What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အတုထုတ္တဲ့ အစစ္ေတြ

(zaw+uni) နယူးေယာက္ၿမိဳ႕ တ႐ုတ္တန္း ဘေရာ့ဒ္ေဝးနဲ႔ ကင္နယ္ လမ္းေထာင့္မွာ ဖြင့္ထားတဲ့ဆုိင္မွာ ႐ုိလက္စ္နာရီအတုေတြ၊

Louis Vuitton အိတ္နဲ႔ ဆင္တူယုိးမွား အိတ္ေတြ ေရာင္းတယ္။ တန္းလန္းခ်ိတ္ျပထားတဲ့ တီရွပ္ အထူအပါး အမ်ဳိးမ်ဳိးမွာ တံဆိပ္က “Deisel’’ လုိ႔ ေဖာ္ျပထားတယ္။ ေသေသခ်ာခ်ာ မဖတ္ရင္ အီတလီမွ ထိပ္တန္းဖက္ရွင္လုပ္ငန္း brand ျဖစ္တဲ့ Diesel လုိ႔ပဲ ဖတ္မိလိမ့္မယ္။ ဆုိင္မွာ ေရာင္းခ်တဲ့ပစၥည္းေတြက ေဈးသက္သာတာေတြခ်ည္းပဲ။ အတုေတြဆုိေတာ့ အတုေဈးနဲ႔ပဲ ေရာင္းတယ္။

အဲဒီ အတုျပႆနာက ဤအရာကား တားဆီး၍ မရပါ ျဖစ္ေနေတာ့ အစစ္ထုတ္လုပ္သူေတြက မဟာဗ်ဴဟာသစ္တစ္ခုကုိ ခင္းက်င္းၾကတယ္။ ဆင္တူ႐ုိးမွား ျဖစ္ေနၿပီး ေဈးကလည္း အစစ္ထက္ သက္သာေနေပမဲ့ အတုမဟုတ္တဲ့ ပစၥည္းအစစ္ေတြကုိ ေဈးကြက္ထဲ ထုိးထည့္ေပးၾကတယ္။

အတုေတြ၊ တုပထုတ္လုပ္ထားတာေတြ အုံနဲ႔က်င္းနဲ႔ ေဈးကြက္ထဲမွာ ေနရာယူထားၾကတယ္။ အမ်ားစုရဲ႕ ပင္ရင္းထုတ္လုပ္ရာႏုိင္ငံက တ႐ုတ္ျပည္ ျဖစ္ပါတယ္။ လမ္းေဘးဆုိင္ငယ္ေတြမွာ ရႏုိင္တဲ့အျပင္ ဝက္ဘ္ဆုိက္ေတြမွာလည္း မွာယူလုိ႔ရတယ္။ ျဖန္႔ျဖဴးတဲ့ ကြန္ရက္က က်ယ္ျပန္႔တယ္။ အစစ္ေတြ ဥပေဒေၾကာင္းအရ အျမတ္ျပတ္ေအာင္ ျဖတ္လုိ႔ မရႏုိင္ဘူး။

လက္ေတြ႕အရွိတရားကုိ အစစ္ ထုတ္သူေတြ အသိအမွတ္ျပဳၾကၿပီး မဟာဗ်ဴဟာအသစ္ကုိ ခင္းက်င္းၾကတယ္။ Diesel က ကင္နယ္လမ္းေထာင့္မွာ ဆုိင္ငယ္တစ္ခု ဖြင့္ၿပီး ၎ကုိယ္တုိင္ ထုတ္လုပ္တဲ့ Diesel ဆင္တူ႐ုိးမွား ဖက္ရွင္ထည္ေတြကုိ အတုေဈးနဲ႔ ေရာင္းတယ္။

