What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Amazon Smart Mirror

Zaw+Uni အဝတ္အစားက အသံမထြက္ဘဲ စကားေျပာတယ္။ လူမႈဆက္ဆံေရးနယ္ပယ္မွာ မဝတ္တတ္မစားတတ္ရင္ အေျပာအဆုိမတတ္တဲ့သူနဲ႔ အတူတူပဲ။

ဒီေတာ့ ဝတ္စားဆင္ယင္တဲ့အခါ လူမႈဆက္ဆံေရး ခၽြတ္လြဲမႈ ျဖစ္ေနမယ့္ ဖက္ရွင္ မျဖစ္ရေအာင္ ဂ႐ုျပဳၾကရတယ္။ ဒါေပမဲ့ အဲဒီအတြက္ ျပ႒ာန္းထားတဲ့ သင္႐ုိးဖတ္စာ မရွိဘူး။ ဒီေတာ့ စဥ္းစားခ်င့္ခ်ိန္ရတာ မလြယ္ဘူး။

ပြဲတက္ဖုိ႔ အဝတ္အစား ေရြးရတာ ဦးေႏွာက္ေျခာက္စရာ ျဖစ္ေနတတ္တယ္။ အက်ႌက တက္ရမယ့္ပြဲအတြက္ သင့္ေတာ္ရဲ႕လား။ အကြက္ေတြပါတဲ့ အက်ႌက လုိက္ဖက္ရဲ႕လား။ ဖိနပ္က အမည္းဝတ္ရမလား။ အညိဳေလး ဝတ္ရင္ေကာင္းမလား။

အဲဒီကိစၥ မၾကာခင္မွာ ေျပလည္သြားေတာ့မယ္။
အြန္လုိင္းကုန္တုိက္ အေမဇုံက မေန႔က(၂ဝ၁၇-ဇန္-၁၇) မွာ ကင္မရာေတြ၊ ပ႐ုိဂ်က္တာေတြနဲ႔ ၾကည့္မွန္ေတြ ပါတဲ့ စနစ္တစ္ခုအတြက္ မူပုိင္ခြင့္တစ္ခု အတည္ျပဳေပးတာ ရရွိတယ္။ အသုံးျပဳသူရဲ႕ ကုိယ္ခႏၶာကုိ မွန္မွာ ဒစ္ဂ်စ္တယ္ နည္းလမ္းျဖင့္ ပုံရိပ္ထုတ္ေပးမယ့္စနစ္ ျဖစ္ပါတယ္။ အဲဒီစနစ္က ဘာလုပ္ေပးမွာလဲ။ အဲဒီမွန္ေရွ႕မွာသြားရပ္ၿပီး အဝတ္အစားဝတ္ျပထားရင္ မွန္က အႀကံေပးလိမ့္မယ္။
အဲဒီလုိ စမတ္က်တဲ့ စမတ္မွန္က ေနာက္ခံအမ်ဳိးမ်ဳိးနဲ႔လည္း ျပသေပးႏုိင္တယ္။ ဥပမာအားျဖင့္ ဝတ္စားထားတာက ပင္လယ္ကမ္းေျခေနာက္ခံမွာ ဘယ္လုိေနမလဲဆုိတာ ၾကည့္လုိ႔ရတယ္။ ဒီေတာ့ လုိက္ဖက္ရဲ႕လားဆုိတာ မွန္ထဲက ပုံကုိၾကည့္ၿပီး စဥ္းစားဆုံးျဖတ္လုိ႔ ရတယ္။
ၾကည့္႐ႈသူကုိ ေနာက္ခံ အမ်ဳိးမ်ဳိးျဖင့္ ျပသေပးတယ္။ ပဲ့တင္သံဟာ အသံျပဳသူရဲ႕ အသံအတုိင္း အသံျပန္ေပးတာမ်ဳိး ၾကည့္႐ႈသူရဲ႕ ပုံကုိ ၾကည့္ဖုိ႔ ျပန္ထုတ္ေပးတာမုိ႔ ပဲ့တင္႐ုပ္အသြင္ Echo Look လုိ႔ အမည္ေပးထားတယ္။ တစ္ဦးခ်င္းအလုိက္ ဖက္ရွင္ကုိ စဥ္းစားဆုံးျဖတ္ဖုိ႔ ကူညီေပးမယ့္ ပဲ့တင္႐ုပ္အသြင္ ျဖစ္ပါတယ္။

 

11 1200x675

Panasonic မွာလည္း ပဲ့တင္႐ုပ္အသြင္စနစ္ ရွိတယ္။ မိတ္ကပ္နဲ႔ ေကာ့စမက္တစ္ လိမ္းျခယ္ၿပီး အလွျပင္လုိက္ရင္ ဘယ္လုိေနမလဲဆုိတာကုိ ၾကည့္လုိ႔ရတဲ့ စမတ္မွန္ ျဖစ္ပါတယ္။ ၿပီးေတာ့ မ်က္ႏွာမွာ ဘာအျပစ္အနာအဆာ ရွိသလဲ၊ ဘယ္လုိလိမ္းျခယ္ၿပီး ေဖ်ာက္ရမလဲဆုိတာေတြကုိလည္း အႀကံေပးပါတယ္။
Oak Labs ကလည္း စမတ္မွန္ ထုတ္လုပ္တယ္။ ေကာ့စမက္တစ္ဆုိင္ေတြမွာ လာဝယ္သူက ဒီႏႈတ္ခမ္းနီ ဆုိးလုိ္က္ရင္ ဘယ္လုိေနမလဲဆုိတာကုိ စမတ္မွန္မွာ ၾကည့္လုိ႔ရတယ္။ အဲဒီႏႈတ္ခမ္းနီဆုိးထားတဲ့ သူ႔ရဲ႕ မ်က္ႏွာပုံကုိ စမတ္မွန္မွာ ေတြ႕ရမွာ ျဖစ္ပါတယ္။

