What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အားလပ်ရက် ချစ်သူနဲ့ Date တဲ့အခါမှာ အမိုက်စားဖြစ်စေမယ့် ဖက်ရှင်ဒီဇိုင်းများ

အားလပ်ရက် ချစ်သူနဲ့ Date တဲ့အခါမှာ အမိုက်စားဖြစ်စေမယ့် ဖက်ရှင်ဒီဇိုင်းများ google

ပိတ်ရက်လေးကိုလည်းရောက်လာပြီဆိုတော့ ချစ်သူရှိတဲ့သူတွေကလည်း ချစ်သူနဲ့ Date ဖို့အတွက်ပြင်ဆင်ရတော့မှာပေါ့။ ချစ်သူမရှိတဲ့သူတွေကလည်း အားလပ်ရက်မှာ သူငယ်ချင်းတွေနဲ့ မုန့်သွားစားလို့ရပါတယ်။

အပြင်သွားဖို့တော့အဆင်သင့်ဖြစ်ပြီ ။ ဘယ်လိုမျိုးဝတ်သွားရမှန်းမသိလို့ ခေါင်းရှုပ်နေကြတဲ့ပျိုမေတွေအတွက် ကူညီပြီးပြောပြပေးသွားမှာပါ။ ဒီတော့ ပျော်ရွှင်စရာကောင်းတဲ့ ပိတ်ရက်လေးမှာ ချစ်စရာကောင်းပြီးဆွဲဆောင်မှုရှိတဲ့ ဝတ်စုံဒီဇိုင်းလေးတွေကို ပျိုမေတို့အတွက်ဖော်ပြပေးလိုက်ပါတယ်နော်။

၁. ချစ်စရာကောင်းတဲ့ ဂါဝန်ဒီဇိုင်း

midi dress min

မိန်းကလေးတစ်ယောက်အတွက် ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက် အသွင်ဖြစ်စေတဲ့ အဝတ်အစားဒီဇိုင်းလေးကတော့ ဂါဝန်ဒီဇိုင်းလေးပဲဖြစ်ပါတယ်။ ချစ်ဖို့လည်းကောင်းတယ် ပေါ့ပေါ့ပါးပါးလေးလည်းဖြစ်တဲ့ ဝတ်စုံမျိုးလေးပါ။ ချစ်သူလေးနဲ့ နေ့ခင်းဖက် Dating ပဲထွက်ထွက် လိုက်ဖက်တဲ့ Cute Look လေးပါနော်။

၂. ရိုးရိုးရှင်းရှင်း စကတ်ရှည်ဒီဇိုင်း

skirt min

ပိတ်ရက်မှာအပြင်တွေထွက်ဖို့အတွက် ရိုးရှင်းပြီးလှပတဲ့ ဖက်ရှင်ဒီဇိုင်းမျိုးလေး ဖြစ်နေဖို့လည်း လိုအပ်ပါသေးတယ်နော်။ ပိတ်ရက်မှာ များသေားအားဖြင့်ကတော့ အပြင်တွေလျှောက်လည်ကြတာများပါတယ်။ ဒီတော့ ကိုယ်ကလည်း ချစ်သူနဲ့လျှောက်သွားတာတို့၊ သူငယ်ချင်းတွေနဲ့မုန့်သွားစားတာတို့ဆိုရင် ကိုယ်လည်း လှပနေဖို့လိုတာပေါ့။ ဒီတော့ ငယ်ငယ်ရွယ်ရွယ်ကလေးပုံစံလည်း မပေါက်ချင်။ မိန်းကလေးဆန်ဆန်လေးနဲ့ လှချင်တဲ့ ပျိုမေတို့အတွက် စကတ်ရှည်ရှည်ဒီဇိုင်းလေးကလည်း အဆင်ပြေစေမှာပါ။ အရမ်းလည်းမရှည်၊ အရမ်းလည်းမတိုတဲ့ ဒီဇိုင်းမျိုးလေးတွေပေါ့။

၃. စတိုင်ကျတဲ့ ဘောင်းဘီရှည်ဖက်ရှင်

pant min

လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါးဖက်ရှင်မျိုးကို ကြိုက်နှစ်သက်တဲ့သူဆိုရင်တော့ ဘောင်းဘီရှည်လေးကလည်း အဆင်ပြေစေပါတယ်။ ဘောင်းဘီဝတ်တာကလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေပြီး ဆွဲဆောင်မှုရှိစေပါတယ်။
ဘောင်းဘီဝတ်တဲ့အခါမှာလည်း သမရိုးကျ ဂျင်းဘောင်းဘီတွေပဲဝတ်မနေပဲ နည်းနည်းလေး ဆန်းတဲ့၊ ဖက်ရှင်လည်းကျတဲ့ ဘောင်းဘီမျိုးလေးတွေလည်း ဝတ်ကြည့်သင့်ပါတယ်။

၎. လွတ်လပ်ပေါ့ပါးတဲ့ အတိုဒီဇိုင်း

short dress min

ရာသီဥတုကလည်းပူ လွတ်လွတ်လပ်လပ်လေးလည်း နေချင်တဲ့သူတွေအတွက်ကတော့ အတိုဒီဇိုင်းလေးကဆွဲဆောင်မှုရှိနေစေမှာပါ။ တစ်ပတ်လုံးအလုပ်တွေလုပ်ပြီး နားရက်လေးမှာ စိတ်အပန်းဖြေချင်တဲ့သူတွေ၊ ပေါ့ပေါ့ပါးပါးလေး နေချင်တဲ့သူတွေအတွက်ကတော့ အတိုလေးကတော့ အဆင်ပြေနေစေမှာပါ။ အတိုဝတ်တဲ့အခါမှာလည်း တစ်ခုခုအဆင်မပြေနေစေတာမျိုးလည်းရှိမှာ မဟုတ်တော့ပါဘူး။

ပေါ့ပေါ့ပါးပါးရှိတဲ့ men shirt စတိုင် အင်္ကျီပွပွတွေကို အထာကျကျ ဝတ်ဆင်ကြရအောင်

၅. မိန်းကလေးဆန်ဆန် ဂါဝန်ရှည်

maxi dress min

မိန်းကလေးလည်းဆန်ချင်တယ်။ ရာသီဥတုကလည်း သာယာတယ်ဆိုရင်တော့ ဒီလိုမျိုးဂါဝန်ရှည်ရှည်လေးကလည်း ဆွဲဆောင်မှုရှိနေစေမှာပါ။ ဒီလိုဝတ်စုံမျိုးလေးက ညနေခင်းအချိန်လေးတွေနဲ့ဆိုရင် ဂါဝန်ရှည်လွင့်လွင့်လေးနဲ့ဆိုတော့ တကယ်ကို လိုက်ဖက်ပါတယ်။

 

Source:we media

Read 1645 times
Rate this item
(1 Vote)