What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ေဈးတင္မေရာင္းတဲ့ ဖက္ရွင္ ႏုိဗာ

(Zawgyi+Unicode) အြန္လုိင္းဖက္ရွင္ဆုိင္မွာ ေလွ်ာ့ေဈးရမယ့္ ပရုိမုိကုဒ္ promo code ကအစ

စီစဥ္ေပးထားတဲ့ ဖက္ရွင္လုပ္ငန္း Fashion Nova ဟာ ၂၀၁၇ ခုႏွစ္အတြင္း ဂူးဂဲမွာ ရွာေဖြမႈအမ်ားဆုံး ဖက္ရွင္brand ေတြရဲ႕ Top10 မွာ နံပါတ္(၄)ကုိ ရရွိခဲ့တယ္။ လုပ္ငန္းတည္ရာကေတာ့ အေမရိကန္ႏုိင္ငံ ေလာ့စ္အိန္ဂ်ယ္လိစ္ၿမိဳ႕မွာ ျဖစ္ၿပီး ေဈးထြက္ေရာင္းတာကေတာ့ အြန္လုိင္းမွာ အဓိက ျဖစ္ပါတယ္။ ဖက္ရွင္ႏုိဗာဟာ ဆုိရွယ္မီဒီယာမွာ ပရိသတ္အမ်ားအျပား ရရွိေအာင္ ထူေထာင္ႏုိင္ခဲ့တယ္။
ေဈးခ်ဳိၿပီး တတ္ႏုိင္တဲ့ ဖက္ရွင္အျဖစ္ အြန္လုိင္းမွာ ရပ္တည္ေနတယ္။ ဖက္ရွင္ႏုိဗာကုိ ထူေထာင္ခဲ့တာ ၂၀၀၆ ခုႏွစ္မွာ ျဖစ္ပါတယ္။ ကယ္လီဖုိးနီးယား ျပည္နယ္မွာ ဆုိင္ခြဲ ၅ ခု ဖြင့္လွစ္လုပ္ကုိင္ခဲ့တယ္။ ကလပ္တက္ရင္ ၀တ္ဖုိ႔ မေပၚ့တစ္ေပၚ ၀တ္စုံေတြကအစ ၀လြန္းသူေတြအတြက္ plus size ေတြအလယ္ ဂ်င္း၊ ႐ွဴး၊ စကပ္ အဆုံးကုိ သူ႔ကြန္ရက္မွာ တင္ေရာင္းခဲ့တယ္။ ဆုိင္ခြဲေတြ ဖြင့္ထားေပမဲ့ အြန္လုိင္းကုိ အဓိက အားျပဳတယ္။ အပတ္စဥ္ စတုိင္လ္အသစ္ ၄၀၀ မွ ၅၀၀ တင္ျပၿပီး ေရာင္းခ်တယ္။ ၀န္ထမ္း စုစုေပါင္း ၆၀၀ ဦး ၀န္းက်င္ျဖင့္ လုပ္ကုိင္လ်က္ ရွိတယ္။ အထည္သားမွ ဖက္ရွင္ထည္ျဖစ္တဲ့အထိ ကုိယ္တုိင္လုပ္ကုိင္ကာ ထုတ္လုပ္ေရာင္းခ်တယ္။ ျပင္ပအပ္ႏွံမႈ နည္းတယ္။ fast fashion အသြက္ဖက္ရွင္လက္လီအေရာင္းပုံစံျဖင့္ လုပ္ကုိင္တယ္။ ဘယ္ေလာက္အထိ သြက္သလဲဆုိရင္ ဒီဇုိင္းအဖြဲ႕က ဒီဇုိင္းအသစ္တစ္မ်ဳိးကုိ ၂၄ နာရီအတြင္း အၿပီးအစီးလုပ္ကုိင္တယ္။ ၿပီးတာနဲ႔ ခ်ဳပ္လုပ္ၿပီး ေရာင္းခ်တာမွာ အခ်ိန္ တစ္ပတ္ပဲ ယူတယ္။ ၿပီးေတာ့ ေဈးႏႈန္းက လုံး၀ေဈးမႀကီးဘူး။