Uni

အဝတ်အစားက အသံမထွက်ဘဲ စကားပြောတယ်။ လူမှုဆက်ဆံရေးနယ်ပယ်မှာ မဝတ်တတ်မစားတတ်ရင် အပြောအဆိုမတတ်တဲ့သူနဲ့ အတူတူပဲ။ ဒီတော့ ဝတ်စားဆင်ယင်တဲ့အခါ လူမှုဆက်ဆံရေး ချွတ်လွဲမှု ဖြစ်နေမယ့် ဖက်ရှင် မဖြစ်ရအောင် ဂရုပြုကြရတယ်။ ဒါပေမဲ့ အဲဒီအတွက် ပြဋ္ဌာန်းထားတဲ့ သင်ရိုးဖတ်စာ မရှိဘူး။ ဒီတော့ စဉ်းစားချင့်ချိန်ရတာ မလွယ်ဘူး။

ပွဲတက်ဖို့ အဝတ်အစား ရွေးရတာ ဦးနှောက်ခြောက်စရာ ဖြစ်နေတတ်တယ်။ အင်္ကျီက တက်ရမယ့်ပွဲအတွက် သင့်တော်ရဲ့လား။ အကွက်တွေပါတဲ့ အင်္ကျီက လိုက်ဖက်ရဲ့လား။ ဖိနပ်က အမည်းဝတ်ရမလား။ အညိုလေး ဝတ်ရင်ကောင်းမလား။

အဲဒီကိစ္စ မကြာခင်မှာ ပြေလည်သွားတော့မယ်။
အွန်လိုင်းကုန်တိုက် အမေဇုံက မနေ့က(၂ဝ၁၇-ဇန်-၁၇) မှာ ကင်မရာတွေ၊ ပရိုဂျက်တာတွေနဲ့ ကြည့်မှန်တွေ ပါတဲ့ စနစ်တစ်ခုအတွက် မူပိုင်ခွင့်တစ်ခု အတည်ပြုပေးတာ ရရှိတယ်။ အသုံးပြုသူရဲ့ ကိုယ်ခန္ဓာကို မှန်မှာ ဒစ်ဂျစ်တယ် နည်းလမ်းဖြင့် ပုံရိပ်ထုတ်ပေးမယ့်စနစ် ဖြစ်ပါတယ်။ အဲဒီစနစ်က ဘာလုပ်ပေးမှာလဲ။ အဲဒီမှန်ရှေ့မှာသွားရပ်ပြီး အဝတ်အစားဝတ်ပြထားရင် မှန်က အကြံပေးလိမ့်မယ်။
အဲဒီလို စမတ်ကျတဲ့ စမတ်မှန်က နောက်ခံအမျိုးမျိုးနဲ့လည်း ပြသပေးနိုင်တယ်။ ဥပမာအားဖြင့် ဝတ်စားထားတာက ပင်လယ်ကမ်းခြေနောက်ခံမှာ ဘယ်လိုနေမလဲဆိုတာ ကြည့်လို့ရတယ်။ ဒီတော့ လိုက်ဖက်ရဲ့လားဆိုတာ မှန်ထဲက ပုံကိုကြည့်ပြီး စဉ်းစားဆုံးဖြတ်လို့ ရတယ်။
ကြည့်ရှုသူကို နောက်ခံ အမျိုးမျိုးဖြင့် ပြသပေးတယ်။ ပဲ့တင်သံဟာ အသံပြုသူရဲ့ အသံအတိုင်း အသံပြန်ပေးတာမျိုး ကြည့်ရှုသူရဲ့ ပုံကို ကြည့်ဖို့ ပြန်ထုတ်ပေးတာမို့ ပဲ့တင်ရုပ်အသွင် Echo Look လို့ အမည်ပေးထားတယ်။ တစ်ဦးချင်းအလိုက် ဖက်ရှင်ကို စဉ်းစားဆုံးဖြတ်ဖို့ ကူညီပေးမယ့် ပဲ့တင်ရုပ်အသွင် ဖြစ်ပါတယ်။

11 1200x675

Panasonic မှာလည်း ပဲ့တင်ရုပ်အသွင်စနစ် ရှိတယ်။ မိတ်ကပ်နဲ့ ကော့စမက်တစ် လိမ်းခြယ်ပြီး အလှပြင်လိုက်ရင် ဘယ်လိုနေမလဲဆိုတာကို ကြည့်လို့ရတဲ့ စမတ်မှန် ဖြစ်ပါတယ်။ ပြီးတော့ မျက်နှာမှာ ဘာအပြစ်အနာအဆာ ရှိသလဲ၊ ဘယ်လိုလိမ်းခြယ်ပြီး ဖျောက်ရမလဲဆိုတာတွေကိုလည်း အကြံပေးပါတယ်။
Oak Labs ကလည်း စမတ်မှန် ထုတ်လုပ်တယ်။ ကော့စမက်တစ်ဆိုင်တွေမှာ လာဝယ်သူက ဒီနှုတ်ခမ်းနီ ဆိုးလို်က်ရင် ဘယ်လိုနေမလဲဆိုတာကို စမတ်မှန်မှာ ကြည့်လို့ရတယ်။ အဲဒီနှုတ်ခမ်းနီဆိုးထားတဲ့ သူ့ရဲ့ မျက်နှာပုံကို စမတ်မှန်မှာ တွေ့ရမှာ ဖြစ်ပါတယ်။

Read 962 times
Rate this item
(0 votes)