What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Black Panther baju koko

Black Panther ရုပ်ရှင်က ပေါက်သွားတယ်။ စူပါဟီးရိုးတစ်ယောက်ကို ပင်တိုင်လုပ်ပြီး ဇာတ်ဆင်ထားတဲ့ကား။ ရုပ်ရှင်က စူပါဝင်ငွေ ရရှိနေတယ်။ အခုအထိ ကန်ဒေါ်လာ သန်း ၇၀၀ သဲ့ယူထားပြီးပြီ။


အာဖရိကသား အာဖရိကသူတွေကို အဓိကနေရာမှာ သုံးထားတယ်။ သူတို့ဝတ်တဲ့ မင်းခမ်းမင်းနား အ၀တ်အစားတွေကို လူကြိုက်များတယ်။

အဓိက ဇာတ်ရုပ် တီချဲလာT’Challa က ဇာတ်ဝင်ခန်းတစ်ခုမှာ ၀တ်ထားတဲ့ ကုတ်အင်္ကျီက နိုင်ဂျီးယီးယားစတိုင်လ် ပန်းအလှထိုးထားတာ အတော်ခန့်ညားတယ်။ အဲဒီပန်းအလှဒီဇိုင်းကို ထုတ်ပေးခဲ့သူက အော်စကာ အ၀တ်အစားဒီဇိုင်းနာအတွက် ဆု ဆန်ကာတင်စာရင်းမှာ ၂ ကြိမ်ပါဖူးတဲ့ ရို အီး ကာတာ Ruth E. Carter ဖြစ်ပါတယ်။ 
အဲဒီ ကုတ်အင်္ကျီက ရိုးရားအ၀တ်အစား ဘာဂျူ ကိုကိုbaju kokoနဲ့ ဆင်ဆင်တူတယ်။ ဘာဂျူကိုကိုရဲ့ မူရင်းမူလက တရုတ်ရိုးရာအင်္ကျီကနေ ဆင်းသက်လာတယ်။ မူစလင်တွေက အခမ်းအနားတွေမှာ ၀တ်တဲ့ ၀တ်စုံအဖြစ် ဆင်မြန်းကြတယ်။ အထူးသဖြင့် သောကြာနေ့ ၀တ်ပြုတဲ့အခါ ၀တ်ဆင်ကြတယ်။ 
အခုတော့ Black Panther baju koko ဆိုပြီး ဖက်ရှင်ပေါ်ထွက်လာတယ်။ ရေပန်းစားတယ်။ အင်ဒိုနီးရှားနိုင်ငံအထိ ကူးစက်လာတယ်။ အွန်လိုင်းဆိုင်နဲ့ မြေပြင်လက်လီအထည်ဆိုင်တွေမှာ ရောင်းအားကောင်းနေတယ်။
ဂျာကာတာမြို့ရဲ့ အ၀တ်အထည်ဆိုင်တွေ တည်ရှိရာ Tanah Abang မှာ ဆိုင်ဖွင့်ထားတဲ့ စူစီရဲ့ ဆိုင်ကိုလည်း အဲဒီ အပေါ်အင်္ကျိတွေ ရောက်လာလို့ ဆိုင်မှာ တင်ပြီး ရောင်းတယ်။ ရောင်းကောင်းတာ သတိထားမိတယ်။ လာဝယ်တဲ့သူတစ်ယောက်က ပြောပြမှ အဲဒါ Black Panther baju koko မှန် စူစီ သိတယ်။
''ကျမက အရင်လိုပဲ baju koko တွေ ပို့လိုက်တယ်ပဲ ထင်ထားတာ။ အခုမှ ရုပ်ရှင်ထဲက လာတဲ့ baju koko မှန်း သိတော့တယ်'' လို့ ပြောပြပါတယ်။ ရုပ်ရှင်ကို သူမကြည့်ရသေးဘူး။ ပိုစတာလည်း မမြင်ဖူးဘူး။ ဓာတ်ပုံတွေလည်း မမြင်ဖူးဘူး။ သူ့လိုပဲ လာဝယ်တဲ့သူတွေကလည်း ရုပ်ရှင် မကြည့်ကြရသေးဘူး။ အင်တာနက်မှာ ဓာတ်ပုံမြင်ပြီး သဘောကျကြတယ်။ Tanah Abang က အထည်ဆိုင်တွေမှာ ရတယ်ဆိုတာ တစ်ယောက်စကား တစ်ယောက်က ကြားပြီး လာဝယ်ကြတယ်။

Black Panther ရုပ်ရှင်ထဲကလို ပန်းအလှထိုးထားတဲ့ဒီဇိုင်းဖြင့် baju koko ကို ခါတော်မီ ထုတ်လုပ်ရောင်းချကြတာမှာ ဒီဇိုင်းနဲ့ အထည်သားအပေါ် မူတည်ပြီး ဈေးကွာခြားတယ်။ ကန်ဒေါ်လာ ၁၀ သာသာကနေ ၂၀ ၀န်းကျင်အထိ အစားစားရှိတယ်လို့ စတားအွန်လိုင်း သတင်းဝက်ဘ်ပေ့ခ်ျမှာ ဖော်ပြထားပါတယ်။

Read 800 times
Rate this item
(0 votes)