What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကမ္ဘာ့ဈေးအကြီးဆုံး လက်ကိုင်အိတ် (၅)အိတ်

လက်ကိုင်အိတ်တွေကို လက်ဝတ်ရတနာတစ်ခုအနေနဲ့ တွေးကြည့်ဖူးပါသလား။ မတွေးဖူးကြည့်သေးရင်တော့ ဒီအိတ်တွေကို မတွေ့ရသေးလို့ပဲဖြစ်ပါလိမ့်မယ်။ စိန်တွေနဲ့ အဖိုးတန်ရတနာတွေအမြောက်အမြားနဲ့ စီခြယ်ထားတဲ့ ဒီလက်ကိုင်အိတ် ၅ အိတ်က ကမ္ဘာ့ဈေးအကြီးဆုံး အိတ်တွေအဖြစ်နဲ့ ၂၀၁၈ အတွက် မှတ်တမ်းတင်ထားခံခဲ့ရပါတယ်။

Mouawad 1001 Nights Diamond Purse – $3.8 million

Mouawad 1001 Nights Diamond Purse min

ဒီလက်ကိုင်အိတ်ဟာဆိုရင် ကမ္ဘာ့နံပါတ်တစ်ဈေးအကြီးဆုံးအိတ်အဖြစ် နေရာယူထားပါတယ်။ Guniess Books of World မှာ 2011ထဲက ဈေးအကြီးဆုံးအိတ်အဖြစ် မှတ်တမ်းတင်ထားခြင်းကို ခံခဲ့ရပြီး ယနေ့အထိသူ့ကို ဘယ်အိတ်မှမကျော်နိုင်သေးပါဘူး။ အဲဒီအိတ်ကို စိန်အလုံးရေ စုစုပေါင်း 4,517 လုံးနဲ့စီခြယ်ထားပြီး အဲ့စိန်တွေထဲမှာ အဝါရောင်စိန် 105 လုံး ပန်းရောင်ရှိတဲ့စိန် 56လုံးနဲ့ အရောင်မဲ့စိန် 4,356 လုံးပါဝင်ပါတယ်။
အဲ့ဒီလောက် ဈေးကြီးတဲ့ လက်ကိုင်အိတ်ကို မနှစ်က Hong Kong မှာ ပြုလုပ်ခဲ့တဲ့ လေလံပွဲတစ်ခုမှ လေလံပစ်ဖို့တင်ခဲ့တယ်လို့ သိရပါတယ်။

Hermes Kelly Rose Gold - $2 million

Hermes Kelly Rose Gold min

ဒီအိတ်ကိုသာ ပိုင်ဆိုင်ထားမယ်ဆိုရင် ပါတီပွဲတွေသွားဖို့ ဘာလက်ဝတ်ရတနာမှ အထူးတလည် ဝတ်ဆင်နေဖို့ မလိုအပ်တော့ပါဘူး။ရွှေကို မိကျောင်းအရေခွဲပုံစံရအောင် ပုံသွင်းထားတဲ့ ဒီအိတ်ဟာဆိုရင် Hermes နဲ့ Jeweler Pierce Hardy တို့ရဲ့ ပူးပေါင်းထုတ်လုပ်ခဲ့တဲ့ ဒီဇိုင်းတစ်ခုပဲဖြစ်ပါတယ်။ ဒီအိတ်ကို အပြီးသတ်ဖို့နဲ့ အလှဆုံးဖြစ်အောင်ဖန်တီးဖို့ ၂ နှစ်တောင်ကြာမြင့်ခဲ့ပြီး စိန်အလုံးရေပေါင်း 1,160လုံးနဲ့ အလှဆင်ထားပါတယ်။

Hermes Birkin bag by Ginza Tanaka - $1.4 million

Hermes Birkin bag by Ginza Tanaka min

ဒီအိတ်ကို ဂျပန် designer Ginza Tanaka မှဒီဇိုင်းဆွဲခဲ့တာဖြစ်ပါတယ်။ ပလက်တီနမ် ကိုအဓိကထားပြီး ဖန်တီးထားပြီး အိတ်ရဲ့အပြင်ဘက်မျက်နှာပြင်မှာ စိန်အလုံး 2000 ကိုအသုံးပြုပြီး အလှဆင်ထားပါတယ်။ 8 ကာရက်ရှိတဲ့ Pear-Shaped စိန်တစ်လုံးကို အလည်မှာ တပ်ဆင်ထားပြီး ရင်ထိုးအဖြစ်ပါ ဖြုတ်ပြီးတပ်ဆင်လို့ရအောင် ဒီဇိုင်းပြုလုပ်ထားတယ်လို့သိရပါတယ်။

Hermes Chaine d’Ancre bag - $1.4 million

Hermes Chaine dAncre bag min

Hermes Chaine d’Ancre လို့ခေါ်တဲ့အတိုင်းပဲ သူ့ပုံစံကတော့ ထောင်တွေမှာ အသုံးပြုတဲ့ ချိန်းကြိုးအကြီးစားကြီးတွေ၊ ကျောက်ဆူးချတဲ့အခါသုံးတဲ့ သံကြိုးအကြီးစားကြီးတွေကို လုံးထွေးထားတဲ့ပုံစံနဲ့ ဒီဇိုင်းဖန်တီးထားပါတယ်။ စိန်အလုံးရေ 1,160 လုံးပါဝင်ပါတယ်။

ဂျင်းဖက်ရှင်ကို ကြိုက်နှစ်သက်တဲ့သူတွေအနေနဲ့ ရှိထားသင့်တဲ့ ဂျင်းအဝတ်အထည်များ

Lana Marks Cleopatra Clutch - $400,000

Lana Marks Cleopatra Clutch min

ဒီအိတ်ကတော့ ပရိသတ်တော်တော်များများရဲ့အသည်းစွဲအိတ်ဖြစ်ပြီး Celebrity တော်တော်များများဟာ Red Carpet ပွဲတွေမှာ အလှပြထုတ်ကိုင်တတ်ကြတယ်လို့ဆိုပါတယ်။ ဒီအိတ်ကို အမေရိကန် မိကျောင်းခေါင်းတိုသားရေနဲ့ပြုလုပ်ထားပြီး စိန်ဖြူအလုံး 1600 ပါဝင်ပြီး စိန်စုစုပေါင်းကတော့ 40 ကာရက်ရှိတယ်လို့သိရပါတယ်။ နာမည်ကျော် တရုတ် သရုပ်ဆောင်ဖြစ်တဲ့ Li BingBing ဟာဆိုရင် သူမရဲ့ပွဲတက်ဝတ်စုံနဲ့လိုက်ဖက်အောင်လို့ အိတ်မှာ ပန်းရောင်စိန်နဲ့ ရွှေကိုအသုံးပြုပြီး သူမရဲ့နာမည်ကို အိတ်အပေါ်မှာရေးထိုးခဲ့တယ်လို့လည်းသိရပါတယ်။

 

Source:moda

Read 1589 times
Rate this item
(2 votes)