What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဂတုံးဆံပင်ပေါက်နဲ့ လိုက်ဖက်တဲ့ ဖက်ရှင်

ဂတုံးဆံပင်ပေါက်နဲ့ လိုက်ဖက်တဲ့ ဖက်ရှင် google

ကတုံးဖက်ရှင်နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကတုံးနဲ့မြန်မာဝတ်စုံ မလိုက်ဘူးဆိုတဲ့ အယူ အမြင်မရှိပါဘူး။

မြန်မာဝတ်စုံမို့ ဆံပင်ရှည်လေးနဲ့မှ လှမယ် လို့လည်း မထင်ပါဘူး။ သူ့ဘော်ဒီနဲ့သူ လိုက်ဖက်တာကို ရွေးချယ်တွဲစပ်နိုင်မယ်ဆို အဆင်ပြေပါတယ်။ တကယ်လို မြန်မာဝတ်စုံနဲ့မို့ ကြည့်ရတာတစ်မျိုးကြီးထင်ရင်တော့ ဆံပင်တုစွပ်နိုင်ပါတယ်။

Read: အသက် ၂၀ အထက် သက်လတ်ပိုင်း မိန်းမပျိုလေးတွေမှာ ရှိသင့်တဲ့ ဖက်ရှင်

နောက်ထပ် ဖြည့်ပြောချင်တာက ကတုံးမို့လို့ အဝတ်အစားထက် ပိုအရေးကြီးသွားတာက မျက်နှာပြင်ဆင်ခြယ်သမှုပါ။ အထူးသဖြင့် မျက်ခုံးမွှေးလေးနဲ့ မျက်လုံးခြယ်သမှုဟာ ကတုံးရဲ့ အသက်ပါပဲနော်။ ဒါ့အပြင် မျက်မှန်တပ်တဲ့သူ ဆိုရင်လည်း မျက်မှန်ကိုင်းဘာညာက အရင်ထက် ထင်သာ မြင်သာဖြစ်သွားပြီလေ။ နိုင်ငံတကာမှာဆိုရင်တော့ ကတုံးနဲ့ ပျိုမေ တော်တော်များများက accessory တွေကို ပိုဦးစားပေး ဆင်မြန်းလာကြပါတယ်။ နားကပ်ဆို နားကွင်းကြီးတွေ၊ နားစွဲ၊ septum တွေတပ်လာမယ်၊ မျက်မှန်အမိုက်စားတွေ တပ်မယ် စသဖြင့်ပေါ့။ သူတို့ဆီမှာ ကတုံးတော်တော်များများက ဦးထုပ်လည်း သိပ်မဆောင်းကြပါဘူး။ ကတုံးတုံးတာကိုက ဖက်ရှင်လို့ ခံယူထားတာကြောင့်လည်း ပါပါမယ်။ ဒီမှာတော့ အရမ်းပူနေတော့ ဦးထုပ်တစ်လုံးကတော့ လိုကိုလိုပါ တယ်နော်။

အဝတ်အစားပိုင်းကို ပြောရရင် ကတုံးကေနဲ့ ပျိုမေအတွက် လိုအပ်တာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့ပါ။ ကတုံးနဲ့ဆို အားလုံးကြားမှာထင်းနေတတ်တာကို သိတယ်မလား။ ဒီအားသာချက်ကို ကိုယ်က ကိုယ့်ရဲ့ယုံကြည်မှုရှိတဲ့ အသွင်အပြင် ဖက်ရှင်နဲ့ အရယူလိုက်ပါ။

မိန်းကလေးဆန်ဆန်လေး dress ဝတ်မလား။ Off shoulder လေး ရွေးမလား။ လိုက်ပါတယ်။ ခုနပြောသလို accessory လေးတွေ သေချာရွေးချယ် တွဲစပ်ပါ။

အဖြူနဲ့ဂျင်းလို basic ပဲပြန်သွားမလား။ ရှင်းရှင်းလေးနဲ့ အားလုံးငေးသွားမှာ။

Office Outfits လိုမျိုး စတိုင်ဘောင်းဘီတွေ၊ tight စကတ်တွေ၊ paperbag pant လေးတွေပဲ ရွေးမလား အားလုံးအိုခေပဲ။

ပြောချင်တာကတော့ ကတုံးကေနဲ့ ဖက်ရှင်အားလုံးနဲ့ အဆင်ပြေတယ် ဆိုတာပါပဲ။ ကတုံးကေထက် ပိုစဉ်းစားတွဲစပ်ရမှာက ကိုယ့်ရဲ့ဘော်ဒီအချိုးအစားဆိုတာ မမေ့ပါနဲ့။

ဒီတော့ ကိုယ်ဝတ်ချင်တဲ့ ဖက်ရှင်က ကိုယ့်ဘော်ဒီနဲ့ အဆင်ပြမပြေနဲ့ ဝတ်လိုက်ရင် ကိုယ့်စိတ်ဟာ လွတ်လပ်မှုရှိသလားဆိုတာပေါ် မူတည်ပြီးတော့သာ ရွေးချယ်စေချင်ပါ တယ်။ အပေါ်မှာပြောသလို ပိုအရေးကြီးတာက မျက်နှာခြယ်သမှုနဲ့ accessory ပိုင်းပါ။ အရေးအကြီးဆုံးကတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေဖို့ပါပဲ။

အားလုံးပဲအထာကျလှပနိုင်ကြပါစေရှင်။

Source: I am Fashion

Myanmar Textile and Garment Directory

Read 6485 times
Rate this item
(1 Vote)