက်မြင့်ဖိနပ် တွေဟာ သင့်ကို အရပ်ရှည်တယ်လို့ ထင်ရစေပြီး ခြေလှမ်းတိုင်းကို ယုံကြည်မှုရှိနေစေပါတယ်။

(၈) သင်နဲ့ကွက်တိဖြစ်တဲ့ ကုတ်အင်္ကျီ တစ်ထည်
ရုံးမှာ သင်နဲ့ကွက်တိဖြစ်တဲ့ ကုတ်အင်္ကျီ တစ်ထည်တော့ ထားသင့်ပါတယ်။ လူကြီးလူကောင်း တွေနဲ့ တွေ့ဆုံပွဲတွေမှာ အပေါ်က ထပ်ဝတ်လိုက်ရုံနဲ့ တခြားဘာမှ ပြင်ဆင်စရာမလိုတော့ဘဲ အဆင်ပြေသွားနိုင်ပါတယ်။

Source : Duuwn

Myanmar Textile and Garment Directory

Read 1398 times
Rate this item
(0 votes)