What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အဖြူရောင်အဝတ်အစားတွေကို ဖြူဖွေးသန့်စင်အောင်လို့ လျှော်ဖွတ်တဲ့အခါ ထည့်ရမယ့် ပစ္စည်း(၂)မျိုး

အဖြူရောင်အဝတ်အစားတွေကို ဖြူဖွေးသန့်စင်အောင်လို့ လျှော်ဖွတ်တဲ့အခါ ထည့်ရမယ့် ပစ္စည်း(၂)မျိုး google

အဖြူရောင်ဆိုတာ သန့်ရှင်းပြီး တောက်ပနေမှ လှပတာပါ။ အဖြူရောင်ဝတ်ပြီး မဲညစ်ညစ်ကြီးရှိနေရင် ကြည့်လို့မလှသလို၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုလည်း လျော့နည်းစေပါတယ်နော်။

ခုဖော်ပြပေးမှာကတော့ အဖြူရောင်အဝတ်အစားတွေကို ဖြူဖွေးသန့်နေအောင် အဝတ်လျှော်တဲ့အခါ ထည့်ရမယ့် ပစ္စည်းနှစ်မျိုးပဲဖြစ်ပါတယ်။

(၁) မုန့်ဖုတ်ဆိုဒါ

baking soda min

မုန့်ဖုတ်ဆိုဒါဟာ အစွန်းချွတ်ရာမှာ အရမ်းအစွမ်းထက်တဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ အဝတ်လျှော်တဲ့အခါ ရေထဲကို မုန့်ဖုတ်ဆိုဒါ အနည်းငယ်ရောပြီး သင့်ရဲ့ အဖြူရောင်အဝတ်အထည်တွေကို (၁၅) မိနစ်လောက်စိမ်ထားလိုက်ပါ။ ပြီးရင်တော့ ပုံမှန်အတိုင်း ပြန်လျှော်ပေးလိုက်ရုံနဲ့ ဖြူဖွေးသန့်တဲ့ အဝတ်အစားတွေကို ရရှိမှာပါ။

ဆွဲဆောင်မှုကျဆင်းစေတာကြောင့် စွန့်လွှတ် ချန်ရစ်သင့်ပြီဖြစ်တဲ့ ဖက်ရှင်တွေ

(၂) သံပုယိုနဲ့ရှာလကာရည်

vinegar and lemon min

သံပုယိုနဲ့ ရှာလကာရည်အရောဟာ အစွန်းတွေကို ချွတ်ပေးတဲ့အပြင် အဖြူရောင် အဝတ်အထည်တွေ ကို ဖွေးသန့်နေစေပါတယ်။ သံပုယိုနဲ့ ရှာလကာရည်ကို ဆတူရောစပ်ပြီး အဖြူရောင် အဝတ်အစားတွေကို လျှော်ဖွပ်လိုက်ပါ။ ဖွေးသန့်နေတဲ့ အဖြူရောင် အဝတ်အထည်တွေ ရရှိမှာဖြစ်ပါတယ်။

 

Source:aunty may

Read 1450 times
Rate this item
(1 Vote)