What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ခရီးသွားတဲ့အခါ ရွေးချယ်ရမယ့် ဘောင်းဘီရှည် ၃ မျိုး

ခရီးသွားရာသီကို ရောက်လာပြီ နော်။ ခရီးထွက်တဲ့သူက ထွက်၊ ခရီး ထွက်ဖို့ ပြင်တဲ့သူက ပြင်ဆိုတော့ အလုပ် ရှုပ်နေကြမှာပေါ့နော်။ ခရီးသွား ကြတဲ့အခါ နေရထိုင်ရခက်စေတဲ့ ဘောင်းဘီတို၊ စကတ်တိုစတာတွေကို ရွေးချယ်မယ့်အစား ဘောင်းဘီရှည် တွေက ဘယ်လို ခရီးအမျိုးအစား အတွက်မဆို သင့်ကို ယုံကြည်မှုရှိရှိနဲ့ လှနေစေမယ့် အရာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ခရီးထွက်ရင် လွတ်လပ်ပေါ့ပါး ပြီး ဖက်ရှင်ကျစေဖို့ ရွေးချယ်ဝတ်ဆင် သင့်တဲ့ ဘောင်းဘီရှည် အမျိုးအစား ၃ မျိုးက ဘာတွေ ဖြစ်မလဲဆိုတာ ..။

Do:          Jeans with Stretch 
Don't :     Rigid Jeans 
--------------------------
Vintage ဖက်ရှင်ဆိုတဲ့စကားလုံးရဲ့ လွှမ်းမိုးခြင်းနဲ့တကွ ပြန်လည်ခေတ်စား လာတဲ့ Mom Jeans တွေ၊ High-Waisted Jeans တွေက ထသွား ထလာ အပြင်ထွက်တဲ့ အချိန်တွေအ တွက်ပါ။ ခရီးသွားဖို့အတွက် လုံးဝ (လုံးဝ) မဟုတ်ပါဘူး။ ကားပေါ်မှာ အကြာကြီး ထိုင်ရတဲ့အချိန်မျိုး၊ လေယာဉ်နဲ့သွားရတဲ့ ခရီးမျိုးတွေအတွက် ဆွဲသားမပါတဲ့အ တွက် သင်နေရထိုင်ရခက်မှာ သေချာ ပါတယ်။ ဒါကြောင့် ဆွဲသားပါတဲ့ Jeans တွေကို ရွေးချယ်တာက အ ကောင်းဆုံးပါပဲ။ ဆွဲသားပါတဲ့အတွက် ဘယ်လောက်ပဲ အချိန်ကြာကြာ ထိုင်နေ ပါစေ သင့်ကို သက်သောင့်သက်သာ ဖြစ်နေစေမှာပါ။

Do:         Simple Leggings 
Don't:     Fashion Leggings 
-------------------------------
Fashion Leggings ဆိုတာက ဇစ်တွေ၊ ကပ်ခွာတွေနဲ့ အလှဆင်ထားတဲ့ Leggings မျိုး ဖြစ်ပါတယ်။ ဒါတွေက သင့်ကို ချစ်စရာကောင်းတဲ့ ကောင်မ လေး အသွင်တော့ ထွက်စေမှာပေါ့။ ဒါပေမယ့် ဝတ်ထားပြီး နာရီအနည်းငယ် ကြာတာနဲ့ သင့်ရဲ့ လွတ်လပ်ပေါ့ပါးမှု တွေ ကုန်ခန်းသွားမှာပါ။ ဒါကြောင့် ခရီးထွက်တဲ့အခါ Leggings ဝတ်မယ် လို့ စဉ်းစားထားရင် ရိုးရိုးရှင်းရှင်း အနက် ရောင်ဗြောင် Leggings ကိုသာ ရွေးချယ်ဖို့ တိုက်တွန်းချင်ပါတယ်။

Do:        Joggers 
Don't:    Loose Sweatpants 
----------------------------------
Joggers နဲ့ Loose Sweatpants က လုံးဝ မတူပါဘူးနော်။ အတူတူပဲလို့ အခုထိ သင် ထင်နေရင် သင့်အတွေးကို အခု ချက်ချင်းပြောင်းလိုက်ဖို့ လိုပါတယ်။ ခြေထောက်အောက်နားလေးမှာ အစည်း ပါတယ်ဆိုရင် Jogger လို့ ခေါ်ပြီး Loose Sweatpants တွေမှာကတော့ မပါ ပါဘူး။ Loose Sweatpants ဝတ်ထားပြီး လမ်းတစ်ထောက်နားလို့ ဓာတ်ပုံရိုက်ကြ တဲ့အခါ သင့်ကို အိပ်ရာထဲက ထလာတဲ့ အသွင်ပေါက်စေမှာပါ။Jogger ဝတ် ထားမယ်ဆိုရင်တော့ အထာကျကျပို့စ် လေးတစ်ခုနဲ့ ဓာတ်ပုံရိုက်ပြီး သင့်ရဲ့ Instagram မှာ ပုံလန်းလန်းလေး တင် လို့ ရပြီပေါ့။ 

source:now

Read 1354 times
Rate this item
(1 Vote)