What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကမ်းခြေသွားတဲ့အခါ ယူသွားရမယ့် ဖက်ရှင်ပစ္စည်းလေးတွေ

လတ်တလော Facebook ပေါ်က သူငယ်ချင်းတွေ၊ မိတ်ဆွေတွေအားလုံး

ပင်လယ်ကမ်းခြေဘက်ကို ခရီးတွေ ထွက်ဖြစ်နေကြတာကို တွေ့ရပါတယ်။ ခရီးသွားတဲ့အခါ သန့်ရှင်းတဲ့ လေ ကောင်းလေသန့်၊ လတ်ဆတ်တဲ့ ပင် လယ်စာ၊ မျက်စိ တစ်ဆုံး ကျယ်ပြော လှတဲ့ပင်လယ်နဲ့မို့ ကမ်းခြေကို သွားတာ လောက် အပန်းပြေတာမရှိပါဘူး။ ကမ်းခြေကို ရောက်တဲ့အခါ စိတ်လက်အ ပန်းဖြေနိုင်ဖို့နဲ့ ဓာတ်ပုံ မှတ်တမ်းတင်ကြ တဲ့အခါ ဖက်ရှင်ကျ လှပနေဖို့လည်း အရေးကြီးတယ် မဟုတ်လား။ ဒါကြောင့် ၂၀၁၈ ထဲမှာ ကမ်းခြေသွားတော့မယ်ဆို မဖြစ်မနေ ယူသွားရမယ့် ဖက်ရှင်ပစ္စည်း ၇ မျိုးကို တင်ဆက်ပေးလိုက်ပါတယ်။

#Swinsuit 

ကမ်းခြေသွားတယ်ဆိုကတည်းက ရေကူးဝတ်စုံယူရမှာ သိတာပေါ့လို့ အပြောမစောပါနဲ့ဦးနော်။ မော်ဒယ်တွေ နဲ့ အနုပညာရှင်တွေက လွဲပြီး ဒီက မိန်းကလေးတော်တော်များများ Two Piece တွေသိပ်မဝတ်ကြတာ ကျွန်မတို့ သတိထားမိပါတယ်။ ရေကူးတဲ့အခါ သက်တောင့်သက်သာဖြစ်အောင် ဝတ်ရတာဖြစ်တဲ့အတွက် မိန်းကလေး အများစုကို ရှက်မနေသင့်တော့ဘူးလို့ ပြောချင်ပါတယ်။ ၂၀၁၈ အတွက် အကြံ ပေးရရင်တော့ Two Piece တွေ၊ Bikini တွေထက် ဥညန One Piece လှလှ လေးတွေကို ရွေးချယ်ပါ။ အပွင့်နဲ့ အရောင်တွေရောစပ်ထားတာတွေထက် အဖြူ၊ အနီ၊ အနက်စတဲ့အရောင်တွေကို ရွေးပါ။ အရိုးဆုံးက အဆန်းဆုံးပါပဲ။

#Sundress
ကမ်းခြေမှာ ဓာတ်ပုံထွက်ရိုက်တာ ဖြစ်ဖြစ်၊ ရေကူးဝတ်စုံပေါ် ထပ်ပြီး ဝတ်တာဖြစ်ဖြစ် အရမ်းကို လှနေစေမှာ Sundress တွေပါပဲ။ အပေါ်က ထပ်ဝတ်ဖို့ အောက်နားမှာ အမွေးတွေနဲ့ ဒိတ်အောက်နေတဲ့ ဝတ်ရုံရှည်တွေကို လုံးဝ မရွေးချယ်ပါနဲ့။ ရေကူးတော့မယ့် အချိန် အလွယ်တကူ ချွတ်လို့ရတဲ့ ဂါဝန် တိုအပွင့်လေးတွေ၊ အစင်းလေးတွေနဲ့ အဖြူရောင်ဗြောင်ဂါဝန်လေးတွေက သင့်ကို အလှဆုံးဖြစ်စေမယ့်အရာတွေ ဖြစ်ပါတယ်။ အဓိက အဖြူရောင်ဂါဝန် ပါးလေးတစ်ထည်နဲ့ ဂါဝန်အပွင့်လေး တစ်ထည်ဆို လုံလောက်နေပါပြီ။

