What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်ဆိုင်တွေဆီမသွားခင်မှာ လုပ်ထားရမှာလေးတွေ

ဖက်ရှင်အတွက် ဈေးဝယ်မထွက်ခင်မှာ

ကိုယ့်ဘာသာ ပြန်မေးရမယ့် အချက်အ လက်လေးတွေကို ဒီတစ်ပတ်မှာ တင်ဆက်ပေးချင်ပါတယ်။ မလိုအပ်ဘဲ ငွေကုန်အောင် ဖြုန်းမိပြီး လွှင့်ပစ်ရမှာ လည်း ခက်နေတာတွေနဲ့ အသုံးဝင် တာကျတော့ နည်းတဲ့ ဖက်ရှင် အသုံး အဆောင်တွေနဲ့ပဲ ကျွန်မတို့ရဲ့ ဗီရိုထဲမှာ ပြည့်နှက်နေတာမျိုး မဖြစ်ရအောင် သတိထားလိုက်မယ်ဆိုရင် ငွေကုန်ကြေး ကျ သက်သာပြီး တကယ် အချိန် မရတဲ့အခါမှာလည်း အဆင်ပြေတဲ့ ဖက် ရှင်တစ်ခုနဲ့ လမ်းမပေါ် ယုံကြည်မှုရှိရှိ ရောက်သွားနိုင်တာကို ခံစားရပါလိမ့် မယ်။

၁ -ရှော့ပင်းမသွားခင်မှာ ဘာတွေ လိုချင် နေတာလဲဆိုတာနဲ့ ဘာတွေ လိုအပ် နေတာလဲ ဆိုတာကို စဉ်းစားပါ။ ချရေး ကြည့်ပါ။ လိုချင်တာနဲ့ လိုအပ်တာကို ကွဲ ကွဲပြားပြား ထားပါ။

၂ -ကိုယ်သုံးမယ့် ငွေပမာဏနဲ့ လိုက်လျော ညီထွေဖြစ်အောင် အလိုအပ်ဆုံးတွေကို ဦးစားပေးပါ။ ပြီးတော့မှ လိုချင်တာတွေ ကို အစဉ်လိုက်ရေးပါ။ ဒါပေမယ့် နှစ်ခါ လောက် ပြန်စဉ်းစားကြည့်မိမယ်ဆိုရင် တော့ သိပ်လိုချင်တယ်ဆိုတာမျိုးတွေ လျော့ပါးသွားတာကို ခံစားမိမှာပါ။

၃ -သူငယ်ချင်းတွေနဲ့ အွန်လိုင်းပေါ်ကနေ ကိုယ်လိုချင်တာတွေ ရှိနိုင်တဲ့နေရာတွေ ကို လေ့လာထားပါ။ ပြီးတော့ သူတို့တွေ တင်ထားတဲ့ ဓာတ်ပုံတွေကနေလည်း ကိုယ်နဲ့ လိုချင်နေတာတွေနဲ့ လိုက်ဖက် နိုင်လားဆိုတာကို ချက်ခ်လုပ်ကြည့်လို့ ရပါသေးတယ်။

၎ -ပြီးရင်တော့ သွားရမယ့်နေရာကို စဉ်းစား ပါတော့။ One stop service ဆိုတာ တွေ သိပ်ခေတ်စားပါတယ်။ ဒါပေမယ့် ဖက်ရှင်ရှော့ပင်းအတွက်ကိုတော့ ဆိုင် များများရှိပြီး ရွေးချယ်စရာများတဲ့ နေရာ မျိုးကိုသာ သွားပါ။

၅ -လက်ထဲမှာ ငွေကြေး လုံလုံလောက် လောက် ရှိနေပြီး စိတ်ဖိစီးမှုလည်း ကင်း၊ အချိန်အားလေးလည်း ရနေတဲ့ နေ့မျိုး မှာမှ ရှော့ပင်းသွားပါ။ ဒါဟာ ဘယ်လို ရွေးချယ်မှု အမှားမျိုးကိုမှ မလုပ်မိစေ အောင် ကူညီပေးပါလိမ့်မယ်။

၆ -ဖက်ရှင်ချစ်သူတွေဟာ ကိုယ်ကြိုက်နှစ် သက်တာတွေကို ကိုယ့်မှာ အများကြီး ရှိနေပြီးပေမယ့်လည်း ထပ်ခါထပ်ခါ ဝယ်မိတတ်ပါတယ်။ အဲဒါဟာ ကိုယ့် အတွက် စိတ်ကျေနပ်မှု အရဆုံးဖြစ်နေ ပေမယ့် ငွေဖြုန်းတီးတာ သက်သက်ပဲမို့ အခုချိန်ကစပြီး ဒါမျိုးတွေကို ရပ်တန့် ပစ်ဖို့ ကြိုးစားကြည့်ပါ။

၇ -ဈေးနှုန်းနဲ့ အရည်အသွေး လိုက်ဖက်ညီ တာမျိုးကို ရှာတွေ့နိုင်ဖို့ ကိုယ်လိုတာ တွေ ရှိနေတဲ့ ဆိုင်မှန်သမျှကို တစ်ခေါက် လောက် အရင် ပတ်ကြည့်လိုက်ပါ။ ပြီး တော့မှ အသင့်တော်ဆုံးနေရာမှာ ဝယ် ပါ။ ဒါပေမယ့် မဝယ်ခင် အပေါ်မှာ ပြော ခဲ့သလိုပဲ ၂ခါလောက် စဉ်းစားမိမယ်ဆို ရင် မလိုအပ်တာတွေကို မဝယ်လာမိစေ တော့ပါဘူး။

၈ -ဒါတွေကတော့ ဖက်ရှင်အတွက် ဈေးဝယ်မထွက်ခင်မှာ သိထားရမှာလေး တွေပါပဲ။ ကိုယ်နဲ့ အလိုက်ဖက်ဆုံးပုံစံ ဆိုတာကို ကိုယ်တိုင်ကသာ အသိဆုံးမို့ အချိန်ကုန်ပြီး အကြံကောင်းလည်း မပေး နိုင်မယ့် အဖော်တွေနဲ့ ဈေးဝယ်မထွက် မိအောင်လည်း ဂရုစိုက်ပါဦး။ ဒီအချက် လေးတွေ အားလုံးကို မလုပ်ခင်မှာတော့ ရက်အားလေး ယူပြီး ကိုယ့်ရဲ့ အဝတ်အ စား၊ ဖက်ရှင် အသုံးအဆောင် အားလုံး ကို ရှင်းလင်းရေးလုပ်ပြီး တစ်ချက် လောက် သေချာ ပြန်စစ်လိုက်ဖို့ကို လည်း အကြံပြုလိုက်တယ်နော်။

Source:now

Read 853 times
Rate this item
(0 votes)