What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စာသားနဲ့ကာလာစပ် ဖက်ရှင်

စာသားနဲ့ကာလာစပ် ဖက်ရှင် 8day

ငါ့မှာ ဘာဝတ်စရာမှ မရှိဘူး ဆိုတဲ့ အတွေးဟာ တစ်ခါတစ်ရံ ၀င်လာတတ်တာလောက် ဆိုးရွားတာ မရှိပါဘူး။

အဲဒီလိုအချိန်မျိုးကျရင် ပေါ့ပေါ့ပါးပါးနဲ့ ဖက်ရှင်ကျကျဝတ် စားလို့ရတဲ့ အထည်တစ်မျိုး ရှိတယ်။ အဲဒါကတော့ Graphic T-Shirt တွေပါပဲ။
ဂရပ်ဖစ်တီရှပ်တွေဟာ သာမန် တီရှပ်တွေထက် ပိုပြီးတော့ ရွှင်မြူးတဲ့ ဒီဇိုင်းရှိပြီး အရောင်အသွေးလည်း စုံလင်လှတာမို့ ၀တ်ဆင်သူကို ပေါ့ပါး မြူးတူးစေပါတယ်။ ဒါပေမဲ့ မကြာခဏ ၀တ်လို့တော့ မကောင်းပါဘူး။ 
Graphic T-Shirt ဆိုတာ အင်္ကျီပေါ်မှာ စတေကာပုံစံ ဂရပ်ဖစ် ဒီဇိုင်းတွေနဲ့ ခြယ်သထားပြီး အရိုး ခေါင်းအရုပ်တွေကအစ နာမည် ကြီးပုဂ္ဂိုလ်တွေရဲ့ပုံအထိပါမယ်။ စာတန်းတွေပါမယ်၊ အရောင်မြူး မြူးတွေ ပါမယ်။ ယေဘုယျအားဖြင့် ဒါတွေကို ဂရပ်ဖစ်တီရှပ်လို့ ခေါ်ပါတယ်။ အထူးသဖြင့် စာသားအလန်း တွေကြောင့် Graphic T-Shirt တွေဟာ ရိုးအီသွားတယ် မရှိဘဲ လူငယ်တွေကြား ခေတ်စားနေမြဲ ဖြစ်ပါတယ်။ ဒီလိုမျိုး စာသား အလန်းတွေနဲ့ ကိုယ်ဖာသာ ထုတ်ပြီး ရိုက်လို့လည်း ရပါသေးတယ်။

■ စာသားအလန်းများ

ကိုယ့်ဖာသာရိုက်ပြီး ၀တ်ချင် သူများအတွက် Cute but Psycho, Chapange is always the answer, I’m not stupid anymore, Never ever don’t give up, I’m the boss, cute but crazy… စသဖြင့် အများကြီး ရှိပါတယ်။ ကိုယ်ကြိုက်နှစ်သက်ရာစာသားတွေ ကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။

■ ၀တ်ဆင်သင့်သည့်အချိန်များ

ကိုယ်အားပေးတဲ့ အဆိုတော်၊ ပွဲလမ်းသဘင်တွေကျရင် သက်ဆိုင် ရာ Graphic T-Shirt ကို ရွေးချယ် ၀တ်ဆင်နိုင်ပါတယ်။ အားကစား Grphic ရှပ်တွေလည်း ရှိတာမို့ အားကစားနဲ့ဆိုင်တဲ့ ပွဲတွေကျရင်လည်း ၀တ်စားနိုင်တယ်။ လှပတဲ့ စာသားတွေပါတဲ့ ရှပ်တွေဆိုရင် လည်း မိမိစိတ်ခံစားမှုနဲ့ ကိုက်ညီစွာ ဖော်ပြချင်တဲ့အချိန်ကျရင်လည်း ၀တ်စားလို့ ရသေးတယ်။

■ အဖြူရောင်

တီရှပ်တွေ ၀တ်တဲ့အခါမှာ အလွယ်ဆုံးနဲ့စတိုင်လ်ကျစေတဲ့ဝတ် စားဆင်ယင်မှုကတော့ အဖြူရောင် တီရှပ်ကို ရွေးချယ်တာပါပဲ။ အဖြူရောင်ဟာ ဘာနဲ့ပဲဖြစ်ဖြစ် ၀တ်စားဆင်ယင်နိုင်တဲ့ အရောင်တစ် မျိုးဖြစ်ပါတယ်။ Graphic T-Shirt ၀တ်တဲ့အခါမှာ အရောင်ကို အဓိက ထားပြီး ရွေးချယ်သင့်တာမို့ အရောင်ထဲမှာ အဖြူရောင်ဟာ အနာအဆာမရှိ ဘေးထွက်ဆိုးကျိုး မရှိတာမို့ အဖြူရောင်ဟာ ဦးစားပေး ဖြစ်ရတာပါပဲ။