promo code

Fashion Nova ရဲ႕ ၀က္ဘ္ဆုိက္မွာ ေလ့လာၾကည့္ရင္ ဂ်င္းေဘာင္းဘီတစ္ထည္ကုိ ကန္ေဒၚလာ ၄၀ ပဲ ယူတယ္။ ႐ွဴးေတြက ကန္ေဒၚလာ ၃၀ ကေန ၅၅ အထိ ရွိတယ္။ တခ်ဳိ႕အ၀တ္အစားေတြက တစ္ထည္ကုိ ကန္ေဒၚလာ ၂၈ ပဲ ရွိတယ္။ ကန္ေဒၚလာ ၄၀ မေက်ာ္ဘူး။ ဒီေတာ့ ဖက္ရွင္ မဟာလုပ္ငန္းႀကီးေတြျဖစ္တဲ့ Forever 21, H&M, Mango နဲ႔ Zara တုိ႔ကုိ ပခုံးခ်င္းယွဥ္ၿပီး အသြက္ဖက္ရွင္ေဈးကြက္မွာ အခုိင္အမာ ေနရာရယူထားတယ္။ အဲဒီလုိ ေနရာခုိင္မာဖုိ႔ ဖက္ရွင္ႏုိဗာက အြန္လုိင္းမွာ စီးပြားေရးကုိ တည္ေဆာက္တယ္။ အထူးသျဖင့္ ဖက္ရွင္ေလာကရဲ႕ အဓိကအက်ဆုံး ဆုိရွယ္မီဒီယာျဖစ္တဲ့ အင္စတာဂရမ္ကုိ အသုံးခ်တယ္။ တျခားဆုိရွယ္မီဒီယာေတြျဖစ္တဲ့ Twitter မွာ follower ခုနစ္ေသာင္းနီးပါး၊ Facebook မွာ ၁.၃ သန္း လူစုထားတယ္။ ဖက္ရွင္ႏုိဗာ ေအာင္ျမင္မႈအတြက္ ခင္းထားတဲ့ ေက်ာက္ဖ်ာျဖစ္တဲ့ Instagram မွာေတာ့ ၉.၆ သန္း ရွိတယ္။
Kylie Jenner, Amber Rose, Blac Chyna, Cardi B စဲလီေတြကုိ သုံးၿပီး အင္စတာဂရမ္မွာ လႈံ႕ေဆာ္တယ္။ Kylie Jenner က အင္စတာဂရမ္မွာ ဖက္ရွင္ႏုိဗာအတြက္ ေၾကာ္ျငာထုိးေပးခဲ့တယ္။ သူက ဖက္ရွင္ႏုိဗာရဲ႕ ဂ်င္းကုိ အ႐ူးအမူး ျဖစ္မိရၿပီလုိ႔ စာေရးၿပီး ပုံတင္လုိက္တာ like ၂ သန္းေက်ာ္ ရတယ္။

ဆုိရွယ္မီဒီယာမွာ ျမင္ေတြ႕တာေတြ တစ္ဆင့္စကား တစ္ဆင့္နားဆုိတဲ့အတုိင္း ဆုိရွယ္မီဒီယာမွာပဲ ျပန္ပ်ံ႕ႏွံ႔တဲ့ နည္းလမ္းကုိ အသုံးခ်တာ ျဖစ္ပါတယ္။

နယူးေယာက္၊ မီလန္၊ ပါရီ ဖက္ရွင္႐ႈိးပြဲႀကီးေတြမွာ မပါ၀င္ဘဲ brand ကုိ ထိပ္တန္း brand ေတြၾကားကုိ ေရာက္ရွိ္ေစခဲ့ေပမဲ့ ဖက္ရွင္ႏုိဗာကုိ ထူေထာင္သုူနဲ႔ လက္ရွိ စီအီးအုိ
Richard Saghian က ေဈးႀကီးတဲ့ အထက္တန္းလႊာ ဖက္ရွင္ေတြကုိ ထုတ္လုပ္ေရာင္းခ်ဖုိ႔ စိတ္မ၀င္စားဘူး။ နာမည္ႀကီးတာအတြက္ ေငြပုိယူဖုိ႔လည္း စိတ္ကူးမရွိဘူး။ ကန္ေဒၚလာ ၂၀ တန္ကုိ ကန္ေဒၚလာ ၁၀၀ ျဖင့္ ေဈးဖြင့္မွာ မဟုတ္ဘူးလုိ႔ သူက အင္တာဗ်ဴးတစ္ခုမွာ ေျပာၾကားခဲ့ပါတယ္။ ေဈးေတြ မတန္တဆ တင္ေရာင္းတဲ့ ဖက္ရွင္က ေသဆုံးသြားၿပီ။ အသြက္ဖက္ရွင္က လမ္းေၾကာင္းသစ္ကုိ သြားေနၿပီလုိ႔ သူက ေျပာၾကားခဲ့ပါတယ္။

