What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဂျင်းဖက်ရှင်ကို ကြိုက်နှစ်သက်တဲ့သူတွေအနေနဲ့ ရှိထားသင့်တဲ့ ဂျင်းအဝတ်အထည်များ

ဂျင်းဘောင်းဘီ၊ ဂျင်းအင်္ကျီတွေဟာ ၁၉ ရာစုတုန်းက စတင်ပေါ်ပေါက်လာတဲ့ အ၀တ်အထည်တွေဖြစ်ပြီး ယနေ့အချိန်အထိ ဖက်ရှင်နဲ့ပတ်သက်ရင် အရေးပါနေဆဲပါ။ ဂျင်းဖက်ရှင်ဆိုတာ လွတ်လပ်ပေါ့ပါးပြီး ၊ သက်တောင့်သက်သာရှိသလောက် classic လည်း ဖြစ်နိုင်တယ်ဆိုတာ လူတိုင်းလက်ခံတယ်မဟုတ်လား။ ဒါကြောင့် ဖက်ရှင်ကျတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ချင်သူတိုင်း ဂျင်းနဲ့ပတ်သက်လို့ ဒီ ၆ မျိုးကို ရှိဖို့ လိုအပ်တယ်နော်။

(၁) ဂျင်းဘောင်းဘီရှည်

skinny jean min

Skinny jeans တွေကို မိန်းကလေးရော ယောကျာ်းလေးတွေပါ နှစ်နှစ်ခြိုက်ခြိုက်ဝတ်ကြပြီး လူကို အလွန်စမတ်ကျစေတဲ့ ဖက်ရှင်အမျိုးအစားပါ။ ပြီးတော့ နွေရာသီရောက်ပြီဆိုတာနဲ့ ဂျင်းဘောင်းဘီအရောင်ဖျော့ဖျော့လေးတွေကို ပုံစံအမျိုးမျိုးဖြဲဝတ်ပြီးတော့ ဂေါ်ခဲ့ဖူးကြတယ်မဟုတ်လား။ အောက်အကား ဂျင်းဘောင်းဘီတွေအပါအ၀င် ဂျင်းဘောင်းဘီရှည်တွေ အားလုံးက ဘာနဲ့တွဲဝတ်ဝတ်မိုက်နေတာမို့ ဖက်ရှင်ကျချင်ရင် ဂျင်းဘောင်းဘီရှည်တစ်ထည်တော့ ရှိသင့်ပါတယ်။

(၂) ဂျင်းစကတ်

mini jean skirt min

အရောင်မျိုးစုံနဲ့ ထုတ်လုပ်လာကြတဲ့ ချစ်စရာဂျင်းစကတ်လေးတွေကလည်း ပျိုမေတို့အတွက် မရှိမဖြစ်ပါပဲ။ ဂျင်းစကတ်လေးတွေက crop top ၊ T shirt ဘာနဲ့ဝတ်ဝတ်ချစ်ဖို့ကောင်းနေမှာမို့ အဖြူရောင်၊ အပြာဖျော့ဖျော့နဲ့ နက်ပြာရောင် ဂျင်းစကတ်လေး တစ်ထည်လောက်တော့ ၀ယ်ထားမှ လန်းနိုင်မယ်နော်။

(၃) ဂျင်းဂါဝန်

mini jean dress min

ဂျင်းဖက်ရှင်လည်းဖြစ်ချင်တယ်။ မိန်းမဆန်ဆန်လေးလည်း လှချင်တယ်ဆိုရင်တော့ ဂျင်းဂါဝန်ကို ရွေးတာ အကောင်းဆုံးပါပဲ။ ခါးပတ်လေးနဲ့ပဲ တွဲဝတ်ဝတ်၊ အပေါ်ထပ်၊ ရှပ်အင်္ကျီအရှည်တွေနဲ့ပဲ တွဲဝတ်ဝတ် ဖက်ရှင်ကျနေ လှနေမှာမို့ ဂျင်းဂါဝန်ကလည်း ရှိကိုရှိရမှာပါပဲ။

(၄) ဂျင်းဘောင်းဘီတို

short pant min

အလွန့်အလွန် hot ပြီး ချစ်စရာကောင်းတာကတော့ ဂျင်းဘောင်းဘီိတိုလေးတွေပါပဲ။ ဂျင်းဘောင်းဘီတိုလေးတွေက ကြိုးသိုင်းဖိနပ်နဲ့ အလိုက်ဖက်ဆုံးဖြစ်ပြီး ၊ အကွက်ရှပ်အင်္ကျီ ၊ ပြောင်ရှပ်အင်္ကျီတို့နဲ့ တွဲဝတ်ပြီး converse sneakers လေးတွေ စီးမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။

(၅) ဂျင်းဂျက်ကတ်နဲ့ စွပ်ကျယ်လက်ပြတ်

jean jacket min

စွပ်ကျယ်လက်ပြတ်ဝတ်ပြီး အပေါ်က ဂျင်းဂျက်ကတ်ကို ထပ်ဝတ်လိုက်မယ်ဆိုရင်တော့ ရိုးရိုးလေးနဲ့ မိုက်သွားပါပြီ။ တခြားထွေထွေထူးထူး ထပ်ဆင်စရာမလိုတော့ဘဲ လေဒီဆန်တဲ့ အိတ်တစ်လုံးလောက် ကိုင်သွားရင် ပြီးပြည့်စုံတဲ့ဖက်ရှင်ဖြစ်သွားပြီပေါ့။

စတိုင်ကျစေမယ့် Trendy Outfit များ

(၆) ဂျင်းရှပ်

jean shirt min

ဂျင်းရှပ်တွေက ဆိုဒ်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးရှိပါတယ်။ တကယ်လို့ ဂျင်းရှပ်တစ်ထည်လောက် ၀ယ်ဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ ယောကျာ်းလေးဝတ် ဂျင်းရှပ်ကို ၀ယ်ပါလို့ အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ယောကျာ်းလေးဝတ် ဂျင်းရှပ်တစ်ထည်ရှိရင် စကတ်၊ ဘောင်းဘီ ကိုယ်ကြိုက်တာနဲ့တွဲဝတ်လို့ရပြီး အသားကပ်ဘောင်းဘီနဲ့တောင် ၀တ်လို့ရတာမို့ပါ။ ပြီးတော့ ဘာနဲ့မဆို လိုက်ဖက်ချင်တယ်ဆိုရင် မိုးပြာရောင်အဖျော့ကို ရွေးချယ်ပါ။

 

Source:aunty may

Read 1428 times
Rate this item
(1 Vote)