What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စမတ်ကျကျနဲ့ အလန်းစား ၀တ်ဆင်နိုင်မယ့် အမျိုးသားဝတ်နာရီ iMCO watch

စမတ်ကျကျနဲ့ အလန်းစား ၀တ်ဆင်နိုင်မယ့် အမျိုးသားဝတ်နာရီ iMCO watch google.com

Amazon ရဲ့ Alexa အသံအကူစနစ်ပါစမတ်နာရီတမျိုးဖြစ်တဲ့ ကိုအိန္ဒိယမှာရောင်းချနေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီလကတည်းကကမ္ဘာပထမဆုံး အသံအကူစနစ်ပါစမတ်နာရီကိုမိတ်ဆက်ခဲ့တဲ့cowatch ဟာအိန္ဒိယဈေးကွက်အတွက်ငွေရောင်နဲ့ ကာဗွန်မည်းရောင်ဆိုပြီး ကာလာနှစ်မျိုးနဲ့ထုတ်ခဲ့ပါတယ်။

 

စတီးကိုယ်ထည်နဲ့ iMCO watch ဟာ440×400 pixel AMOLED display ပါစမတ်နာရီဖြစ်ပြီး CPU မြန်နှုန်းအနေနဲ့ 1.2GHz dual-core ရှိတဲ့ processor ကိုသုံးထားပါတယ်။

 

RAM1GB/onboard storage 8GBပါရှိတာကြောင့် အကောင်းဆုံးစမတ်နာရီတလုံး အဖြစ်အသုံးပြုနိုင်မှာပါ။ Alexa Assistant ကို သုံးမယ်ဆိုရင်တော့ display ပေါ်မှာတွေ့ရတဲ့ Alexa icon ပုံသရဖူသဏန်လေးကိုနှိပ်ပြီးအသံနဲ့ ခိုင်းစေရမှာပါ။

 

ဒီစမတ်နာရီဟာ Android ဗားရှင်း5.0နဲ့အထက် စမတ်ဖုန်းများ iSO ဗားရှင်း 9.0နဲ့အထက် iphone များကို ချိတ်ဆက်သုံးလို့ရမှာပါ။

 

ဒီနာရီဟာ Amazon ရဲ့ voice assistant ဖြစ်တဲ့Alexa ကိုသုံးထားတာဖြစ်လို့ ရာသီဥတုကိုသိချင်လို့ဘဲဖြစ်ဖြစ်ဒီassistant လေးကို မေးမြန်းရမှာပါ။

 

ဒါ့အပြင်ဒီစမတ်နာရီကို ၀တ်ဆင်ထားခြင်းဖြင့် မိမိအိမ်ကိုလည်းလှမ်းပြီးထိန်းချုပ်နိုင်ပါသေးတယ်။

 

ရေစိုခြင်းနှင့် ဖုန်ဝင်ခြင်းတွေကို အကောင်းဆုံးကာကွယ်ထားတာကြောင့် ၀တ်ဆင်သူအမျိုးသားတွေအကြိုက်တွေ့စေမှာပါ။

 

ဒီနာရီမှာသုံးထားတဲ့ ဘက်ထရီကတော့ တခါအားသွင်းတာနဲ့၃၂နာရီအားခံတဲ့ ဘက်ထရီကိုသုံးထားပါတယ်။

 

အိန္ဒိယဈေးကွက်ထဲမှာတော့ ဒီစမတ်နာရီကို ရူပီ၁၄၉၉၀နဲ့ ရောင်းချပေးနေပါတယ်။

Read 892 times
Rate this item
(1 Vote)