 

၂၀၁၇ ခုႏွစ္အတြင္း ကမၻာတစ္လႊားမွ အင္တာနက္ တက္ၾကသူေတြရဲ႕ အရွာေဖြခံရဆုံး ဖက္ရွင္ brand ထိပ္တန္း ၁၀ ခု

Unicode

ဈေးတင်မရောင်းတဲ့ ဖက်ရှင် နိုဗာ
===================
(Zawgyi+Unicode) အွန်လိုင်းဖက်ရှင်ဆိုင်မှာ လျှော့ဈေးရမယ့် ပရိုမိုကုဒ် promo code ကအစ စီစဉ်ပေးထားတဲ့ ဖက်ရှင်လုပ်ငန်း Fashion Nova ဟာ ၂၀၁၇ ခုနှစ်အတွင်း ဂူးဂဲမှာ ရှာဖွေမှုအများဆုံး ဖက်ရှင်brand တွေရဲ့ Top10 မှာ နံပါတ်(၄)ကို ရရှိခဲ့တယ်။ လုပ်ငန်းတည်ရာကတော့ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မြို့မှာ ဖြစ်ပြီး ဈေးထွက်ရောင်းတာကတော့ အွန်လိုင်းမှာ အဓိက ဖြစ်ပါတယ်။ ဖက်ရှင်နိုဗာဟာ ဆိုရှယ်မီဒီယာမှာ ပရိသတ်အများအပြား ရရှိအောင် ထူထောင်နိုင်ခဲ့တယ်။
ဈေးချိုပြီး တတ်နိုင်တဲ့ ဖက်ရှင်အဖြစ် အွန်လိုင်းမှာ ရပ်တည်နေတယ်။ ဖက်ရှင်နိုဗာကို ထူထောင်ခဲ့တာ ၂၀၀၆ ခုနှစ်မှာ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ဆိုင်ခွဲ ၅ ခု ဖွင့်လှစ်လုပ်ကိုင်ခဲ့တယ်။ ကလပ်တက်ရင် ဝတ်ဖို့ မပေါ့်တစ်ပေါ် ဝတ်စုံတွေကအစ ဝလွန်းသူတွေအတွက် plus size တွေအလယ် ဂျင်း၊ ရှူး၊ စကပ် အဆုံးကို သူ့ကွန်ရက်မှာ တင်ရောင်းခဲ့တယ်။ ဆိုင်ခွဲတွေ ဖွင့်ထားပေမဲ့ အွန်လိုင်းကို အဓိက အားပြုတယ်။ အပတ်စဉ် စတိုင်လ်အသစ် ၄၀၀ မှ ၅၀၀ တင်ပြပြီး ရောင်းချတယ်။ ဝန်ထမ်း စုစုပေါင်း ၆၀၀ ဦး ဝန်းကျင်ဖြင့် လုပ်ကိုင်လျက် ရှိတယ်။ အထည်သားမှ ဖက်ရှင်ထည်ဖြစ်တဲ့အထိ ကိုယ်တိုင်လုပ်ကိုင်ကာ ထုတ်လုပ်ရောင်းချတယ်။ ပြင်ပအပ်နှံမှု နည်းတယ်။ fast fashion အသွက်ဖက်ရှင်လက်လီအရောင်းပုံစံဖြင့် လုပ်ကိုင်တယ်။ ဘယ်လောက်အထိ သွက်သလဲဆိုရင် ဒီဇိုင်းအဖွဲ့က ဒီဇိုင်းအသစ်တစ်မျိုးကို ၂၄ နာရီအတွင်း အပြီးအစီးလုပ်ကိုင်တယ်။ ပြီးတာနဲ့ ချုပ်လုပ်ပြီး ရောင်းချတာမှာ အချိန် တစ်ပတ်ပဲ ယူတယ်။ ပြီးတော့ ဈေးနှုန်းက လုံးဝဈေးမကြီးဘူး။

