What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဖက်ရှင်အသုံးအဆောင်များ

အမျိုးသမီးတော်တော်များများရဲ့နောက်ကွယ်က ကျန်းမာရေး ပြဿနာတွေဟာ သူတို့ ဝတ်ဆင်တဲ့ အဝတ်အထည်တွေ နှင့် အသုံးအဆောင်ပစ္စည်းတွေကနေ ဖြစ်ပေါ်လာတယ်ဆိုတာ သက်သေပြနေပါတယ်။

သင့်ရဲ့ဗီရိုထဲက ပစ္စည်းတော်တော်များများဟာ သင့်ကို အန္တရာယ်ရှိစေနိုင်ပါတယ်။ ဘယ်လို အရာတွေက သင့်ကျန်းမာရေးကို ထိခိုက်နိုင်လဲဆိုတာ ကြည့်လိုက်ရအောင်။။

1. ဘောင်းဘီကျပ်ကျပ်တွေ

Tight pants min

ဘောင်းဘီကျပ်တွေ ဝတ်ဆင်ခြင်းဟာ သွေးလည်ပတ်မှုနှင့် အစာခြေဖျက်ခြင်း နှေးကွေးစေတဲ့ ပြဿနာများကို ဖြစ်ပေါ်စေနိုင်တယ်။ ဒါ့အပြင် အလွန်တင်းကျပ်နေတာကြောင့် အာရုံကြောဖိအားတွေများပြီး ထုံကျင်ကိုက်ခဲမှုဒဏ်တွေလည်း ဖြစ်လာနိုင်တယ်။ သင့်ခါးကိုပေါ်လွင်စေပေမယ့် ကျန်းမာရေးအတွက် ဘေးကင်းလုံခြုံမှု မရှိစေပါဘူး။

2. ဒေါက်မြင့်ဖိနပ်

High heels min

ဒေါက်မြင့်ဖိနပ်များဟာ သက်သောင့်သက်သာမရှိတဲ့အပြင် သင့်ခြေထောက်ကိုလည်းနာကျင်စေနိုင်ပါတယ်။ ကြွက်သားရောင်ရမ်းမှု နှင့် အာရုံကြောပျက်ဆီးမှုတို့လဲ ဖြစ်စေနိုင်တယ်။ ဒါကြောင့်ပေါ့ပါးမှုရှိပြီး သွားရလာရတာအဆင်ပြေစေနိုင်မယ့် ဖိနပ်မျိုးကို ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။

3. သားရေကြိုးများ

Thongs min

သားရေကြိုးကျပ်ကျပ်တွေနဲ့ ပြုလုပ်ထားတဲ့ အတွင်းခံတွေဟာ အတွင်းပိုင်းကို ထိခိုက် ပွန်းပဲ့စေနိုင်ပြီး ယားယံစေတာတွေ ဖြစိနိုင်ပါတယ်။ အဲ့ဒီကနေတဆင့် ဘက်တီးရီးယားပိုးမွှားတွေလည်း ဝင်စေတာကြောင့် အထူးဂရုပြုသင့်ပါတယ်။

4. လေးလံတဲ့ လက်ဝတ်ရတနာများ

Heavy earrings and necklaces min

အရမ်းလေးလံတဲ့ လက်ဝတ်ရတနာတွေက သင့်ပုခုံး ၊ နားတို့ကို အန္တရာယ်ရှိစေနိုင်ပါတယ်။ ပြီးတော့ အဲ့ဒီပစ္စည်းတွေကနေ ဘက်တီးရီးယားတွေ ဝင်စေပြီး အဲ့ကနေတဆင့် ရောဂါပိုးတွေ ကူးစက်နိုင်တယ်။ လက်ဝတ်ရတနာများကို သန့်ရှင်းဆေးကြောဖို့ လိုအပ်တယ်။ ပေါ့ပေါ့ပါးပါးရှိတဲ့ အရာတွေကိုပဲ ဝတ်ဆင်ဖို့ အကြံပေးချင်တယ်။

စတိုင်ကျစေမယ့် နေကာမျက်မှန် ဖက်ရှင်တွေ

5. ဘရာကျပ်ကျပ်တွေ

Poorly fitted bras min

မှားယွင်းတဲ့ ဘရာဆိုဒ်တွေဟာ သင့်ရဲ့နောက်ကျော ၊ ပုခုံးနှင့် ကျောရိုးနာကျင်မှုကို မြောက်မြားစွာ ဖြစ်ပေါ်စေနိုင်တယ်။ အလွန်ကျပ်တဲ့ ဘရာမျိုးကို ရှောင်ကြဉ်သင့်ပြီး မှန်ကန်တဲ့ ဘရာဆိုဒ်ကို ရွေးချယ်ပါ။

6. အလွန်ကြီးတဲ့အိတ်များ

Extra large handbags min

အရမ်းလေးလွန်းတဲ့ အိတ်တွေကို သင့်ပုခုံးပေါ်မှာ အချိန်ပြည့် သယ်ဆောင်သွားရတာကြောင့် ကြွက်သားနာကျင်မှုနှင့် အရိုးဆစ် ထိခိုက်တာတွေ ဖြစ်စေနိုင်တယ်။ တကယ်လို့ အိတ်ကြီးကြီးတွေကို လွယ်ရတာနှစ်သက်တယ်ဆိုရင် အမှန်တကယ်လိုအပ်တဲ့ ပစ္စည်းထက်ပိုပြီး မယူဆောင်သွားပါနဲ့ ပြောချင်ပါတယ်။
သင့်ကျန်းမာရေးအတွက် ဘယ်လိုအရာတွေကို ရှောင်ရှားသင့်လဲဆိုတာ သိလောက်ပြီပေါ့နော်။

 

Author:TDA

Read 956 times
Rate this item
(1 Vote)