What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Tee ဖက်ရှင်

Tee ဖက်ရှင်လေးတွေက ဝတ်ရတာအရမ်းပေါ့ပါးမှုရှိပြီး လူကြိုက်လည်းများပါတယ်။ ဒါ့အပြင် ဒီ Tee ဖက်ရှင်လေးတွေက ထသွားထလာအလွယ်တကူ ကောက်ဝတ်လို့ရပြီး ဘယ်လိုဖက်ရှင်အမျိုးအစားနဲ့မဆို လိုက်ဖက်ပါတယ်။

အချိန်နေရာမရွေး၊ ရာသီဥတုမရွေးဝတ်ဆင်လို့၇တာဖြစ်လို့ လူတိုင်းအတွက် အဆင်ပြေဆုံးဖက်ရှင်တစ်ခုပါ။ နောက်တစ်ချက်က Tee ဖက်ရှင်တွေဟာ ဝတဲ့သူ၊ ပိန်တဲ့သူ၊ အရပ်ရှည်သူ၊ အရပ်ပုသူအားလုံးနဲ့လည်း လိုက်ဖက်တဲ့ဖက်ရှင်လေးပါ။ ဒါကြောင့် ဒီလိုအားလုံးအတွက်အဆင်ပြေစေတဲ့ Tee ဖက်ရှင်လေးကို ဘာတွေနဲ့ ဘယ်လိုတွဲဝတ်ရင် ပိုပြီးဖက်ရှင်ကျမလဲ... ချစ်စရာကောင်းသွားမလဲဆိုတာကို အဆုံးထိလေ့လာကြည့်လိုက်နော်။

ဘောင်းဘီတို

jean min

Tee တွေကိုဝတ်မယ်ဆိုရင် ဘောင်းဘီတိုလေးတွေနဲ့တွဲဝတ်တာက ပထမအလိုက်ဖက်ဆုံးဖက်ရှင်ပါ။ Tee ဖက်ရှင်လေးကို ဘောင်းဘီတိုလေးနဲ့တွဲဝတ်ပြီး sneakers လေးစီးတာတော့ ချစ်စရာအကောင်းဆုံးပါပဲ။ ဒါပေမယ့် ခပ်မိုက်မိုက် Tee လေးတွေဝတ်ထားမယ်ဆိုရင်တော့ ဖက်ရှင်အလန်းလေးဖြစ်သွားမှာပါ။ သူငယ်ချင်းတွေနဲ့အပြင်သွားတဲ့အခါမှာလည်း ဝတ်ရတာအဆင်ပြေသလို၊ ချစ်သူနဲ့သွားတွေ့လည်း ဝတ်ရတာအဆင်ပြေပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါမှာလည်း ဒီဖက်ရှင်လေးဝတ်ပြီးရိုက်ရင် အရမ်းလူငယ်ဆန်ပြီး ဖက်ရှင်ကျပါတယ်။ နောက်တစ်ခုကတော့ ဒီဖက်ရှင်က ဘယ်တော့မှရိုးမသွားတဲ့ဖက်ရှင်လေးပါ။

စကပ်တို

skirt min

အခုနောက်ပိုင်းမှာ ကောင်မလေးတော်တော်များများက Tee လေးတွေကို စကပ်တိုလေးတွေနဲ့ တွဲဖက်ဝတ်ဆင်တာမျိုးက အရမ်းခေတ်စားလာပါတယ်။ ကိုရီးယားဆန်ဆန်လေးဝတ်ချင်တယ်ဆိုရင်တော့ Tee လေးတွေကို ချစ်စရာကောင်းတဲ့ ကိုရီးယားကျောင်းစကပ်လေးတွေ၊ ချစ်စရာကောင်းတဲ့ စကပ်ကားကားလေးတွေနဲ့တွဲဝတ်ပြီး sneakers လေးတွေသာစီးလိုက်ပါ။ နောက်တစ်မျိုးအနေနဲ့ ခေတ်စားလာတဲ့ဂျင်းစကပ် ဒီဇိုင်းမျိုးစုံကို Tee လေးတွေနဲ့ တွဲဝတ်လို့လည်းရပါတယ်။ Tee ဖက်ရှင်လေးတွေကတော့ sneakers တွေနဲ့ ပိုလိုက်ပါတယ်။ ဒီဖက်ရှင်လေးဆိုလည်း မိန်းကလေးတိုင်းနဲ့လိုက်ဖက်ပြီး ဝတ်ရတာလည်း အဆင်ပြေစေမှာပါ။

စကပ်ရှည်

tee min

စကပ်ရှည်လေးတွေဆိုရင် အခုနောက်ပိုင်းမှာ ပြန်လည်ခေတ်စားလာတာကို တွေ့ရပါတယ်။ ဒီလိုဒီဇိုင်းစုံတဲ့စကပ်ရှည်လေးတွေကို Tee မျိုးစုံနဲ့ လိုက်ဖက်အောင် တွဲဝတ်လို့ရပါသေးတယ်။ စကပ်အရှည်ကိုမှ အကားလေးတွေနဲ့လည်းတွဲဝတ်လို့ရသလို၊ စကပ်အရှည်အကျပ်လေးတွေနဲ့လည်း တွဲဝတ်လို့ရပါတယ်။ ဒီဖက်ရှင်လေးကတော့ သင့်ကို ကိုရီးယားမလေးတွေ၊ ထိုင်းမလေးတွေလို ချစ်စရာကောင်းသွားမယ့် ဖက်ရှင်လေးပါ။ အတိုမဝတ်ရဲတဲ့သူတွေအတွက်လည်း Tee နဲ့တွဲဝတ်လို့ရမယ့် နောက်ထပ်ဖက်ရှင်တစ်ခု တိုးလာတာပေါ့။

ချစ်စရာကောင်းပြီး အဝတ်ဗီရိုထဲမှာ ဆောင်ထားသင့်တဲ့ ဖက်ရှင်များ

ဘောင်းဘီရှည်

skinny min

ဘောင်းဘီရှည်လေးတွေကလည်း Tee ဖက်ရှင်နဲ့လိုက်ဖက်ပါတယ်။ ဂျင်းဘောင်းဘီအပွလေးတွေကော ဂျင်းဘောင်းဘီအကျပ်လေးတွေကော အားလုံးက Tee ဖက်ရှင်နဲ့လိုက်ဖက်မှုရှိပါတယ်။ နောက်ပြီး အခုနောက်ပိုင်းခေတ်စားလာတဲ့ ဘောင်းဘီအရှည်အကားလေးတွေကလည်း Tee ဖက်ရှင်နဲ့လိုက်ဖက်ပါတယ်။ ဒီဖက်ရှင်လေးကတော့ sneakers မှမဟုတ်ဘူး.... slipper လေးတွေနဲ့လည်း လိုက်ဖက်ပါတယ်။ ဒါပေမယ့် ဒီဖက်ရှင်လေးကတော့ အရပ်ပုတဲ့သူတွေနဲ့ သိပ်မလိုက်တဲ့ဖက်ရှင်မျိုးပါ။
Tee လေးတွေနဲ့ရှိုးထုတ်ချင်တဲ့ ပျိုမေတို့အနေနဲ့ ဒီဖက်ရှင်လေးတွေကိုကြည့်ပြီး ဘယ်လိုတွေဝတ်ရင် ပိုပြီးချစ်စရာကောင်းသွားမလဲ... ဖက်ရှင်ပိုကျသွားမလဲဆိုတာကို သိလောက်ပြီလို့ ထင်ပါတယ်။

 

Source:we media

Read 1243 times
Rate this item
(1 Vote)