What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Didit Hediprasetyo

Unicode+Zawgyi ကမ္ဘာ့အကြီးဆုံး မွတ်ဆလင်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့ဖက်ရှင်လောကထဲ ထဲထဲဝင်ဝင် ထိုးဖောက်နေရာယူထားတဲ့ ဖက်ရှင်ဒီဇိုင်းနာ အမျိုးသားတွေအပြင် အမျိုးသမီးတွေပါ ရှိနေပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ နိုင်ငံခြားငွေ ရရှိစေတဲ့ လုပ်ငန်းကဏ္ဍတွေမှာ ဖက်ရှင်ကဏ္ဍဟာ

ပြည်ပသို့ ရောင်းချရမှု အကြီးမားဆုံးကဏ္ဍတွေထဲမှာ ပါဝင်ပါတယ်။ ဖက်ရှင်ဆိုတာ သာမန်အထည်အလိပ်ကို ကြီးမားတဲ့ တန်ဖိုးဖြစ်သွားအောင် တန်ဖိုးဖြည့်ထည့်ပေးတဲ့ လုပ်ငန်းမျိုး ဖြစ်ပါတာကြောင့် ယခုလို နိုင်ငံခြားငွေ ဝင်ငွေပမာဏ မြင့်မားနေစေတာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ ကမ္ဘာကျော် ဖက်ရှင်ဒီဇိုင်းနာတွေထဲမှာ ထိပ်တန်းရောက်နေသူတစ်ဦးကတော့ အမျိုးသားတစ်ဦးဖြစ်သူ ဒီဒစ်ဖြစ်ပါတယ်။ သူ့အမည် အပြည့်အစုံက Didit Hediprasetyo ဖြစ်ပေမဲ့ ခေါ်ရတာ လျှာလိပ်လွန်းလို့ ဒီဒစ်လို့ပဲ ခေါ်ဝါ်ဖော်ပြသွားမှာ ဖြစ်ပါတယ်။

didit

dee

သူက ဆွကြေီးမျိုးကြီးက ပေါက်ဖွားလာသူ ဖြစ်ပါတယ်။ သူ့မိခင်က အင်ဒိုနီးရှားနိုင်ငံရဲ့ ဒုတိယမြောက် သမ္မတဖြစ်သူ ဆူဟာတိုနဲ့ မောင်နှမ တော်စပ်သူ ဖြစ်ပါတယ်။ ဒီဒစ် ငယ်စဉ်က အမျိုးစုံနေအောင် လေ့လာသင်ယူခဲ့တယ်။ သူ ဖြစ်ချင်တာတွေက များနေတယ်။ ပန်းချီဆရာ၊ ဓာတ်ပုံဆရာ၊ သမိုင်းပညာရှင်၊ ပြဇာတ်ဒါရိုက်တာ၊ စီးပွားရေးသမား စသဖြင့် အမျိုးမျိုးအပြားပြား ဖြစ်နေလို့ သူ ကြီးလာရင် ဘာလုပ်မလဲဆိုတာ ရွေးချယ်လို့ မရအောင် ဖြစ်နေခဲ့ဖူးတယ်။ အဲဒီလို အမျိုးစုံနေတာမှာ ဖက်ရှင်တော့ မပါခဲ့ဘူး။
Harvard Extension School မှာ ရှိတ်စပီးယား ပြဇာတ် အလုပ်ရုံဆွေးနွေးပွဲကို သူတက်ရောက်ခဲ့ပြီးချိန်မှာ ဖက်ရှင်အဝတ်အစားတွေကို သူ စတင်စိတ်ဝင်စားမိခဲ့တယ်။ သူ့အဖို့ လေ့လာစရာ နယ်ပယ်သစ်တစ်ခု ရသွားတာဖြစ်ပြီး လေ့လာသင်ယူခဲ့ရာမှ ဖက်ရှင်ကို သူ စွဲမြဲသွားခဲ့ပါတယ်။ ဖက်ရှင်ဒီဇိုင်းကို အဓိကဘာသာရပ်ဖြင့် သင်ယူခဲ့ပါတယ်။ သူသိထားတဲ့ ပန်းချီ၊ ဓာတ်ပုံနဲ့ သမိုင်းတို့ဟာ ဖက်ရှင်ဝတ်စုံအတွက် စိတ်ကူးထုတ် ဖန်တီးတာမှာ ကြီးစွာသော အထောက်အကူ ဖြစ်ခဲ့ပါတယ်။
ပြောင်းပြန် ပြန်တွေးကြည့်ရင် နောင်တစ်ချိန်မှာ ထင်ရှားတဲ့ ဖက်ရှင်ဒီဇိုင်းနာတစ်ဦး ဖြစ်လာဖို့အတွက် ပန်းချီ၊ ဓာတ်ပုံ သမိုင်းစတာတွေ အရင်သင်ဖြစ်ခဲ့တယ်လို့ ဆိုရပါမယ်။

