What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အတိတ်မှာ ထားခဲ့သင့်တော့တဲ့ ဖက်ရှင်အမှားတွေ

ဖက်ရှင်ရေစီးကြောင်းဟာ မယုံကြည်နိုင်လောက်အောင် ယနေ့ခေတ်မှာ ပြောင်းလဲလို့လာနေပါတယ်။ အရင်ခေတ်က ခေတ်စားခဲ့တဲ့ ဖက်ရှင်တွေဟာ ယနေ့ခေတ်မှာ ပြန်လည်ခေတ်စားလာသလို တချိုသော ဖက်ရှင်တွေကလည်း သင့်ကိုပုံပန်းပျက်စေနိုင်တယ်။

ဒါကြောင့် ဘယ်လို အရာတွေကို ရှောင်ရှားသင့်လဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

1. အရောင်တောက်တောက် အသားကပ်ဘောင်းဘီ

Colorful tights min


ဒီလို အရောင်တောက်တဲ့ အသားကျပ်ဘောင်းဘီတွေကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အရမ်းလူကြိုက်များခဲ့ကြတယ်။ ဒီလို ပြောင်လက်တဲ့ အရာတွေကို ဝတ်ဆင်ခြင်းကြောင့် လူအများကြားမှာ ထင်ပေါ်စေမှာပါ။ ဒါပေမဲ့ ဒီလိုဖက်ရှင် trend တွေကို ထားခဲ့သင့်ဖို့ အချိန်ရောက်ပါပြီ။ အဲ့ဒီအစား stocking အပါးတွေကို ဝတ်ဆင်လိုက်ပါ။ စတိုင်ကျပြီး လှပစေပါတယ်။

2. သပ်ရပ် ဖြောင့်စင်းတဲ့ ဆံပင်ပုံစံ

Straight bangs min


မိန်းကလေးအများစုဟာ အံဝင်ကွင်ကျဖြစ်ပြီး သပ်ရပ်ဖြောင့်စင်းတဲ့ ဆံပင်မျိုးကို လိုချင်ကြပါတယ်။ ဒီလိုပုံစံတွေက အရင်ကခေတ်စားခဲ့ပေမဲ့ ခုတော့ ခေတ်နောက်ကျခဲ့ပါပြီ။ ခပ်ပွပွ ဆံပင်ပုံစံလေးတွေက စတိုင်ကျပြီး ကြည့်ကောင်းစေမှာပါ။

လုံလုံခြုံခြုံလေးနဲ့ စတိုင်ကျအောင် ဝတ်ဆင်နိုင်မယ့် ဖက်ရှင်

3. တက်တူးပုံစံမျက်ခုံးမွှေး

Eyebrow tattoo min


တက်တူးပုံစံလိုမျိုး မျက်ခုံးမွှေးဟာ သင့်ရဲ့ ရုပ်သွင်ကို ပိုပြီး ပုံပျက်သွားနိုင်တယ်။ အလွန်အကျွံ လုပ်ခြင်းထက် ရှိရင်းပုံစံ မပျက်သွားပဲ သဘာဝဆန်ဆန်လေး ခြယ်သခြင်းဟာ အကောင်းဆုံးပါပဲ။

4. ကြီးမားတဲ့ အဝတ်အစားများ

Big dresses min


ဒီလို အရွယ်အစားကြီးမားတဲ့ အင်္ကျီတွေက သင့်ခန္ဓာကိုယ် ပိုကြီးတယ်လို့ ထင်စေပြီး ဆွဲဆောင်မှုကျဆင်း စေပါတယ်။ ဒီနေ့ခေတ်မှာ celebrityတွေဟာ ရိုးရှင်းပြီး ရှည်လျားတဲ့ dress မျိုးကို ဝတ်ဆင်လာကြပါတယ်။ အရိုးရှင်းဆုံးက အလှဆုံးပါပဲ။

5. သိသာထင်ရှားစေတဲ့ ဖိနပ်နှင့် အိတ်

Patent shoes and bags min
ပေါ်လွင်ထင်ရှားစေမယ့် အိတ်နှင့် ဖိနပ်တွေဟာ ဆယ်ကျော်သက် မိန်းကလေးတွေ အတွက်တော့ ကောင်းမွန်ပါလိမ့်မယ်။ ဒါပေမယ့် အရွယ်ရောက်လာတဲ့ အမျိုးသမီးတွေအတွက် ဒီလိုပုံစံကို ရွေးချယ်ခြင်းဟာ အဆိုးရွားဆုံးပါပဲ။ ရိုးရှင်းပြီး လှပစေမယ့် ဖိနပ်မျိုးကို ရွေးချယ်ပါ။

 

Author:TDA

Read 9546 times
Rate this item
(1 Vote)