Diesel ကုိ ထူေထာင္သူ Renzo Rosso က ‘‘ဆင္တူ႐ုိးမွား ထုတ္ကုန္ေတြ ကမၻာတစ္လႊား ေနရာအနွံ႔မွာ အမ်ားအျပား ရွိေနတယ္။ အဲဒီ ျပႆနာ ရွိေနတဲ့အထဲမွာ ကၽြန္ေတာ္လုိ႔ ဘာလုိ႔ ဝင္မကစားဘဲ ေနၾကရမွာလဲ။ ဒီေတာ့ ကၽြန္ေတာ္တုိ႔ အတုထုတ္ကုန္ေတြ ဖန္တီးတယ္။ နာမည္အတု ဆင္တူ႐ုိးမွားကုိ ေပးတယ္။ အတုေရာင္းတဲ့ဆုိင္ေတြ ရွိတဲ့ေနရာမွာ ကၽြန္ေတာ္တုိ႔ ဆုိင္ဖြင့္တယ္’’ လုိ႔ ေျပာျပတယ္။
Diesel ရဲ႕ ထုတ္ကုန္ေတြကုိ တုပထားတဲ့ အတုေတြ၊ ဆင္တူ႐ုိးမွားေတြ ႏွစ္စဥ္ သန္းခ်ီတဲ့ အေရအတြက္ျဖင့္ ထုတ္လုပ္ေရာင္းခ်ေနၾကတဲ့ ေရစီးေၾကာင္းထဲကုိ Diesel ကုိယ္တုိင္ ဝင္ေရာက္စီးေမ်ာလုိက္တာ ျဖစ္ပါတယ္။
နယူးေယာက္ဖက္ရွင္ပြဲေတာ္ က်င္းပေနတဲ့ရက္ေတြမွာ Diesel ရဲ႕ ဆုိင္မွာ ေရာင္းအား ေကာင္းေနခဲ့တယ္။ ပြဲေတာ္ကုိလာရင္း အစစ္ေတြ ေဈးႀကီးလုိ႔ မဝယ္တ့ဲသူေတြ အတုဆုိင္ေတြမွာ အားေပးၾကတာ Diesel ရဲ႕ ဆုိင္မွာတင္ ရာဂဏန္းရွိတယ္။ ဝက္ဘ္ဆုိက္မွာလည္း မွာၾကားဝယ္ယူသူေတြ မ်ားျပားခဲ့တယ္။
‘‘အခုလုိ ဝယ္ၾကသူေတြဟာ အတုေတြကုိ ဝယ္ဖုိ႔ လာၾကတယ္။ ဆုိင္မွာ ေရာင္းေနတာေတြက ေဈးသက္သာေပမဲ့ သူတုိ႔ ထင္သလုိ အတုေတြ မဟုတ္ဘူးဆုိတာ သိသြားၾကေတာ့ ဝယ္လုိက္ၾကတာ မ်ားတယ္’’ လုိ႔ Renzo Rosso က ေျပာျပတယ္။
တကယ္ေတာ့ Renzo Rosso ရဲ႕ Diesel က အခုလုိ အတုဆုိင္ဖြင့္တာ ပထမဆုံး မဟုတ္ပါဘူး။ ၂ဝ၁၆ ခုႏွစ္ ေဖေဖာ္ဝါရီလတုန္းက Gucci က အတုဆုိင္ ဖြင့္ခဲ့ဖူးတယ္။
၂ဝ၁၇ ခုႏွစ္ ေႏြရာသီမွာ Valentino က မေမွ်ာ္လင့္တာကုိ ေမွ်ာ္လင့္ျခင္း ဆုိတဲ့ မွတ္တမ္းတင္ ဗီဒီယုိကားတုိကုိ ထုတ္လုပ္ျပသခဲ့တယ္။ လန္ဒန္ၿမိဳ႕မွ လမ္းသြားလမ္းလာေတြက Valentino အိတ္ အတုေတြလုိ႔ ထင္ထားတဲ့ အိတ္ေတြကုိ ေဈးသက္သက္သာသာျဖင့္ ဝယ္ယူၾကတယ္။ ေနာက္ေတာ့မွ သူတုိ႔ ဝယ္တာ အစစ္ေတြမွန္း သိၾကတယ္။

အတုေတြကုိ တုိက္ပြဲဆင္တာမွာ အစစ္ေတြက ဆင္တူ႐ုိးမွားေတြ ထုတ္တဲ့အျပင္ အစစ္ ထုတ္ကုန္ေတြကုိ အကန္႔အသတ္နဲ႔ ထုတ္တယ္။

ဒီဇုိင္နာကုိယ္တုိင္ လုပ္ေပးထားတာေတြ ျဖစ္ၿပီး အေရအတြက္ကုိ အကန္႔အသတ္နဲ႔သာ ထုတ္လုပ္တယ္။ တန္းျမင့္ ဖက္ရွင္တုိက္ေတြဟာ ေဈးႀကီးတဲ့ ထုတ္ကုန္ေတြအေပၚမွာ အဓိကတည္မွီထားတာျဖစ္ေတာ့ ေဈးသက္သာတဲ့ အတုေတြ မ်ားမ်ားစားစား ထုတ္လုိ႔ မရႏုိင္ဘူး။ ဒီေတာ့ အေရအတြက္ နည္းနည္းပဲ ထုတ္ၿပီး ေဈးကုိ ျမင့္ျမင့္တင္ထားတယ္။ မ်က္လုံးျပဴးသြားရတဲ့ ေဈးမ်ဳိးအထိ ေဈးတင္တာေတြလည္း ရွိတယ္။ ဥပမာ Gucci ရဲ႕တီရွပ္ တစ္ထည္ကုိ ကန္ေဒၚလာ ၅ဝဝ ေက်ာ္ျဖင့္ ေရာင္းတယ္။