didit titiek dian

 

bmw individual 7 series by didit hediprasetyo photo gallery 14


င်္ဒီဒစ်ဟာ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ အခြေစိုက်ပြီး လုပ်ကိုင်လျက် ရှိပါတယ်။ ပြင်သစ် ဖက်ရှင်လောကမှာ နေရာတစ်နေရာ ရရှိထားပါတယ်။ အထူးသဖြင့် ၂၀၁၀ ခုနှစ်မှာ ကျင်းပခဲ့တဲ့ Paris Couture Fashion Week မှာ အောင်မြင်ကျော်ကြားခဲ့ပါတယ်။
ဒီဒစ်က ခေတ်ပေါ်ဒီဇိုင်းတွေကို အင်ဒိုနီးရှား ရိုးရာဖက်ရှက်နဲ့ ပေါင်းစပ်ဖန်တီးလေ့ရှိပါတယ်။ အထက်တန်းလွှာအတွက် ဦးတည်တဲ့ ဖက်ရှင်ဒီဇိုင်းတွေကို ဖန်တီးတီထွင်ပါတယ်။ brand ကတော့ သူ့အမည် Didit Hediprasetyo ကိုပဲ သုံးစွဲပါတယ်။
သူ့ရဲ့ မှတ်တိုင်တစ်ခုကတော့ BMW က ကားအတွင်းအပြင် ဒီဇိုင်းကို ဒီဇိုင်းဆရာ စိတ်ကြိုက် ဖန်တီးစေတဲ့ အစီအစဉ်တစ်ခု ထားရှိတာမှာ BMW Individual Series 7 ရဲ့ အတွင်းပိုင်းနဲ့ အပြင်ပိုင်း ဒီဇိုင်းတွေကို ဒီဒစ်လက်ထဲ အပ်နှံခဲ့တာ ဖြစ်ပါတယ်။ အာရှမှာ ယခုလို လုပ်ခွင့်ရတဲ့ ဒီဇိုင်းနာဆိုလို့ သူက ပထမဆုံး ဖြစ်ပါတယ်။ သူ့အရင်က ပထမဆုံးအဖြစ် Karl Lagerfeld လုပ်ကိုင်ဖန်တီးခဲ့ပြီး ဒီဒစ်က ဒုတိယမြောက် လုပ်ကိုင်ဖန်တီးသူ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ထုတ်လုပ်ခဲ့တာဖြစ်ပြီး အရေအတွက် ကန့်သတ်ထုတ်လုပ်တဲ့ limited-edition ဖြစ်တာမို့ စုစုပေါင်း ၅ စီးမျှသာ ထုတ်လုပ်ပါတယ်တဲ့။

