What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အဖြူရောင်ဂျင်းဘောင်းဘီကို အလန်းစားဝတ်ဆင်လို့ရမယ့် ဒီဇိုင်း(၇)မျိုး

မိန်းကလေးတွေနေ့စဉ်နေ့တိုင်းကြုံတွေ့နေရတဲ့ ပြဿနာ တွေထဲမှာ ဘယ်လိုအ၀တ်အစားမျိုးဝတ်ရမလဲဆိုပြီး စဉ်စားရတာလည်းအလုပ်တခုပါဘဲ။

အပြင်သွားခါနီးအ၀တ်ဗီရိုရှေ့မှာ အချိန်တော်တော်ကြာကြာကုန်သွားလောက်အောင်ကို အ၀တ်အစားတွေရွေးနေရတာကလည်းမိန်းကလေးတွေရဲ့ ပြဿနာတခုပါဘဲ။ ဒီတော့အချိန်အကြာကြီးပေးစရာမလိုတော့ အောင်လို့ fashion tips လေးတွေပြောပြပေးချင်ပါတယ်။ဒါကတော့ ဘယ်တော့ မှရိုးမသွားတဲ့ အဖြူရောင်ဂျင်းဘောင်းဘီစတိုင်ကိုမှလူတိုင်းနဲ့ လိုက်ဖက်မယ့် အရောင်လေးတွေကိုပြောပြပေးချင်ပါတယ်။

-       Chambray Shirt

အဖြူရောင်ဂျင်းဘောင်းဘီလေးနဲ့ Chambray Shirt လေးနဲ့ ဆိုရင်လည်းအလိုက်ဖက်ဆုံးဖက်ရှင် တခုပါဘဲ။ အဖြူရောင်က ဘယ်ရောင်နဲ့ မဆို လိုက်ဖက်တယ်ဆိုပေမယ့် အပြာရောင်ရှပ်အင်္ကျီလေးနဲ့ဆိုရင်တော့ တကယ်ကို လိုက်ဖက်တဲ့ အရောင်လေးပါပဲနော်။

kot gomlek ve beyaz pantolon kombinasyonu

 

-       Off-shoulder top

ဂျင်းဘောင်းဘီအဖြူကိုမှအပြဲဒီဇိုင်းမျိုးဆိုရင်တော့ ချစ်စရာကောင်းပြီးစတိုင်လည်းကျတဲ့ off shoulder လေးကို ၀တ်ဆင်လို့ရပါတယ်။ off shoulder နဲ့ ဂျင်းဘောင်းဘီကလည်းလိုက်ဖက်တဲ့ ဖက်ရှင် တခုပါဘဲ။

peBlack Off Shoulder Top With White Ripd Jeans And A Faun Bag Gives A Simple And Sober Look. 1

-       Tied up shirt

အဖြူရောင်ဂျင်းဘောင်းဘီဆိုတာက ဖက်ရှင်ရေစီးကြောင်းထဲမှာ ဆိုရင် တော့ ဘယ်တော့မရိုးမသွားဘဲအမြဲတမ်းဆန်းသစ်နေတဲ့ ဖက်ရှင် တခုပါဘဲ။ ပေါ့ပေါ့ပါးပါး ဖက်ရှင်စတိုင်လေးဝဆ်ချင်တယ်ဆိုရင်တော့ ရှပ်အင်္ကျီအစင်း(သို့) ရှပ်အကွက် လေးကို ရှေ့လေးကို စည်းထားတဲ့ ပုံစံနဲ့ ၀တ်မယ်ဆိုရင် တော့ အထာကျကျနဲ့ လှနေမှာပေါ့။

404D23C900000578 0 image a 155 1494766273135

-       Black top

အရောင်တွေထဲမှာ အလိုက်ဖက်ဆုံးကတော့ အဖြူနဲ့ အမဲပါဘဲ။ ဒီတော့ ဂျင်းဘောင်းဘီအဖြူရောင်လေးနဲ့ အမည်းရောင်လေးကို တွဲဝတ်လိုက်မယ်ဆိုရင်တော့ သပ်သပ်ရပ်ရပ်လေးနဲ့ ချစ်စရာကောင်းနေမှာပါ။

305563f0f849d9c27b6c6f66bc420a00

-       Floral top

အရောင်လေးနဲ့ ပန်းပွင့်လေးတွေကို ဂှင်းဘောင်းဘီအဖြူရောင်လေးနဲ့ ၀တ်လိုက်မယ်ဆိုရင် ပေါ့ပေါ့ပါးပါးလေးနဲ့ ချစ်ဖို့ကောင်းနေမှာပါ။ဒီလိုဒီဇိုင်းမျိုးက နွေရာသီဖက်ရှင်အနေနဲ့ လည်းလိုက်ဖက်ပါတယ်။

The Dainty Darling Floral Gibson Ruffle Top White Jeans Cut Out Booties Spring Summer Outfit1

 

-       Crop top

ခန္တာကိုယ်ပိန်ပိန်ပါးပါးကောင်မလေးတွေဆိုရင်တော့ ဂျင်းဘောင်းဘီအဖြူရောင်လေးနဲ့ Crop top လေးနဲ့ ဆိုရင်လည်းဖက်ရှင်ကျပြီး စတိုင်လန်းတဲ့ ကောင်မလေးဖြစ်သွားမှာပါ။

263ED14E00000578 0 image m 73 1425306905287

-       Striped top

အဖြူရောင်ဂျင်းဘောင်းဘီလေးကို အပေါ်ကနေအစင်းပါတဲ့ အင်္ကျီလေးနဲ့ ၀တ်မယ်ဆိုရင် မျက်လုံးထဲမှာ မြင်လိုက်ရင် တောင်တော်ကို လှပပြီးဆွဲဆောင်မှုရှိနေပါပြီ။

DVFgisellestripedcottontopBurberrytrenchcoatAGcigarettestiltrollupwhitejeansKateSpadelottiepumpsLoefflerRandalriderbag 2 2 683x1024

Read 1147 times
Rate this item
(0 votes)