#Beach_Tops
ကမ်းခြေအတွက် အကောင်းဆုံး အင်္ကျီလေးတွေကတော့Off-Shoulder ပွပွလေးတွေ၊ ခါးတို Tank Tops တွေကို ယူဖြစ်အောင် ယူပြီး အရောင် လွင်လေးတွေ၊ အပွင့်လေးတွေက ကမ်းခြေ Theme နဲ့လိုက်ဖက်မယ့် ရွေးချယ်မှုပါပဲ။ သူနဲ့တွဲဖက်ရမယ့် ဂျင်းန်ဘောင်းဘီတိုလေးတစ်ထည် ထည့်သွားဖို့လည်း မမေ့နဲ့နော်။

#Beach_Totes
သဲသောင်ပြင်ပေါ်မှာ တာဝါလေး ခင်းပြီး နေပူစာလှုံမယ်၊ စာအုပ်ဖတ်မယ် ပြီးရင် ရေထဲဆင်းမယ်ဆိုတဲ့ ပျိုမေတို့ အတွက် ဖုန်း၊ မျက်မှန်၊ှကညခမနော စတာတွေထည့်ဖို့ Totes လှလှလေး တစ်ခုကိုလည်း ယူသွားရမှာပါ။ ဒါမှ ဟိုတယ်အခန်းထဲက ထွက်တဲ့အခါ ဟိုပစ္စည်းကျန်၊ ဒီပစ္စည်းကျန်လည်း မဖြစ်ဘူး၊ ဖက်ရှင်လည်း ကျနေမှာပေါ့။

#Flip_Flops
ကမ်းခြေရဲ့ သဲသောင်ပြင်ပေါ်မှာ ခြေဗလာနဲ့ လျှောက်ဖို့ဆိုတာ တော်ရုံ သတ္တိနဲ့တော့ မရပါဘူး။ ဖိနပ်ထဲ သဲဝင်တဲ့ကိစ္စကလည်း အတော်လေး ကသိကအောက်ဖြစ်တာမို့ ခြေညှပ်ဖိနပ် တစ်ရန်လည်း လိုမယ်နော်။ ဟိုတယ်က ပေးတဲ့ခြေညှပ်ဖိနပ်တွေက ပုံဆိုးပန်းဆိုး တွေမို့ သင့်ရဲ့ဖက်ရှင်ကိုလည်း ပုံပျက် စေနိုင်တဲ့အတွက် အလွယ်တကူ ရေဆေးလို့ရတဲ့ ကိုယ့်စိတ်ကြိုက် ကွင်းထိုးဖိနပ်ဖြစ်ဖြစ်၊ ကြိုးသိုင်းဖိနပ်နဲ့ ခြေညှပ်ဖိနပ်လေးဖြစ်ဖြစ် သယ်သွားဖို့ လုံးဝ မမေ့ပါနဲ့။

#Sun_Hats 
အသားမည်းမှာ စိုးရိမ်တဲ့ပျိုမေတို့ရေ ဦးထုပ်က အဓိက အရေးကြီးဆုံးအရာ ပါပဲနော်။ ကမ်းခြေမှာ ဆောင်းရတဲ့ ဦးထုပ်ကားကားတွေက စလို့ ချစ်စရာ ကောင်းပြီး အရောင်လွင်လွင်နဲ့ Baseball Caps လေးတွေလည်း ထည့်သွားပါနော်။

#Sunglasses 
နေကာမျက်မှန်ကတော့ မျက်လုံးကျန်းမာရေးအတွက်ရော ဖက်ရှင်ကျဖို့ အတွက်ပါ အထောက်အကူပြုတာမို့ သူကလည်း ကမ်းခြေနေ့ရက်တွေ အတွက် မရှိမဖြစ်ပါပဲ။ ရောင်ပြန်ပါတဲ့ မျက်မှန်တွေ၊ ကိုင်းလှလှမျက်မှန်တွေနဲ့ အခုနောက်ပိုင်းခေတ်စားနေတဲ့ ကြောင်တောင်တောင် မျက်မှန်တွေက ကမ်းခြေနဲ့အသင့်တော်ဆုံးပေါ့။

source:now

Read 1178 times
Rate this item
(0 votes)