Zawgyi

Didit Hediprasetyo
===================
Unicode+Zawgyi
ကမၻာ့အႀကီးဆုံး မြတ္ဆလင္ႏုိင္ငံျဖစ္တဲ့ အင္ဒုိနီးရွားႏုိင္ငံမွာ ကမ႓ာ့ဖက္ရွင္ေလာကထဲ ထဲထဲ၀င္၀င္ ထုိးေဖာက္ေနရာယူထားတဲ့ ဖက္ရွင္ဒီဇုိင္းနာ အမ်ဳိးသားေတြအျပင္ အမ်ဳိးသမီးေတြပါ ရွိေနပါတယ္။
အင္ဒုိနီးရွားႏုိင္ငံမွာ ႏုိင္ငံျခားေငြ ရရွိေစတဲ့ လုပ္ငန္းက႑ေတြမွာ ဖက္ရွင္က႑ဟာ ျပည္ပသုိ႔ ေရာင္းခ်ရမႈ အႀကီးမားဆုံးက႑ေတြထဲမွာ ပါ၀င္ပါတယ္။ ဖက္ရွင္ဆုိတာ သာမန္အထည္အလိပ္ကုိ ႀကီးမားတဲ့ တန္ဖုိးျဖစ္သြားေအာင္ တန္ဖုိးျဖည့္ထည့္ေပးတဲ့ လုပ္ငန္းမ်ဳိး ျဖစ္ပါတာေၾကာင့္ ယခုလုိ ႏုိင္ငံျခားေငြ ၀င္ေငြပမာဏ ျမင့္မားေနေစတာ ျဖစ္ပါတယ္။
အင္ဒုိနီးရွားႏုိင္ငံရဲ႕ ကမၻာေက်ာ္ ဖက္ရွင္ဒီဇုိင္းနာေတြထဲမွာ ထိပ္တန္းေရာက္ေနသူတစ္ဦးကေတာ့ အမ်ဳိးသားတစ္ဦးျဖစ္သူ ဒီဒစ္ျဖစ္ပါတယ္။ သူ႔အမည္ အျပည့္အစုံက Didit Hediprasetyo ျဖစ္ေပမဲ့ ေခၚရတာ လွ်ာလိပ္လြန္းလုိ႔ ဒီဒစ္လုိ႔ပဲ ေခၚေ၀ၚေဖာ္ျပသြားမွာ ျဖစ္ပါတယ္။

