What's new

×

Warning

JUser: :_load: Unable to load user with ID: 845


နွေရာသီဖက်ရှင် (သို့) ဒီနှစ်နွေရာသီအတွက် မရှိမဖြစ်အရာများ

 နွေရာသီအတွက် ချစ်တို့ ဗီဒိုထဲမှာ ဘာတွေ ရှိသင့်တယ်ဆိုတဲ့ အကြောင်းလေး ရေးပေး ချင်ပါတယ်နော်။

အပူဒဏ်မြင့်လာတာကြောင့် အရင်ဝတ်နေကျ ကာလာအရင့်တွေ အနက် ရောင်လို ကာလာမျိုးတွေထက်စာရင် အပူ မစုပ်တဲ့ အဖြူရောင်ကို ပိုရွေးချယ်သင့်တယ် ဆိုတဲ့ အခြေခံအချက်လေးတွေတော့ ချစ်တို့ သိထားပြီး ဖြစ်မှာပါ။ အဲ့ဒီအချက်လေးတွေကို အခြေခံပြီး ရာသီဥတုနဲ့လည်း ကိုက်ညီ၊ ဒီမှာ ဝတ်လို့လည်း အဆင်ပြေ၊ ဖက်ရှင်လည်းကျ မယ့် ဒီဇိုင်းလေးတွေ ရွေးချယ်ပေးချင်ပါတယ်။

( ၁) အဖြူ နဲ့ ဂျင်း
ဘယ်တော့မှ ရိုးမသွားပဲ ဝတ်လိုက်တာနဲ့ အသားဖြူဖြူ ညိုညို အမြဲရှင်းသန့်တဲ့ look မျိုး ပေးစွမ်းနိုင်တာကတော့ အဖြူနဲ့ ဂျင်း တွဲဖက်မှု ပါပဲနော်။ အပေါ်က အဖြူကို ရှပ်ရိုးရိုးပဲ ရွေးမလား၊ ruffle ဒီဇိုင်း အတွန့်အထပ်လေး တွေပဲ ရွေးမလား၊ tee အဖြူ အသန့်လေးနဲ့ ပဲ jean နဲ့တွဲမလား။ အားလုံးအိုခေပါတယ်။ ဒါဟာ summer look အတိအကျပါပဲ။

28576985 1560186100768124 8850019296440685239 n

(၂) floral ဒီဇိုင်းများ
ကိုယ့်မျက်စိထဲ အေးမယ် ထင်တဲ့ အရောင်မျိုး ဘာမဆို ရွေးပါ။ အဝါ အပြာနု အစိမ်း စတဲ့ အရောင်တွေဟာ လတ်တလော ခေတ်စားနေ တဲ့ ကာလာတွေပါပဲ။ သူတို့ပါတဲ့ အပွင့် အခက် floral နဲ့ ဒီဇိုင်းထုတ်ထားတဲ့ စကတ် အကျီ maxi.ဒီဇိုင်း dress ဘာမဆို ဒီရာသီနဲ့ လိုက်ပါတယ်နော်။ ဟာဝိုင်ရီရှပ်လေးတွေက လည်း ခုလိုချိန် ရွေးချယ်သက့်တာတွေပါပဲ။

28471303 1560186150768119 895339555989812465 n

(၃)ခေတ်စားနေဆဲ A-line စကတ်တွေ
ဒူး မရောက်တရော A line စကတ်မျိုးတွေ၊tight စကတ်လို့ လူသိများတဲ့ ဂျင်းစကတ် အကျပ်လေးတွေ၊ ရှေ့ကြယ်သီးတပ် ဂျင်းစကတ်လေးတွေကလည်း အပေါ်က crop topနဲ့ ဝတ်ဝတ် shoulder off နဲ့ဝတ်ဝတ်။ ရိုးရိုး ရှပ်အကျီလေးတွေနဲ့ ဝတ်ဝတ် မိုက်ပါ တယ်နော်။

28279022 1560186224101445 4510759729118243010 n

(၄)မတိုမရှည် dress အမျိုးမျိုး
အပေါ်အောက် တွဲစပ်ရတာ သိပ်စိတ်မရှည် တဲ့ ပျိုမေတွေအတွက်ကတော့ shirt dress၊ tank dress စတာလေးတွေ အလွယ်တကူ ဝတ်ဆင်နိုင်ပါပြီ။ အသားကတော့ ချည်သား စပို့ရှပ်အပါးသား အစုံလာတာမို့ ကိုယ့်စိတ် ကြိုက် ရွေးချယ်ရုံပေါ့။

28576600 1560186284101439 5403964972191194812 n

(၅) မျက်မှန် ဦးထုပ်
နွေရာသီ ရောက်ပြီဟေ့ ဆိုတာနဲ့ ဘယ်သွား သွား ဆောင်သွား ဝတ်ဆင်သွားသင့်တဲ့ အရာတွေထဲမှာ မျက်မှန် နဲ့ ဦးထုပ်က ထိပ်ဆုံးက ပါပါတယ်နော်။ ဒါလေးတွေကို လည်း essential ထဲ ထည့်ထားလိုက်ပါ။

28472128 1560186350768099 5131643156989462754 n

ရေးပေးလိုက်တဲ့ အရာလေးတွေရှိနေပြီဆို အားလုံးပြည့်စုံပြီနော်။ အရေးကြီးတာက ကိုယ်ဝတ်မယ့် အကျီသားက အေးပြီး နေလို့ ကောင်းမယ်၊ အပူမစုပ်ပဲ ကျန်းမာရေးနဲ့ ညီညွတ်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ ရှင်။

Read 1291 times
Rate this item
(0 votes)