promo code

Fashion Nova ရဲ့ ဝက်ဘ်ဆိုက်မှာ လေ့လာကြည့်ရင် ဂျင်းဘောင်းဘီတစ်ထည်ကို ကန်ဒေါ်လာ ၄၀ ပဲ ယူတယ်။ ရှူးတွေက ကန်ဒေါ်လာ ၃၀ ကနေ ၅၅ အထိ ရှိတယ်။ တချို့အဝတ်အစားတွေက တစ်ထည်ကို ကန်ဒေါ်လာ ၂၈ ပဲ ရှိတယ်။ ကန်ဒေါ်လာ ၄၀ မကျော်ဘူး။ ဒီတော့ ဖက်ရှင် မဟာလုပ်ငန်းကြီးတွဖြေစ်တဲ့ Forever 21, H&M, Mango နဲ့ Zara တို့ကို ပခုံးချင်းယှဉ်ပြီး အသွက်ဖက်ရှင်ဈေးကွက်မှာ အခိုင်အမာ နေရာရယူထားတယ်။ အဲဒီလို နေရာခိုင်မာဖို့ ဖက်ရှင်နိုဗာက အွန်လိုင်းမှာ စီးပွားရေးကို တည်ဆောက်တယ်။ အထူးသဖြင့် ဖက်ရှင်လောကရဲ့ အဓိကအကျဆုံး ဆိုရှယ်မီဒီယာဖြစ်တဲ့ အင်စတာဂရမ်ကို အသုံးချတယ်။ တခြားဆိုရှယ်မီဒီယာတွဖြေစ်တဲ့ Twitter မှာ follower ခုနစ်သောင်းနီးပါး၊ Facebook မှာ ၁.၃ သန်း လူစုထားတယ်။ ဖက်ရှင်နိုဗာ အောင်မြင်မှုအတွက် ခင်းထားတဲ့ ကျောက်ဖျာဖြစ်တဲ့ Instagram မှာတော့ ၉.၆ သန်း ရှိတယ်။
Kylie Jenner, Amber Rose, Blac Chyna, Cardi B စဲလီတွေကို သုံးပြီး အင်စတာဂရမ်မှာ လှုံ့ဆော်တယ်။ Kylie Jenner က အင်စတာဂရမ်မှာ ဖက်ရှင်နိုဗာအတွက် ကြော်ငြာထိုးပေးခဲ့တယ်။ သူက ဖက်ရှင်နိုဗာရဲ့ ဂျင်းကို အရူးအမူး ဖြစ်မိရပြီလို့ စာရေးပြီး ပုံတင်လိုက်တာ like ၂ သန်းကျော် ရတယ်။

 

ဆိုရှယ်မီဒီယာမှာ မြင်တွေ့တာတွေ တစ်ဆင့်စကား တစ်ဆင့်နားဆိုတဲ့အတိုင်း ဆိုရှယ်မီဒီယာမှာပဲ ပြန်ပျံ့နှံ့တဲ့ နည်းလမ်းကို အသုံးချတာ ဖြစ်ပါတယ်။
နယူးယောက်၊ မီလန်၊ ပါရီ ဖက်ရှင်ရှိုးပွဲကြီးတွေမှာ မပါဝင်ဘဲ brand ကို ထိပ်တန်း brand တွကြေားကို ရောက်ရှိ်စေခဲ့ပေမဲ့ ဖက်ရှင်နိုဗာကို ထူထောင်သုူနဲ့ လက်ရှိ စီအီးအို
Richard Saghian က ဈေးကြီးတဲ့ အထက်တန်းလွှာ ဖက်ရှင်တွေကို ထုတ်လုပ်ရောင်းချဖို့ စိတ်မဝင်စားဘူး။ နာမည်ကြီးတာအတွက် ငွေပိုယူဖို့လည်း စိတ်ကူးမရှိဘူး။ ကန်ဒေါ်လာ ၂၀ တန်ကို ကန်ဒေါ်လာ ၁၀၀ ဖြင့် ဈေးဖွင့်မှာ မဟုတ်ဘူးလို့ သူက အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ ဈေးတွေ မတန်တဆ တင်ရောင်းတဲ့ ဖက်ရှင်က သေဆုံးသွားပြီ။ အသွက်ဖက်ရှင်က လမ်းကြောင်းသစ်ကို သွားနပြေီလို့ သူက ပြောကြားခဲ့ပါတယ်။

၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာတစ်လွှားမှ အင်တာနက် တက်ကြသူတွေရဲ့ အရှာဖွေခံရဆုံး ဖက်ရှင် brand ထိပ်တန်း ၁၀ ခု

Read 961 times
Rate this item
(0 votes)