Unicode

အတုထုတ်တဲ့ အစစ်တွေ
==============
(zaw+uni) နယူးယောက်မြို့ တရုတ်တန်း ဘရော့ဒ်ဝေးနဲ့ ကင်နယ် လမ်းထောင့်မှာ ဖွင့်ထားတဲ့ဆိုင်မှာ ရိုလက်စ်နာရီအတုတွေ၊ Louis Vuitton အိတ်နဲ့ ဆင်တူယိုးမှား အိတ်တွေ ရောင်းတယ်။ တန်းလန်းချိတ်ပြထားတဲ့ တီရှပ် အထူအပါး အမျိုးမျိုးမှာ တံဆိပ်က “Deisel’’ လို့ ဖော်ပြထားတယ်။ သေသေချာချာ မဖတ်ရင် အီတလီမှ ထိပ်တန်းဖက်ရှင်လုပ်ငန်း brand ဖြစ်တဲ့ Diesel လို့ပဲ ဖတ်မိလိမ့်မယ်။ ဆိုင်မှာ ရောင်းချတဲ့ပစ္စည်းတွေက ဈေးသက်သာတာတွေချည်းပဲ။ အတုတွေဆိုတော့ အတုဈေးနဲ့ပဲ ရောင်းတယ်။

အဲဒီ အတုပြဿနာက ဤအရာကား တားဆီး၍ မရပါ ဖြစ်နေတော့ အစစ်ထုတ်လုပ်သူတွေက မဟာဗျူဟာသစ်တစ်ခုကို ခင်းကျင်းကြတယ်။ ဆင်တူရိုးမှား ဖြစ်နပြေီး ဈေးကလည်း အစစ်ထက် သက်သာနေပေမဲ့ အတုမဟုတ်တဲ့ ပစ္စည်းအစစ်တွေကို ဈေးကွက်ထဲ ထိုးထည့်ပေးကြတယ်။

အတုတွေ၊ တုပထုတ်လုပ်ထားတာတွေ အုံနဲ့ကျင်းနဲ့ ဈေးကွက်ထဲမှာ နေရာယူထားကြတယ်။ အများစုရဲ့ ပင်ရင်းထုတ်လုပ်ရာနိုင်ငံက တရုတ်ပြည် ဖြစ်ပါတယ်။ လမ်းဘေးဆိုင်ငယ်တွေမှာ ရနိုင်တဲ့အပြင် ဝက်ဘ်ဆိုက်တွေမှာလည်း မှာယူလို့ရတယ်။ ဖြန့်ဖြူးတဲ့ ကွန်ရက်က ကျယ်ပြန့်တယ်။ အစစ်တွေ ဥပဒေကြောင်းအရ အမြတ်ပြတ်အောင် ဖြတ်လို့ မရနိုင်ဘူး။

လက်တွေ့အရှိတရားကို အစစ် ထုတ်သူတွေ အသိအမှတ်ပြုကြပြီး မဟာဗျူဟာအသစ်ကို ခင်းကျင်းကြတယ်။ Diesel က ကင်နယ်လမ်းထောင့်မှာ ဆိုင်ငယ်တစ်ခု ဖွင့်ပြီး၎င်းကိုယ်တိုင် ထုတ်လုပ်တဲ့ Diesel ဆင်တူရိုးမှား ဖက်ရှင်ထည်တွေကို အတုဈေးနဲ့ ရောင်းတယ်။

