What's new



ဆွဲဆောင်မူရှိပြီး sexy ကျတဲ့ အနီရောင်ဖက်ရှင်

ဆွဲဆောင်မူရှိပြီး sexy ကျတဲ့ အနီရောင်ဖက်ရှင် google

အနီရောင်ဟာ ရဲရင့်ခြင်းကို ကိုယ်စားပြုသလို အနီရောင်နဲ့ ပတ်သက်တဲ့ ဖက်ရှင်တစ်ခုခုကို ဆင်မြန်းထားပြီဆိုတာနဲ့   ဝတ်ဆင်ထားတဲ့သူဟာ သူများတွေထက်

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုစေတယ်လို့ စိတ်ပညာရှင်တွေနဲ့ ဖက်ရှင်ဒီဇိုင်နာတော်တော်များများက ဖွင့်ဟထားကြတာ ကြားဖူးကြမှာပါ။

ဒါ့အပြင် အနီရောင်ဟာ ဆက်စီကျစေပြီး အားလုံးရဲ့အကြည့်ကို ဖမ်းစားထားနိုင်တဲ့ အရောင်ဆိုရင်လည်း မမှားပါဘူး။

ဒီ့ထက်ပိုအတိအကျ ပြောရရင်တော့ အနီရောင်နဲ့အနက်ရောင် တွဲဖက်ဝတ်ဆင်ခြင်းဟာ ဆက်စီကျစေသလို အနီရောင်နဲ့ အဖြူရောင် တွဲဖက်ဝတ်ဆင်ခြင်းကတော့ ချစ်စရာကောင်းစေသလို မိန်းကလေးလည်း ပိုဆန်ပါတယ်တဲ့။

 

 

black

 

white

 


ရာသီတွေနဲ့ပြန်ချင့်ချိန်ကြည့်ရင်လည်း အနီရောင်ဟာ ဆောင်းရာသီနဲ့ အလိုက်ဖက်ဆုံးကာလာပါ။

ဒါ့ကြောင့် အနီရောင် ဝတ်စုံ၊ ဒါမှမဟုတ် စကတ်ကို အရောင်စပ်ဝတ်ရင်ဝတ်၊ မဟုတ်ရင်လည်း အနီရောင် accessory တွေကို ဆင်မြန်းလိုက်ရုံနဲ့ သင်ဟာ သူများတွေနဲ့ ကွဲပြားနေမှာတော့ အမှန်ပါပဲ။

အနီရောင်ကို အပေါ်၊ အောက် ဝမ်းဆက် ဝတ်ဆင်ခြင်းကတော့ ထသွားထလာတွေမှာ ဝတ်ဆင်ဖို့ မလွယ်ကူပေမယ့် ပွဲတက်၊ ဒင်နာ၊ ပါတီပွဲတွေအတွက်တော့ အထာကျစေပါတယ်။

skirt

 

Batik ပါတိတ်ဆိုင် ၂၀၂ ဆိုင်ကိုရှာရန်နှိပ်ပါ။

 

cover

 

အနီရောင် တီရှပ်တွေ၊ အကျီင်္တွေကို ဘောင်းဘီအနက်နဲ့ တွဲဝတ်တာမျိုး ဒါမှမဟုတ် အနီကွက်လို စကတ်မျိုး၊ ဘောင်းဘီတွေကို အနက်ရောင်စတာတွေနဲ့ တွဲဝတ်ခြင်းကတော့ ဘယ်တော့မှ ရိုးစင်းသွားမယ့် ဖက်ရှင် မဟုတ်တဲ့အပြင် လူငယ်လည်း အရမ်းဆန်ပါတယ်။

ကိုယ်က အနီရောင်ကို သဘောကျပေမယ့် သိပ်ဝတ်လေ့ဝတ်ထ မရှိဘူး။

အပေါ်အောက် ဝမ်းဆက်တွေ၊ အရမ်းအနီများတာတွေ မဝတ်ရဲဘူးဆိုရင်တော့  လည်ပတ်၊ မာဖလာ၊ လက်ကိုင်အိတ်၊ ခြေအိတ်ရှည် စတာလေးတွေနဲ့ ကိုယ့်ဖက်ရှင်ကို အထာကျနေအောင် ဖန်တီးကြည့်လိုက်ပါ။သဘောကျပါလိမ့်မယ်။

 

cool

 

Source : Shwe Chit Thu

Myanmar Textile and Garment Directory

အဝတ်အစား ဆိုင်တွေကို သိချင်ရင်တော့

Read 1235 times
Rate this item
(0 votes)
Tagged under