Hourglass Silhouette ဒီဇိုင်းနဲ့ ဝတ်စုံမျိုးတွေကိုတော့ တခြားဝတ်စုံတွေက ယှဉ်နိုင်မှာမဟုတ်ပါဘူး။
ဘာလို့လည်းဆိုတော့ အဲ့လိုဒီဇိုင်းမျိုးတွေက ဝတ်ဆင်တဲ့သူကို ပိန်သွယ်သွားစေတဲ့အပြင် ခန္ဓာကိုယ်ကောက်ကြောင်းကိုလည်း ပေါ်လွင်စေတယ် မဟုတ်ပါလား။
Hourglass Silhouette ပုံစံမျိုး ရနိုင်ဖို့အတွက် ခါးပတ်ကြီးကြီးတွေဆီက အထောက်အကူတွေ အများကြီး ရနိုင်ပါတယ်နော်။
ပြည်ပအနုပညာတွေကို ကြည့်မယ်ဆိုရင်လည်း over-sized ခါးပတ်တွေနဲ့ ပွဲတက်နေကြတယ်ဆိုတာ မြင်မှာပါ။
ခါးပတ်ကြီးကြီးတွေ ကိုဘယ်လိုဘယ်ပုံနဲ့ ဝတ်နေကြတယ်ဆိုတာကို တင်ဆက်ပေးလိုက်တဲ့အတွက် သင့်ရဲ့ နောက်ပွဲတက်ဝတ်စုံတွေမှာလည်း ခါးပတ်နဲ့တွဲပြီး ဝတ်စုံလှလှလေးတစ်ခုကို ဘယ်လိုဖန်တီးရမလဲဆိုတာကို သိသွားလောက်ပြီပေါ့နော်။
source posh magazine