Diesel ကို ထူထောင်သူ Renzo Rosso က ‘‘ဆင်တူရိုးမှား ထုတ်ကုန်တွေ ကမ္ဘာတစ်လွှား နေရာအနှံ့မှာ အများအပြား ရှိနေတယ်။ အဲဒီ ပြဿနာ ရှိနေတဲ့အထဲမှာ ကျွန်တော်လို့ ဘာလို့ ဝင်မကစားဘဲ နကြေရမှာလဲ။ ဒီတော့ ကျွန်တော်တို့ အတုထုတ်ကုန်တွေ ဖန်တီးတယ်။ နာမည်အတု ဆင်တူရိုးမှားကို ပေးတယ်။ အတုရောင်းတဲ့ဆိုင်တွေ ရှိတဲ့နေရာမှာ ကျွန်တော်တို့ ဆိုင်ဖွင့်တယ်’’ လို့ ပြောပြတယ်။
Diesel ရဲ့ ထုတ်ကုန်တွေကို တုပထားတဲ့ အတုတွေ၊ ဆင်တူရိုးမှားတွေ နှစ်စဉ် သန်းချီတဲ့ အရေအတွက်ဖြင့် ထုတ်လုပ်ရောင်းချနကြေတဲ့ ရေစီးကြောင်းထဲကို Diesel ကိုယ်တိုင် ဝင်ရောက်စီးမျောလိုက်တာ ဖြစ်ပါတယ်။
နယူးယောက်ဖက်ရှင်ပွဲတော် ကျင်းပနေတဲ့ရက်တွေမှာ Diesel ရဲ့ ဆိုင်မှာ ရောင်းအား ကောင်းနေခဲ့တယ်။ ပွဲတော်ကိုလာရင်း အစစ်တွေ ဈေးကြီးလို့ မဝယ်တဲ့သူတွေ အတုဆိုင်တွေမှာ အားပေးကြတာ Diesel ရဲ့ ဆိုင်မှာတင် ရာဂဏန်းရှိတယ်။ ဝက်ဘ်ဆိုက်မှာလည်း မှာကြားဝယ်ယူသူတွေ များပြားခဲ့တယ်။
‘‘အခုလို ဝယ်ကြသူတွေဟာ အတုတွေကို ဝယ်ဖို့ လာကြတယ်။ ဆိုင်မှာ ရောင်းနေတာတွေက ဈေးသက်သာပေမဲ့ သူတို့ ထင်သလို အတုတွေ မဟုတ်ဘူးဆိုတာ သိသွားကြတော့ ဝယ်လိုက်ကြတာ များတယ်’’ လို့ Renzo Rosso က ပြောပြတယ်။
တကယ်တော့ Renzo Rosso ရဲ့ Diesel က အခုလို အတုဆိုင်ဖွင့်တာ ပထမဆုံး မဟုတ်ပါဘူး။ ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလတုန်းက Gucci က အတုဆိုင် ဖွင့်ခဲ့ဖူးတယ်။
၂ဝ၁၇ ခုနှစ် နွေရာသီမှာ Valentino က မမျှော်လင့်တာကို မျှော်လင့်ခြင်း ဆိုတဲ့ မှတ်တမ်းတင် ဗီဒီယိုကားတိုကို ထုတ်လုပ်ပြသခဲ့တယ်။ လန်ဒန်မြို့မှ လမ်းသွားလမ်းလာတွေက Valentino အိတ် အတုတွေလို့ ထင်ထားတဲ့ အိတ်တွေကို ဈေးသက်သက်သာသာဖြင့် ဝယ်ယူကြတယ်။ နောက်တော့မှ သူတို့ ဝယ်တာ အစစ်တွေမှန်း သိကြတယ်။

အတုတွေကို တိုက်ပွဲဆင်တာမှာ အစစ်တွေက ဆင်တူရိုးမှားတွေ ထုတ်တဲ့အပြင် အစစ် ထုတ်ကုန်တွေကို အကန့်အသတ်နဲ့ ထုတ်တယ်။

ဒီဇိုင်နာကိုယ်တိုင် လုပ်ပေးထားတာတွေ ဖြစ်ပြီး အရေအတွက်ကို အကန့်အသတ်နဲ့သာ ထုတ်လုပ်တယ်။ တန်းမြင့် ဖက်ရှင်တိုက်တွေဟာ ဈေးကြီးတဲ့ ထုတ်ကုန်တွေအပေါ်မှာ အဓိကတည်မှီထားတာဖြစ်တော့ ဈေးသက်သာတဲ့ အတုတွေ များများစားစား ထုတ်လို့ မရနိုင်ဘူး။ ဒီတော့ အရေအတွက် နည်းနည်းပဲ ထုတ်ပြီး ဈေးကို မြင့်မြင့်တင်ထားတယ်။ မျက်လုံးပြူးသွားရတဲ့ ဈေးမျိုးအထိ ဈေးတင်တာတွေလည်း ရှိတယ်။ ဥပမာ Gucci ရဲ့တီရှပ် တစ်ထည်ကို ကန်ဒေါ်လာ ၅ဝဝ ကျော်ဖြင့် ရောင်းတယ်။

Read 1001 times
Rate this item
(0 votes)