■ စကတ်လား ဘောင်းဘီလား

ရှပ်တွေဟာ ၀တ်စားရတာ ပေါ့ပေါ့ပါးပါးနိုင်ပြီး တွဲဖက်ဝတ်စား ရတဲ့ အ၀တ်အစားကလည်း ပေါ့ပေါ့ ပါးပါးနိုင်ပါတယ်။ စကတ်ဖြစ်ဖြစ်၊ ဂျင်းဘောင်းဘီဖြစ်ဖြစ် တွဲဖက်ဝတ် ဆင်နိုင်တယ်။ ရှော့ပင်းထွက်တဲ့အခါ မျိုးမှာဆို သက်သောင့်သက်သာနိုင် တဲ့ စနီကာလေးစီးပြီး ၀တ်နိုင်သလို ဒေါက်ဖိနပ်လေးစီးပြီး အပေါ်က ဂျင်းဘောင်းဘီနဲ့လည်း တွဲဝတ်နိုင်ပါ သေးတယ်။

■ ဘာဖိနပ်စီးရမလဲ

အောက်က ဖိနပ်ကိုတော့ သွားမယ့်နေရာအလိုက် ဘဲလေး ဖိနပ်၊ စနီကာ၊ဒေါက်စတာတွေကို အဆင်ပြေသလို ရွေးချယ်ပေးနိုင်ပါ တယ်။ ၀တ်မယ့် ဘောင်းဘီ စကတ် အပေါ် မူတည်ပြီး ရွေးချယ်ဖို့လည်း လိုအပ်ပါသေးတယ်။

■ ဆောင်ရန် ရှောင်ရန်

ဂရပ်ဖစ်တီရှပ်အများစုဟာ ပုံတွေ၊ ဆောင်ပုဒ်တွေနဲ့ လာလေ့ရှိ တာမို့ ကျောင်းသားတွေနဲ့လုပ်ငန်း ခွင်ဝင်နေတဲ့သူတွေအတွက် သင့် လျော်ခြင်း မရှိပါဘူး။ ခေတ်ဆန် ဆန်နဲ့ စတိုင်လ်ကျချင်တယ်ဆိုရင်တော့ ဒါမျိုးကို ရှောင်ရှားသင့်ပါတယ်။ 
ရှုပ်ထွေးပြီး စိတ္တဇဆန်တဲ့ပုံတွေ ပါတဲ့ ဂရပ်ဖစ်တီရှပ်တွေဟာလည်း အသက်(၂၅)ကျော်သွားတဲ့သူတွေ အတွက် လိုက်ဖက်ခြင်း မရှိပါဘူး။
ဂရပ်ဖစ်တီရှပ်တွေ ၀တ်တဲ့ အခါမှာ accessories တွေကို လွန်စွဲစွာ ၀တ်ဆင်ခြင်း မပြုရပါဘူး။ ကြီးမားတဲ့ accessories တွေ၊ နား ဆွဲအရှည်တွေ၊ အကြီးတွေ။ နား ကွင်းအကြီးတွေကို ရှောင်ကြဉ်ပေး သင့်ပါတယ်။ 
စကတ်တွေ၊ ဂျင်းဘောင်းဘီ တွေမှာလည်း အခက်အလက်၊ ပန်းခြူးခက်နွယ်တွေ ဖော်ထားတဲ့ ဘောင်းဘီ တွေ၊ ပန်းပွင့်ဒီဇိုင်းတွေ၊ အခက်တွေ စသဖြင့် ပါတဲ့ စကတ် တွေဆိုရင်လည်း တစ်ကိုယ်လုံး မျက်စိရှုပ်စရာဖြစ်သွားပါလိမ့်မယ်။ 
စကတ်နဲ့ တွဲဝတ်မယ်ဆိုရင် စကတ်အရောင်ပေါ် မူတည်ပြီး ဖိနပ်အနက်ကို စတော့ကင်းအနက်လေးနဲ့ တွဲဝတ်နိုင်ပါတယ်။ လက်ကောက်လှလှလေးတွေ ၀တ်လို့ ရပါတယ်။ ဖန်စီလည်ဆွဲ သို့မဟုတ် လက်ဝတ်ရတနာလည်ဆွဲလေးတွေလည်း ၀တ်ဆင်လို့ ရပါတယ်။

source:8day

Read 1055 times
Rate this item
(0 votes)