What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုရီးယားဖက်ရှင်မှာ ခေတ်စားနေတဲ့ အရောင် ၅ ရောင်

တစ်ခါလာလည်း အဖြူ၊ တစ်ခါလာလည်း အမည်းနဲ့ ဗီရိုကြည့်ပြီး စိတ်ညစ်ပါနဲ့တော့.

. ဒီတစ်ခါတော့ ဒီနေ့ခေတ်မှာ အတော်ကြီး ရေပန်းစားလာတဲ့ အရောင်တွေကို ပြောပြပေးမယ်။

၁။ အဝါရောင်တောက်တောက်

မျက်စိထဲထင်းခနဲဖြစ်နေတဲ့အရောင်မို့လို့ လူကြားသူကြားသွားရင် ဘယ်လိုနေနေ တစ်မူထူးနေမဲ့အရောင်မျိုးပါ..။ အခုတလော ဒီအရောင်ကို တော်တော်များများက အဖြူ ဒါမှမဟုတ် အနက်နဲ့ တွဲဖက်ဝတ်ကြတာ တွေ့ရတယ်။

042362869c359abb5184b71b84b0b001 australia street styles

၂။ အပြာခပ်နုနုရောင်

လတ်တလောရေပန်းစားနေတဲ့အရောင်ထဲမှာ အပြာနုရောင်လည်းပါပါတယ်။ တကယ်က အပြာနုနုလေးက ဘယ်အချိန်ကြည့်ကြည့် ရင်ထဲအေးစေပါတယ်။ တခြား အရောင်နုလေးတွေနဲ့လည်း တွဲဖက်ဝတ်ဆင်ရင်လည်း တစ်မျိုး အမြင်ဆန်းစေမယ့် အရောင်ပေါ့။

f8e1da1171398cdcf72abe67d29818ec

၃။ ပန်းနုရောင်
ပန်းနုရောက်ကတော့ မိန်းကလေးတွေကြား လူကြိုက်များပြီးသား အရောင်ပါ။ အပေါ်က အပြာနုရောင်လိုမျိုး သူတို့လိုခပ်ဖျော့ဖျော့အရောင်လေးတွေက ပေါ့ပေါ့ပါးပါးသွားစရာ လာစရာရှိတဲ့အခါ နှစ်ခါစဉ်းစားစရာမလိုပဲ ဝတ်သွားလို့ရတာမျိုးပါ။ ဂါဝန်ပဲဝတ်ဝတ်၊ ဘောင်းဘီတို့ စကတ်တို့နဲ့ ဝတ်ဝတ် လိုက်ဖက်ပါတယ်။ အတိုလေးတွေနဲ့ဝတ်ရင်လည်း တစ်ရောင်တည်းခြေအိတ်လှလှလေးတွေ၊ မဟုတ်ရင်လည်း အဖြူရောင် ခြေအိတ်လေးတွေနဲ့ပါ တွဲဝတ်ရင် ပိုလှတာပေါ့နော်။

IMG 2920

၎။ အညိုရောင်

ဒီအရောင်ကတော့ နည်းနည်းလူငယ်ပိုင်းနဲ့ ပိုလိုက်မလားမသိဘူး.. ဒါပေမဲ့ အလုပ်ခွင်မှာဆိုရင်လည်း အပေါ်က အဖြူနဲ့ အောက်ကအညိုတွဲဝတ်လို့လည်း ရတာပဲလေနော့်။ မဟုတ်ရင်လည်း အညိုရောင်နုနုအင်္ကျီတွေဆိုရင် တခြားအရောင်တွေနဲ့ တွဲဝတ်ရင်လည်း အဆင်ပြေတာပဲ.. ဒါပေမဲ့ တွဲဝတ်တဲ့နောက်တစ်ရောင်က အရမ်းကြီး မတောက်စေနဲ့ပေါ့…

db32b706a5cf6fec615585ed07a7334d

၅။ အစိမ်းရောင်

 အစိမ်းပုပ်ရောင်နဲ့ အဝါရောင်ရောထားတဲ့ အရောင်မျိုးပါ.. ဒီအရောင်ကတော့ အဖြူနဲ့တွဲဝတ်တာထက် အနက်နဲ့ တွဲဝတ်တာက ပိုကောင်းမယ်လို့ ထင်ပါတယ်.. အပေါ်မှာ ပြောခဲ့တဲ့ တခြားအရောင်တွေဆိုရင်တော့ အဖြူနဲ့က ပိုအဆင်ပြေမလားမသိဘူး။

D0093 new women s fashion Dark green linen long dress Size XS 5XL Drop shipping support

လောလောဆယ်က အနက်ရောင်က ခေတ်ကုန်နေပြီလို့တောင် ပြောလို့ရတယ်ဆိုတော့ အဖြူလေးက အသစ်အဆန်းဖြစ်စေမှာပါ..

source:for her myanmar

Read 1372 times
Rate this item
(0 votes)