ခုခေတ်စားနေတဲ့ Ruffled blouse/Dress (အတွန့်အဖတ် ဖက်ရှင်) အကြောင်းလေး ရေးပေးချင်ပါတယ်။
ခုနောက်ပိုင်း online shopတွေမှာ ဘန်ကောက်ရဲ့ လက်ရှိခေတ်အစားဆုံးဖက်ရှင်တွေထဲက တစ်ခုလို့ဆိုပြီး တင်လာကြတဲ့ ဒီ Ruffle ဒီဇိုင်းတွေကို တော်တော်လေး တွေ့လာရပါတယ်။
ဒါကြောင့် blouse၊ dress နဲ့ skirtတွေကို ဘယ်လိုအမိုက်စားဖြစ်အောင် တွဲစပ်ဝတ်ရမလဲဆိုတာ ပျိုမေတွေ ခေါင်းမစားရအောင် ရေးသားပေးလိုက်ပါတယ်။
# သူ့ကိုသိပ်ဦးနှောက်ခြောက်ခံပြီး စဉ်းစားစရာမလိုတဲ့ ပထမဆုံးအချက် အလွယ်နည်းကတော့ Ruffled blouse အကျီမျိုးဆို အောက်ကနေ skinny jean မျိုး/ripped jean မျိုးနဲ့တွဲနိုင်သလို ဂျင်းဘောင်းဘီအတိုနဲ့လည်း တွဲနိုင်ပါတယ်။
# စကတ်နဲ့တွဲဝတ်မယ်ဆို အပေါ်မှာ အပွင့်အဖတ်တွေ များတာကြောင့် အောက်ကနေ သိပ်မရှုပ်တဲ့ tight skirt/pencil skirt အကျပ်မျိုးလေးတွေနဲ့ တွဲဝတ်နိုင်ပါတယ်။ အသားကတော့ jean ဖြစ်ဖြစ် leather ဖြစ်ဖြစ် ကိုယ်ကြိုက်တဲ့အသားနဲ့သာ တွဲပါ။
# ကိုယ်က dinner/party ပွဲမျိုး ထူးထူးခြားခြားလေး ပြင်ဆင်သွားချင်တယ်ဆိုရင်တော့ အပေါ်ရော အောက်ရော ruffle ဒီဇိုင်းမျိုးတွေကို ခပ်ရှုပ်ရှုပ်လေး ဆင်မြန်းနိုင်ပါတယ်။ ဒါပေမယ့် အဆင်နှစ်ခုကတော့ လိုက်ဖက်နေရပါမယ်။
# Ruffled blouse ကခပ်ပွပွဆို ဘောင်းဘီ/စကတ် စတာတွေထဲ ထည့်ဝတ်တာမျိုး လုပ်ကြည့်ပါ။ အထာကျမှာ သေချာပါတယ်။
# အဆင်တန်ဆာကို ဖြစ်နိုင်ရင် အများကြီး မဝတ်ပါနဲ့။ ရှုပ်ယှက်ခတ်နေရင် ကြည့်မကောင်းလို့ပါ။ ဆွဲကြိုးဆို ပါးပါးလေး အမျှင်လေးတွေပဲ ဆွဲပါ။ ဆွဲကြိုးအဆွဲပဲ နားကပ် နားဆွဲခပ်ကြီးကြီး ဝတ်တာလည်း ကောင်းပါတယ်။
# ဒီ ဖက်ရှင်နဲ့ပတ်သက်ပြီး တစ်ခုပြောချင်တာကတော့ သိပ်ဝတဲ့ ပြည့်တဲ့သူတွေနဲ့တော့ အရမ်းကြီးမလိုက်ပါဘူးရှင်။ သူက အဖတ်အတွန့်တွေ များလွန်းတာကြောင့် ဝတဲ့သူဆို ပိုဝသလို ဖြစ်စေနိုင်လို့ပါပဲ။
ကဲ ဒီလောက်ဆို Ruffle ဖက်ရှင်အကြောင်း အခြေခံလောက် တီးမိခေါက်မိရှိလောက်ပါပြီနော်။
source i am fashion