သူက ေဆြႀကီးမ်ဳိးႀကီးက ေပါက္ဖြားလာသူ ျဖစ္ပါတယ္။ သူ႔မိခင္က အင္ဒုိနီးရွားႏုိင္ငံရဲ႕ ဒုတိယေျမာက္ သမၼတျဖစ္သူ ဆူဟာတုိနဲ႔ ေမာင္ႏွမ ေတာ္စပ္သူ ျဖစ္ပါတယ္။ ဒီဒစ္ ငယ္စဥ္က အမ်ဳိးစုံေနေအာင္ ေလ့လာသင္ယူခဲ့တယ္။ သူ ျဖစ္ခ်င္တာေတြက မ်ားေနတယ္။ ပန္းခ်ီဆရာ၊ ဓာတ္ပုံဆရာ၊ သမုိင္းပညာရွင္၊ ျပဇာတ္ဒါ႐ုိက္တာ၊ စီးပြားေရးသမား စသျဖင့္ အမ်ဳိးမ်ဳိးအျပားျပား ျဖစ္ေနလုိ႔ သူ ႀကီးလာရင္ ဘာလုပ္မလဲဆုိတာ ေရြးခ်ယ္လုိ႔ မရေအာင္ ျဖစ္ေနခဲ့ဖူးတယ္။ အဲဒီလုိ အမ်ဳိးစုံေနတာမွာ ဖက္ရွင္ေတာ့ မပါခဲ့ဘူး။
Harvard Extension School မွာ ရွိတ္စပီးယား ျပဇာတ္ အလုပ္႐ုံေဆြးေႏြးပြဲကုိ သူတက္ေရာက္ခဲ့ၿပီးခ်ိန္မွာ ဖက္ရွင္အ၀တ္အစားေတြကုိ သူ စတင္စိတ္၀င္စားမိခဲ့တယ္။ သူ႔အဖုိ႔ ေလ့လာစရာ နယ္ပယ္သစ္တစ္ခု ရသြားတာျဖစ္ၿပီး ေလ့လာသင္ယူခဲ့ရာမွ ဖက္ရွင္ကုိ သူ စြဲၿမဲသြားခဲ့ပါတယ္။ ဖက္ရွင္ဒီဇုိင္းကုိ အဓိကဘာသာရပ္ျဖင့္ သင္ယူခဲ့ပါတယ္။ သူသိထားတဲ့ ပန္းခ်ီ၊ ဓာတ္ပုံနဲ႔ သမုိင္းတုိ႔ဟာ ဖက္ရွင္၀တ္စုံအတြက္ စိတ္ကူးထုတ္ ဖန္တီးတာမွာ ႀကီးစြာေသာ အေထာက္အကူ ျဖစ္ခဲ့ပါတယ္။
ေျပာင္းျပန္ ျပန္ေတြးၾကည့္ရင္ ေနာင္တစ္ခ်ိန္မွာ ထင္ရွားတဲ့ ဖက္ရွင္ဒီဇုိင္းနာတစ္ဦး ျဖစ္လာဖုိ႔အတြက္ ပန္းခ်ီ၊ ဓာတ္ပုံ သမုိင္းစတာေတြ အရင္သင္ျဖစ္ခဲ့တယ္လုိ႔ ဆုိရပါမယ္။
ဒီၤဒစ္ဟာ ျပင္သစ္ႏုိင္ငံ ပါရီၿမိဳ႕မွာ အေျခစုိက္ၿပီး လုပ္ကုိင္လ်က္ ရွိပါတယ္။ ျပင္သစ္ ဖက္ရွင္ေလာကမွာ ေနရာတစ္ေနရာ ရရွိထားပါတယ္။ အထူးသျဖင့္ ၂၀၁၀ ခုႏွစ္မွာ က်င္းပခဲ့တဲ့ Paris Couture Fashion Week မွာ ေအာင္ျမင္ေက်ာ္ၾကားခဲ့ပါတယ္။
ဒီဒစ္က ေခတ္ေပၚဒီဇုိင္းေတြကုိ အင္ဒုိနီးရွား ႐ုိးရာဖက္ရွက္နဲ႔ ေပါင္းစပ္ဖန္တီးေလ့ရွိပါတယ္။ အထက္တန္းလႊာအတြက္ ဦးတည္တဲ့ ဖက္ရွင္ဒီဇုိင္းေတြကုိ ဖန္တီးတီထြင္ပါတယ္။ brand ကေတာ့ သူ႔အမည္ Didit Hediprasetyo ကုိပဲ သုံးစြဲပါတယ္။
သူ႔ရဲ႕ မွတ္တုိင္တစ္ခုကေတာ့ BMW က ကားအတြင္းအျပင္ ဒီဇုိင္းကုိ ဒီဇုိင္းဆရာ စိတ္ႀကိဳက္ ဖန္တီးေစတဲ့ အစီအစဥ္တစ္ခု ထားရွိတာမွာ BMW Individual Series 7 ရဲ႕ အတြင္းပုိင္းနဲ႔ အျပင္ပုိင္း ဒီဇုိင္းေတြကုိ ဒီဒစ္လက္ထဲ အပ္ႏွံခဲ့တာ ျဖစ္ပါတယ္။ အာရွမွာ ယခုလုိ လုပ္ခြင့္ရတဲ့ ဒီဇုိင္းနာဆုိလုိ႔ သူက ပထမဆုံး ျဖစ္ပါတယ္။ သူ႔အရင္က ပထမဆုံးအျဖစ္ Karl Lagerfeld လုပ္ကုိင္ဖန္တီးခဲ့ၿပီး ဒီဒစ္က ဒုတိယေျမာက္ လုပ္ကုိင္ဖန္တီးသူ ျဖစ္ပါတယ္။ ၂၀၁၂ ခုႏွစ္မွာ ထုတ္လုပ္ခဲ့တာျဖစ္ၿပီး အေရအတြက္ ကန္႔သတ္ထုတ္လုပ္တဲ့ limited-edition ျဖစ္တာမုိ႔ စုစုေပါင္း ၅ စီးမွ်သာ ထုတ္လုပ္ပါတယ္တဲ့။

Read 1071 times
Rate this item
(0 votes)