What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပြန်လည်ခေတ်စားလာတဲ့ 90s trend Y ဆွဲကြိုးများ

90s Trend တဲ့လား။ သီချင်းတွေမှာလည်း နိုင်တီး၊ ရုပ်ရှင်လည်း နိုင်တီး၊ ဖက်ရှင်တွေလည်း နိုင်တီး ၊ အကုန်လုံးက 90s တွေဖြစ်လာပြီး အခု Jewelry တွေပါမကျန် နိုင်တီးစတိုင်တွေ ပြန်လည် ခေတ်စားလာပြီလို့ဆိုရမှာပေါ့။

အဲဒီလိုတွေ ပြန်လည်ခေတ်စားလာချိန်မှာတော့ 90s Jewelry တွေဟာ ရှေ့နှစ်တုန်းက မိန်းကလေးတွေရဲ့ လည်တိုင်မှာ နေရာယူခဲ့တဲ့ Choker ကို မောင်းထုတ်လိုက်ပြီလို့ ဆိုရမှာပေါ့။ အခုမိတ်ဆက်ပေးချင်တဲ့ 90s စတိုင် Jewelry ကတော့ Y လည်ဆွဲလေးတွေဖြစ်ပါတယ်။ အဲဒီ လည်ဆွဲလေးတွေကတော့ တခြား Accessory တွေ၊ Jewelry တွေနဲ့ ပုံစံ တွဲဖက်ရင်လည်း အရမ်းကို လိုက်ဖက်သလို တခြားဟာတွေနဲ့ mix & match လုပ်ရတာလည်း အရမ်းလွယ်ကူပါတယ်။ အဲဒီဆွဲကြိုးလေးတွေဟာ ၉၀ ခုနှစ်နှောင်းပိုင်း ကာလတွေနဲ့ ၂၀၀၀ ခုနှစ်အစောပိုင်းကာလတွေမှာ ခေတ်စားခဲ့ပြီး အခုချိန်မှာတော့ ကိုယ်တွေရဲ့ လည်တိုင်ကျော့ကျော့လေးတွေနဲ့ ရင်ဘတ်လှလှလေးတွေပေါ်မှာ နေရာယူနေကြပါပြီ။ ကဲ.. အောက်မှာ ပြထားတဲ့ ပုံတွေကို ကြည့်ပြီး အဲဒီဆွဲကြိုးလေးတွေရဲ့ ပုံစံလေးတွေကို ရှာဖွေလေ့လာလိုက်ရအောင်။

1 min

2 min

3 min

4 min

တစ်ခေတ်တစ်ခါက ဖက်ရှင်တွေကို ပြန်လည်ဆန်းသစ်ပြီး ဝတ်ဆင်လာကြတဲ့ အနုပညာရှင်တွေ

5 min

6 min

7 min

8 min

9 min

11 min

12 min

14 min

  

Source:moda

Read 1703 times
Rate this item
(1 Vote)